ရန်ကုန်က ဝင်ဒါမီယာ ဘယ်ကလာသလဲ

uk

ဓာတ်ပုံ ရင်းမြစ်, Loop Images

ဓာတ်ပုံ ပုံစာ, ကျောက်တုံးနဲ့တိမ်ဖြူ
ရေးသားခဲ့သည်။

ရန်ကုန် အင်းလျားကန်နားက ဆိတ်ငြိမ်ရပ်ကွက်ကို ဝင်ဒါမီယာလို့ လူသိများပါတယ်။ သံလွင်လမ်းလို့ မှည့်ခေါ်တဲ့လမ်းကိုလည်း အရင်က ဝင်ဒါမီယာလမ်းလို့ ခေါ်ခဲ့တာပါ။

ဒီရပ်ကွက်ကို ဘာကြောင့် ဝင်ဒါမီယာ ခေါ်သလဲ မေးရင် သိသူနည်းပါမယ်။

uk

ဓာတ်ပုံ ရင်းမြစ်, Ian Forsyth

ဓာတ်ပုံ ပုံစာ, ကန်သာယာမှာ ပန်းဖြေသူများ

ဗြိတိန်နိုင်ငံ မြောက်ပိုင်း စကော့တလန်နားက ရေကန်များ ဒေသလို့ လူသိများတဲ့ ကန်ကြီးတွေ ရှိတဲ့နေရာက အကြီးဆုံးကန်ကြီး ဖြစ်တဲ့ ဝင်ဒါမီယာ အမည်ကို ယူပြီး အင်းလျားနဖူးက ရပ်ကွက်ကို ဝင်ဒါမီယာလို့ ဗြိတိသျှခေတ်မှာ မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, Education Images

ဓာတ်ပုံ ပုံစာ, ရှေးမူမပျက် လှေအိမ်ကလေး

ဒီနယ်မြေမှာ ကန်ကြီးတွေပေါသလို တောင်ရိုးတွေလည်း များပါတယ်။ သဘာဝ အလှတွေနဲ့ စုံတဲ့နယ်မို့ ကဗျာစာဆိုတွေလည်း လာပြီး နေထိုင်ခဲ့ကြပါတယ်။ ကမ္ဘာလှည့်တွေလည်း ခုထိ အလာများနေဆဲ ကန်ကြီးတွေ ဖြစ်ကြပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, Prisma by Dukas

ဓာတ်ပုံ ပုံစာ, နှစ်တရာကျော်က စာဆိုမယ်ရဲ့ ရိပ်မြုံ

ဒီထဲမှာ လူသိများတာက ကလေးစာအုပ်တွေ ပြုစုခဲ့တဲ့ စာဆိုမယ် ဘီယက်ထရစ်ပေါ်တာနဲ့ ကဗျာဆရာ ဝီလျံဝါဒ့်စ်ဝါ့သ်တို့ပါ။

uk

ဓာတ်ပုံ ရင်းမြစ်, Olaf Protze

ဓာတ်ပုံ ပုံစာ, ဒတ်ဖိုးလ်ဒီးကဗျာရှင်ရဲ့အိမ်

ဝါ့ဒ်စ်ဝါ့သ်ကို ဒတ်ဖိုးလ်ဒီး ကဗျာစပ်သူအဖြစ် လူသိများပါတယ်။ သဘာဝအလှကို စပ်ဆိုတဲ့ ကဗျာဂိုဏ်း ခေတ်ကောင်းစဉ်က သူ့ကဗျာတွေ ကျော်ကြားခဲ့ပြီး ခုထိလည်း ဖတ်နေကြဆဲပါ။

uk

ဓာတ်ပုံ ရင်းမြစ်, Tom White

ဓာတ်ပုံ ပုံစာ, ဘတ်တာမီယာရေကန်သာ

ဒီထဲမှာ တခြား ထင်ရှားတဲ့ ရေကန်ကြီးတွေလည်း ဝင်ဒါမီယာ အပြင် ရှိပါတယ်။ ဘတ်တာမီယာ၊ ဂရပ်စ်မီယာ၊ ဒါးရန့်ဝါးတား၊ အားလ်စ်ဝါးတား စတဲ့ကန်တွေပါ။

uk

ဓာတ်ပုံ ရင်းမြစ်, Loop Images

ဓာတ်ပုံ ပုံစာ, ဂရပ်စ်မီယာမှာ မြူခြေဆိုင်း

ကန်တွေကို လည်သူများသလို တောင်တွေပေါ်လည်း တက်ကြပါတယ်။ ဒီဒေသကို ၁၉၃ဝ ကျော်က ရောက်ခဲ့တဲ့ မြန်မာကဗျာဆရာကြီး မင်းသုဝဏ်က သိုးထိန်းလမ်း ဆိုတဲ့ ကဗျာကို စပ်ခဲ့ပါတယ်။

တတောင် နှစ်တောင် တောင်တောင်တွေထပ်ပါလို့

တချပ် နှစ်ချပ် တလျှို နှစ်လျှို

အိုင်အင်းတွေကစို ။

စောင်းနေကညို

လေချိုကသွန်း ။

uk

ဓာတ်ပုံ ရင်းမြစ်, Education Images

ဓာတ်ပုံ ပုံစာ, ကန်သာယာရဲ့တောင်ရိုးအလှ

သိုးထိန်းသည်ပြန်တဲ့လမ်းမှာလ

စခန်း ဘယ်ဆီဖွေလို့

အပန်းဘယ်ဆီဖြေရပ

တဝေဝေ မျှော်အတွေးတွေနဲ့

ခရီးသည် ညည်းတယ်လို့ မအေးသော်ကြောင့်

ဘေးမဲ့ရာကျွန်းဆီသို့

တွေးဖွဲ့ကာလွမ်း ။ ဆိုတဲ့ ကဗျာပါ။

uk

ဓာတ်ပုံ ရင်းမြစ်, Tim Graham

ဓာတ်ပုံ ပုံစာ, ကျောက်ရိုးစီတဲ့မြေ

ရန်ကုန်နဲ့ ဗြိတိန်က ဝင်ဒါမီယာမှာ အလှကိုယ်စီနဲ့ပါပဲ။

uk

ဓာတ်ပုံ ရင်းမြစ်, Eye Ubiquitous

ဓာတ်ပုံ ပုံစာ, ရင်သပ်ရှုမော သဘာဝအလှတကွေ့