တရုတ်မှာ စံချိန်တင် ရေကြီးမှု လုရှန် ဗုဒ္ဓရုပ်ပွားတော်ရဲ့ ခြေတော် အထိရေတက်

လုရှန် ဗုဒ္ဓရုပ်ပွားတော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

တရုတ်နိုင်ငံမှာ မိုးကြီး ရေလျှံမှုကြောင့် ၁၉၄၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အဲဒီက ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးတဆူရဲ့ ခြေဖျားတော်အထိ ရေတွေတက်လာခဲ့ပါတယ်။

ယူနက်စကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ၇၁ မီတာ အမြင့်ရှိတဲ့ ဒီရုပ်ပွားတော်ကြီးကို အေဒီ ၈ ရာစုဝန်းကျင်က စီချွမ် ပြည်နယ် ချန်ဒူးမြို့အနီးက ကျောက်ဆောင်နံရံတခုကို ထွင်းထု ပူဇော်ခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်ပွားတုတော်ကြီးဟာ ပုံမှန်အားဖြင့်သူ့ဘေးမှာ ဖြတ်စီးနေတဲ့ ယန်စီမြစ် ရေမျက်နှာပြင်ရဲ့ အတော်မြင့်မြင့်မှာ ရှိပေမယ့် အခုတော့ အဲဒီဒေသမှာ နှစ် ၇၀ အတွင်း အဆိုးဆုံး မိုးကြီးရေလွှမ်းမှုနဲ့ ကြုံနေရတာပါ။

လူပေါင်း ၁၀၀,၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒီရုပ်ပွားတော်ကြီးဟာ ခရီးသွား ဧည့်သည်တွေ အင်မတန် စိတ်ဝင်စားတဲ့ နေရာတခုဖြစ်ပြီး ယန်စီ မြစ်ကြောတလျှောက် အပျော်စီး သင်္ဘောနဲ့ ခရီးသွားတွေ အများအပြားလာရောက်တတ်တဲ့ နေရာလည်းဖြစ်ပါတယ်။

ရေမြင့်တက်လာလို့ အဲဒီနေရာကနေ ခရီးသွား ဧည့်သည် ၁၈၀ ကို ကယ်ထုတ်ခဲ့ရတယ်လို့ အစိုးရ သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

ပုံမှန်အားမြင့် ရေမျက်နှာပြင် အထက်ပိုင်းမှာ တည်ရှိတဲ့ ရုပ်ပွားတော်ကြီးကို ဖေဖော်ဝါရီလတုန်းက တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုံမှန်အားမြင့် ရေမျက်နှာပြင် အထက်ပိုင်းမှာ တည်ရှိတဲ့ ရုပ်ပွားတော်ကြီးကို ဖေဖော်ဝါရီလတုန်းက တွေ့ရစဉ်
လှေစီးပြီး ရောက်လာကြတဲ့ ဘုရာဖူးဧည့်သည်တွေ ရုပ်ပွားတော်ကြီးရဲ့ ခြေတော်ကို အမွှေးတိုင်တွေနဲ့ ပူဇော်နေစဉ်၊

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လှေစီးပြီး ရောက်လာကြတဲ့ ဘုရာဖူးဧည့်သည်တွေ ရုပ်ပွားတော်ကြီးရဲ့ ခြေတော်ကို အမွှေးတိုင်တွေနဲ့ ပူဇော်နေစဉ်၊
ရုပ်ပွားတော်ရဲ့ ခြေတွေကို ၁၉၄၉ ခုနှစ်မှာ နောက်ဆုံးအကြိမ် ရေထိခဲ့တာဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုပ်ပွားတော်ရဲ့ ခြေတွေကို ၁၉၄၉ ခုနှစ်မှာ နောက်ဆုံးအကြိမ် ရေထိခဲ့တာဖြစ်
ပြီးခဲ့တဲ့ အပတ်မှာတော့ ရုပ်ပွားတော်ကြီးရဲ့ ခြေတော်နားထိ ရေရောက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ အပတ်မှာတော့ ရုပ်ပွားတော်ကြီးရဲ့ ခြေတော်နားထိ ရေရောက်ခဲ့

ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ခြေတော် ရေစိုစွတ်ပြီဆိုရင် လူဦးရေ ၁၆ သန်းရှိတဲ့ ချန်ဒူးမြို့လည်း ရေကြီးတော့မယ်ဆိုတဲ့ ဒေသအယူတခုလည်း ရှိတယ်လို့ ဆင်ဟွာ အစိုးရ သတင်းအေဂျင်စီက ဆိုပါတယ်။

စီချွမ်ပြည်နယ်မှာ သီတင်းပတ်တွေနဲ့ချီ မိုးကြီးမှုကြောင့် ရေမျက်နှာပြင် မြင့်တက်မှု စံချိန်တင် အနေအထားထိ ရောက်ခဲ့ပြီးတဲ့နောက် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုတွေ အမြင့်ဆုံး အနေအထားထိ လုပ်ဆောင်ခဲ့ကြရပါတယ်။ မိုးကြီးရေလျှံမှုတွေ မကြာခင် အဆုံးသတ်တော့မယ်ဆိုတဲ့ အရိပ်အယောင်လည်း မတွေ့ရသေးပါဘူး။

အန္တရာယ်ရှိတဲ့ နေရာတွေက လူတွေကို ကယ်ဆယ်ရေးသမားတွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေး၊

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အန္တရာယ်ရှိတဲ့ နေရာတွေက လူတွေကို ကယ်ဆယ်ရေးသမားတွေက ဘေးလွတ်ရာကို ရွှေ့ပြောင်းပေး၊

ယန်စီမြစ်၊ မြစ်ဝါမြစ်၊ ဟိုင်မြစ်၊ ဆုန်ဟွာမြစ် နဲ့ လျောင် မြစ်တွေ အနီးအနားက ပြည်နယ်တွေမှာလည်း မြေပြိုမှုတွေ ရှိလာနိုင်တဲ့အတွက်လူတွေနိုးနိုးကြားကြားရှိကြဖို့ သတိပေးထားပါတယ်။

ချုံချင်းမြို့မှာ ဒီနှစ်နွေရာသီတုန်းကလည်း ရေကြီးမှုတွေ ကြုံခဲ့ရ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချုံချင်းမြို့မှာ ဒီနှစ်နွေရာသီတုန်းကလည်း ရေကြီးမှုတွေ ကြုံခဲ့ရ။

ယန်စီမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတခုဖြစ်တဲ့ မြစ်ကျဥ်းသုံးသွယ်ဆည် ရေကာတာကြီး နောက်မှာ ရေအများအပြား တနေ့တခြား ပိုပို ရောက်လာနေတယ်လို့ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

အဓိက အချက်အချာကျတဲ့ ချုံချင်း မြို့ ကြီးအပါအဝင် ယန်စီမြစ် မြစ်ညာဒေသတွေမှာလည်း အကြီးအကျယ် ရေကြီးမှုတွေ ရှိလာနိုင်တယ်လို့ ရေအရင်းအမြစ် ဝန်ကြီးဌာနက သတိပေးထားပါတယ်။