နယူးဇီလန် ဝန်ကြီးချုပ် သမီးဦးမွေးဖွား

ဓာတ်ပုံ ရင်းမြစ်, Phil Walter
နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်း သမီးဦးမွေးဖွားတဲ့ အတွက် အနှစ် ၃ဝ အတွင်း ပထမဆုံး ကလေးမီးဖွားတဲ့ နိုင်ငံခေါင်းဆောင် တယောက် ဖြစ်လာပါတယ်။
သူ မီးဖွားချိန်မှာ ဒုတိယ ဝန်ကြီးချုပ် ဝင်စတန် ပီတာစ်က ယာယီ ဝန်ကြီးချုပ် အဖြစ် ဆောင်ရွက်နေပြီး သားဖွားခွင့်ကာလ ၆ ပတ်အတွင်း နိုင်ငံကို အုပ်ချုပ်ပေးမှာ ဖြစ်ပါတယ်။
၁၉၉ဝ ပြည့်နှစ်တုန်းကလည်း ပါကစ္စတန် ဝန်ကြီးချုပ် ဘနာဇီယာဘူတိုဟာ ခေတ်သစ်သမိုင်းမှာ ပထမဆုံး ကလေးမီးဖွားတဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အာဒန်းရဲ့သမီး မွေးတဲ့နေ့ကလည်း မစ္စဘူတိုရဲ့ မွေးနေ့ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ASIF HASSAN
ဒါပေမဲ့ အဲဒီတုန်းက ပါကစ္စတန် စစ်တပ် အာဏာသိမ်းမှာ ကြောက်လို့ မစ္စဘူတိုဟာ နောက်နေ့မှာပဲ ရုံးပြန်တက်ခဲ့ပါတယ်။
နယူးဇီလန် ဝန်ကြီးချုပ်ကတော့ မိဘတိုင်း ဖြတ်သန်းရတဲ့ စိတ်လှုပ်ရှားမှုတွေကို သူနဲ့ သူ့အတွဲတို့ အတူကျော်ဖြတ်သွားမယ်လို့ ပြောပါတယ်။
သူ့ကို ချစ်ခင်ကြင်နာကြတဲ့သူတွေအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကလေးက ၇ ပေါင်ရှိပြီး ၄ ရက်စောမွေးတာ ဖြစ်ပါတယ်။
နယူးဇီလန်ရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ မစ္စအာဒန်းက သူဟာ ကလေးတဘက်နဲ့ အလုပ်လုပ်ရတဲ့ ပထမဆုံး အမျိုးသမီး မဟုတ်ပါဘူး၊ သူ့ရှေ့မှာ အများကြီး ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။
မစ္စအာဒန်းက အသက် ၃၇ နှစ် ရှိပါပြီ။
သူနဲ့သူ့ကလေးအတွက် ကမ္ဘာ့ခေါင်းဆောင်တွေဆီက ဝမ်းမြောက်ကြောင်း သတင်းစကားတွေ ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MARTY MELVILLE









