ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နအဖကို အခြေခံ ဥပဒေက ဖယ်ထုတ်ရေး လွှတ်တော်မှာ ပြင်မရဖြစ်
မတ်လ ၁၆ရက် နဲ့ ၁၇ ရက်နေ့တွေက ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ပုဒ်မတွေအားလုံး မဲခွဲ အတည်ပြုရာမှာ ထောက်ခံမဲ ၆၀ ရာခိုင်နှုန်းကျော်သာရပြီး အားလုံး ရှုံးနိမ့်သွားပါတယ်။
အဲဒီထဲမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအာဏာတည်ပြီးနောက် ပထမအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံဖြိုးရေးကောင်စီ (န အ ဖ) က ခေါ်ယူကျင်းပရမည် လို့ ဖော်ပြထားတဲ့ ပုဒ်မ ၁၂၄ က ဟာ ထောက်ခံမဲ ၆၃ ရာခိုင်နှုန်းကျော်ပဲ ရခဲ့တဲ့ အတွက်မူလ အတိုင်းထားဖို့ ကိုပဲ လွှတ်တော်က ဆုံးဖြတ်ခဲ့တာပါ။
မတ်လ၁၆ ရက်ကစတဲ့ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းတွေဟာ ၄၃၆ (ခ )နဲ့ ပြင်ဆင်တာဖြစ်ပြီး ပြည်လုံးကျွှတ် ဆန္ဒခံယူပွဲ ကျင်းပဖို့ မလိုပဲ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းက ထောက်ခံ ရင် ပြင်လို့ ရတဲ့ အချက်တွေပါ။
ဒါပေမယ့် ရွေးကောက်ခံ အမတ်အားလုံးရဲ့ထောက်ခံမှု ၇၅ ရာခိုင်နှုန်း ကိုတောင် မရခဲ့ဘဲ ၆၀ ရာခိုင်နှုန်းသာ ရတဲ့ အပေါ် တပ်မတော် သားကိုယ်စားလှယ် ကလွှတ်တော်အပြီး မှာ ပြန်လည်ဝေဖန်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီ ပုဒ်မ ၁၂၄ ( က) အချက်ကို ပယ်ဖျက်ဖို့ အဆိုပြုခဲ့တာဖြစ်ပြီး တော့ မတ်လ ၁၆ ရက်နေ့ က မဲခွဲရာမှာ လိုအပ် တဲ့ထောက်ခံမဲ မရ ခဲ့လို့ မူလ အတိုင်းထားဖို့ ပဲ အတည်ပြုနိုင်ခဲ့ပါတယ်။
အားလုံးမူ လ အတိုင်းထားဖို့ မူလ ယိမ်းတိုက်နေ သလား မပြောတက်ပါဘူး၊ အင်မတန် အံ့အားသင့်ပါတယ်၊အံ့အားသင့်ပါတယ်၊ ဆိုတဲ့ စကားမှတပါး ပြောစရာမရှိတော့ပါဘူးလို့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ တာဝန်ယူခဲ့သူ ဒေါက်တာမြတ်ဉာဏစိုးက သတင်းထောက်တွေကို ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေအာဏာတည်ပြီးနောက် ဆိုတဲ့ စာသားပါဝင်နေပြီး အဲဒါကို ပယ်ဖျက်လိုက်ရင် ဖွဲ့စည်းပုံအခြေခံ တည်ရှိမှုကို နှောင့်ယှက်လာနိုင်တဲ့ အတွက် ကန့်ကွတ်ရတာပါ၊ဒါကြောင့် ပုဒ်မ ၁၂၄ က ကို မူလအတိုင်းထားဖို့ တပ်မတော်ဘက်က သဘောထားခဲ့ရတယ် လို့ လည်း တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှူးချုပ် မောင်မောင်က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ပုဒ်မတွေ ကို မတ်လ ၁၆ ရက်နေ့ ကစပြီး ၄၃၆ ခ နဲ့ ပြင်ဆင်ရေး မဲခွဲ အတည်ပြုနေတာဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်ဖြစ်ပြီးနောက် ပထမအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည် လို့ ဖော်ပြထား တဲ့ ပုဒ်မ ၁၂၄ က ကို လိုအပ်တဲ့ ထောက်ခံ မဲ မရခဲ့တာဟာ အခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ် နောက်ကျခဲ့တာနဲ့၊ အမျိုးသားရင်ကြားစေ့ရေးကို အောင်မြင်အောင်မလုပ်နိုင်ခဲ့လို့ ဖြစ်တယ် လို့လည်း ရခိုင်အမျိုးသားပါတီ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေ ကပြောပါတယ်။
တိုင်းရင်းသားပါတီတွေက သူတို့ပြင်ဆင်ချင်တဲ့ပုဒ်မတွေ တင်ပြခဲ့ပေမယ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သူတို့ ပြင်ဆင်ချင်တာကို ပဲ ဦးစားပေးခဲ့တဲ့အတွက် ဘယ်ပုဒ်မ ကို ဘယ်လို ပြင်ဆင်ကြမလဲဆိုတဲ့ ပထမအဆင့် အမျိုးသားရင်ကြားစေ့ရေးမှာ ကို မအောင်မြင်ခဲ့တာလို့ သူကပြောပါတယ်။
အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်ဒီ တင်ပြချက်တွေဟာ ကျန်တဲ့ပြင်ဆင်ရေးတွေမှာလည်း ၇၅ ရာခိုင်နှုန်းကျော်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊အမျိုးသားရင်ကြားစေ့ရေး မရဘဲလုပ်နေတဲ့ ကိစ္စတွေဟာ အချိန်ကုန်လူပန်းပြီးနိုင်ငံနစ်နာတယ်လို့ လည်း သူကပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၆၅၄ ဦးရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကို တွက်ကြည့်လိုက်ရင် လွှတ်တော်အမတ် ၄၉၁ ဦးကျော် (၄၉၂) ဦးဖြစ်ပါတယ်။
အဲဒီထဲမှာ ရွေးကောက်ခံ လွှတ်တော်အမတ်က စုစုပေါင်း ၄၈၈ ဦးရှိပြီး (အန်အယ်ဒီ ၃၈၀ ခန့်ကြံခိုင်ရေး ၄၀ ခန့် ရှမ်းရခိုင်နဲ့ အခြားပါတီများ က ၆၈ ) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး ရှိပါတယ်။ ရွေးကောက်ခံ အမတ် ၄၈၈ ဦးထဲမှာ အန်အယ်လ်ဒီက အမတ်ဦးရေ စုစုပေါင်း ၃၉၀ ခန့်ရှိပြီး အဓိက အင်အားစု အမတ်အရေအတွက်ကို ရထားပါတယ်။
ဒီဥပဒေကြမ်းပုဒ်မတွေကို မဲခွဲတဲ့ ပထမဆုံးနေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၃၈၃ ဦး တက်ရောက်ခဲ့တာပါ။ ဒါပေမယ့် ပုဒ်မ ၄၀ (ဂ) အရေးပေါ် အခြေအနေမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို လိုအပ်သလို ဦးဆောင်ပြီး အခြေခံဥပဒေအတိုင်း လုပ်ဖို့ ပြဌာန်းချက် ပြင်ဆင်ရေးကို ထောက်ခံတဲ့ မဲက ၃၄၃ မဲပဲ ရှိခဲ့တယ်လို့ လွှတ်တော်နာယက ပြောကြားချက်အရ သိခဲ့ရပါတယ်။ ဒါကြောင့် အရေးပေါ်အခြေအနေမှာ တပ်ချုပ်က ဦးဆောင်မှာကို လက်ခံတဲ့ အန်အယ်ဒီအမတ်တွေ ရှိကောင်း ရှိနေပြီလားလို့ တောင်မေးစရာ ဖြစ်ခဲ့ပါတယ်။
တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က တော့ ရွေးကောက်ခံ ကိုယ်စားလှယ် ၄၈၈ ဦးစလုံးရဲ့ ထောက်ခံမဲ ကို အာဏာရပါတီဟာ ဥပဒေကြမ်းမဲခွဲ ရာမှာမရခဲ့ ကြောင်းသတင်းထောက်တွေကိုပြောသွားခဲ့ပါတယ်။