အာဆီယံအစည်းအဝေးကျင်းပနေတဲ့ ထိုင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်

ဘန်ကောက်က အနည်းဆုံး နေရာ ၆ ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး နေရာ တချို့မှာ လည်း မသင်္ကာစရာပစ္စည်းတွေကို တွေ့ရတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဘန်ကောက်က အနည်းဆုံး နေရာ ၆ ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး နေရာ တချို့မှာ လည်း မသင်္ကာစရာပစ္စည်းတွေကို တွေ့ရတယ်။
ရေးသားခဲ့သည်။

အာဆီယံနိုင်ငံခြားရေး ဝန်ကြီးအစည်းအဝေးနဲ့ ဆက်စပ် စည်းအဝေးတွေကို အိမ်ရှင် အဖြစ်လက်ခံ ကျင်းပနေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သြဂုတ် ၂ ရက်နေ့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေအို၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ အပါအဝင် ဒေသတွင်း ခေါင်းဆောင်တွေ ထိုင်းမှာ ရောက်ရှိနေစဉ် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် လူ ၃ဦး ဒဏ်ရာရသွားတယ်လို့လည်း ဆိုပါတယ်။

ဘန်ကောက်က အနည်းဆုံး နေရာ ၆ ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး နေရာတချို့မှာလည်း မသင်္ကာစရာပစ္စည်းတွေကို တွေ့ရတယ်လို့ ထိုင်း အခြေစိုက် ဘန်ကောက်ပိုစ့် သတင်းစာက ရေးပါတယ်။

ပေါက်ကွဲမှုကြောင့် လူ ၃ဦး ဒဏ်ရာရသွားတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဘန်ကောက် ချန်ဝမ်တနာ လမ်းပေါ်က အစိုးရ အဆောက်အအုံထဲမှာ ၃ လုံး ပေါက်ခဲ့ပြီး တလုံးက မပေါက်ဘူးလို့ ဆိုပါတယ်။ ခေျာင့်နောင့်ဆီ ဘူတာရုံ အနီးမှာ ၂ လုံး ပေါက်ခဲ့ပြီး ရာမ ၉ လမ်းမကြီးပေါ်က လမ်းသွယ်ထဲမှာလည်း ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

နေရာ ၃ခုမှာလည်း ဗုံး ၆ လုံးကို ဖယ်ရှားနိုင်ခဲ့သလို တခြားနေရာ တခုမှာတော့ ပေါက်ကွဲလုနီးပါး အခြေအနေမှာ ဖျက်ဆီးနိုင်ခဲ့တယ်လို့ အဆင့်မြင့်ရဲ အရာရှိ တဦးကို ကိုးကားပြီး ဘန်ကောက်ပိုစ့် သတင်းမှာ ဖော်ပြပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မသင်္ကာဖွယ် လူ ၂ ဦးကို ရဲက ဖမ်းဆီးထားပါတယ်။

ထိုင်းဝန်ကြီးချုပ် ကျန်အိုးချားက ဒီဖောက်ခွဲမှုတွေကို ထိုင်းနိုင်ငံကို ပျက်စီး စေချင်တဲ့ လူတွေက လုပ်ခဲ့တာလို့ ပြောပေမယ့် ဘယ်သူတွေ လုပ်သလဲဆိုတာ ကိုတော့ ထုတ်မပြောသွားပါဘူး။ အတိုက်အခံ ဖွေ့ရာထိုင်းပါတီအပါအဝင် နိုင်ငံရေး ပါတီတွေကလည်း ဗုံးပေါက်ကွဲမှုကို ရှုတ်ချခဲ့ပါတယ်။

ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အင်တာနက်ပေါ်မှာ ကောလဟလတွေ ပျံနှံခဲ့ပြီး တာဝန်ရှိသူတွေက အလျင်အမြန် ဖယ်ရှားခဲ့တယ်လို့လည်း ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် လူ ၃ဦး ဒဏ်ရာရသွားတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှုကြောင့် လူ ၃ဦး ဒဏ်ရာရသွားတယ်လို့လည်း ဆိုပါတယ်။

ပေါက်ကွဲမှုတွေအပြင် ပသုနန်းဧရိယာမှာလည်း မီးလောင်မှု ၄ ခု ဖြစ်ခဲ့ပါတယ်။

ဒီအထဲကတခုက ရှို့မီးလို့ သံသယရှိနေပြီး အပျက်အစီးတွေကြားထဲမှာ ဗုံးနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က အာဆီယံအစည်းအဝေးတွေ ကျင်းပနေချိန်မှာ အခုလို ပေါက်ကွဲမှုတွေ ဖြစ်ပွားတာက ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

ဘန်ကောက်လို မြို့တော်မှာ ပေါက်ကွဲမှုတွေ နေရာအတော်များများမှာ ဖြစ်ခဲ့လို့ ထိုင်းနိုင်ငံသားတွေက တုန်လှုပ်မှုတွေရှိတယ်လို့ သူ ဆိုပါတယ်။

ဘန်ကောက်လို မြို့တော်မှာ ပေါက်ကွဲမှုတွေ နေရာအတော်များများမှာ ဖြစ်ခဲ့လို့ ထိုင်းနိုင်ငံသားတွေက တုန်လှုပ်မှုတွေရှိတယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘန်ကောက်လို မြို့တော်မှာ ပေါက်ကွဲမှုတွေ နေရာအတော်များများမှာ ဖြစ်ခဲ့လို့ ထိုင်းနိုင်ငံသားတွေက တုန်လှုပ်မှုတွေရှိတယ်

ဒါပေမဲ့ ဒီပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာတွေဟာ မြန်မာနိုင်ငံကနေ ထိုင်းမှာ လာရောက် အလုပ်လုပ်နေတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ သွားလေ့သွားထ ရှိတဲ့ နေရာမဟုတ်ဘူးလို့လည်း ဦးအောင်ကျော်က ရှင်းပြပါတယ်။

ဒီလို ဗုံးပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် စစ်ဆေးမှုတွေ ရှိလာနိုင်တာကြောင့် ထိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အထောက်အထား အပြည့်အစုံကို သွားလေရာမှာ ယူဆောင်သွားဖို့လည်း သူက သတိပေးထားပါတယ်။