Super Tuesday အမေရိကန် ဒီမိုကရက်ပါတီ ရွေးကာက်ပွဲ ဒု သမ္မတဟောင်း ဂျိုးဘိုင်ဒန် အသာစီးရ

ဗီဒီယို ပုံစာ, ဒီမိုကရက် သမ္မတလောင်း ဘယ်သူ ဖြစ်မလဲ
ရေးသားခဲ့သည်။

မတ်လ ၃ ရက်နေ့က အမေရိကန် နိုင်ငံမှာကျင်းပ ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ ရဲ့ သမ္မတ လောင်း ရွေးကောက်ပွဲ Super Tuesday Primary မှာတော့ ဒုတိယ သမ္မတ ဟောင်း ဂျိုးဘိုင်ဒန် က ပြည်နယ် အတော်များများ မှာ အနိုင်ရခဲ့ပါတယ်။

ပြည်နယ် ၁၄ ခုမှာ လုပ်တဲ့ Primary ရွေးကောက်ပွဲတွေမှာ ဂျိုးဘိုင်ဒန် က ပြည်နယ် ၉ ခုမှာ အနိုင် ရရှိခဲ့တာပါ။ လက်ယာ ဝါဒီ ဆီနိတ်တာ ဘာနီ ဆန်းဒါး ကတော့ ပြည်နယ် ၄ခု မှာ သာ အနိုင် ရရှိခဲ့ပါတယ်။

သမ္မတ အိုဘာမား လက်ထက် က ဒုတိယ သမ္မတ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သူ ဂျိုးဘိုင်ဒန် ဟာ ဒီမိုကရက် ပါတီဝင်ဟောင်းတွေ နဲ့ အာဖရိကန် အမေရိကန် တွေရဲ့ ထောက်ခံမဲ အများစု ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Primary ရွေးကောက်ပွဲတွေ မကျင်းပ ခင် ပြီးခဲ့တဲ့ ရက်ပိုင်း တွေတုန်း က ဂျိုးဘိုင်ဒန် ဟာ ဒီမိုကရက်ပါတီ ရဲ့ သမ္မတလောင်း ဖြစ်ဖို့ ရေပန်း စားခဲ့ခြင်း မရှိပေမယ့် Super Tuesday မှာ အံ့အားသင့်ဖွယ် အနိုင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Super Tuesday map
ဓာတ်ပုံ ပုံစာ, မဲရရှိမှု အနေအထား
Biden poses with crowd selfies

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒုတိယ သမ္မတဟောင်း ဂျိုးဘိုင်ဒန် က ဒီမိုကရက်ပါတီ အတွက် သမ္မတလောင်းလား

နယူးယောက် မြို့တော်ဝန်ဟောင်း ဖြစ်တဲ့ သူဌေးကြီး မိုက်ကယ် ဘလွန်းဘတ် ကတော့ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဒေါ်လာ သန်း ၅၀၀ လောက် အသုံးပြုခဲ့ပေမယ့် အနိုင် ရရှိခဲ့ခြင်း မရှိပါဘူး။

ဆီးနိတ် အမတ် အဲလိဇဘတ် ဟာလည်း သူ့ရဲ့ ပြည်နယ် မက်ဆာ ချူးဆက်မှာ မှာ ဂျိုးဘိုင်ဒန် ကို အပြတ်အသက် ရှုံးနိမ့် ခဲ့ရပါတယ်။

သမ္မတလောင်း ဖြစ်မယ့် သူတွေ ဟာ ဒီမိုကရက် ပါတီ ကိုယ်စားလှယ် တွေရဲ့ မဲ စုစုပေါင်း ၁၉၉၁ မဲ ရရှိဖို့ လိုအပ်တာ ဖြစ်ပါတယ်။

Super Tuesday ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း အဖြစ် ဝင်ရွေးခံမယ့် လူတွေ အတွက် မဲ ပေးရွေးချယ် ခဲ့ရာမှာ မစ္စတာ ဘိုင်ဒန် က ကယ်လိုဖိုးနီးယားမှာ ၄၀၂ မဲ ရခဲ့ပြီး၊ မစ္စတာ ဆန်းဒါးစ် က ၃၁၄ မဲရခဲ့ပါတယ်။

ဂျိုးဘိုင်ဒန် ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေဟာ လူကြိုက်များမှု မရှိဘူး ဆိုပြီး လေ့လာသူတွေက သုံးသပ် ထားခဲ့တာပါ။ ဒါပေမယ့် အဓိက ပြည်နယ် တွေ ဖြစ်တဲ့ မက်ဆာချူးဆက်၊ မင်နီဆိုတာ နဲ့ အိုကလာဟိုးမား တို့မှာ သူက အသာစီး ရခဲ့ပါတယ်။

အသက် ၇၈ နှစ် အရွယ် ဆီးနိတ် အမတ် ဘာနီ ဆန်းဒါးစ် ကတော့ ပြည်နယ် ၄ ခုမှာသာ အနိုင်ရခဲ့ပြီး ကျန်ပြည်နယ်တွေမှာ မစ္စတာ ဘိုင်ဒန်ရဲ့ နောက်မှာ ရောက်ခဲ့ရပါတယ်။

Chart showing the numbers of delegates each of the candidates has
ဓာတ်ပုံ ပုံစာ, မဲရရှိမှု အနေအထား

အခုဆိုရင် ဒီမိုကရက်ပါတီဝင်တွေ အနေနဲ့ မစ္စတာ ဆန်းဒါးစ် နဲ့ မစ္စတာ ဘိုင်ဒန် တို့ နှစ်ဉီး ထဲ က တစ်ဉီး ကို လက်ရှိ သမ္မတ ဒေါ်နယ် ထရမ့် နဲ့ ယှဉ် ပြိုင်ဖို့ ရွေးချယ် ရတော့မှာ ဖြစ်ပါတယ်။

အရင်တုန်း က အမျိုးသမီး ကိုယ်စားလှယ် လောင်းတွေ ယှဉ်ပြိုင်မှု ပြင်းထန် ခဲ့တဲ့ ဒီမိုကရက်ပါတီ က ကိုယ်စားလှယ် တွေထဲမှာ အမျိုးသား သမ္မတလောင်း ၂ ဉီးကိုသာ ရွေးချယ် ရတော့မှာပါ။

ဒုတိယ သမ္မတဟောင်း ဂျိုးဘိုင်ဒန် ဟာ အလယ်အလတ် လမ်းစဉ် သမား ဖြစ်ပြီး၊ ဘာနီ ဆန်းဒါးစ်ကတော့ လက်ယာ အယူဝါဒ ကို ကိုင်စွဲ ထားသူ တစ်ဉီး ဖြစ်ပါတယ်။

မစ္စတာ ဘိုင်ဒန် ကတော့ သူသာလျှင် သမ္မတ ဒေါ်နယ် ထရမ့် ကို ယှဉ်ပြိုင် နိုင်မယ့် သူ ဖြစ်တယ်လို့ ပရိုင်မာရီ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှု တွေ မှာ ပြောဆို ထားပါတယ်။