ဦးမင်းအောင်လှိုင် တရုတ်သွားမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အသွင်ပြောင်းအစိုးရ သမ္မတအဖြစ်တာဝန်ယူပြီးနောက် ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားဖို့ရှိတယ်လို့ တရုတ်ဘက်ကလာတဲ့သတင်းတွေအရ သိရပါတယ်။
လာမယ့် ဇွန် ၁၅ ရက်ကနေ ၁၉ ရက်အထိ ဦးမင်းအောင်လှိုင်တရုတ်ကိုသွားဖို့ရှိနေပြီး သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ ရှိမရှိကိုတော့ အသေးစိတ်မသိရသေးပါဘူး။
သူသမ္မတအဖြစ်တာဝန်ယူပြီးနောက် ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်ကိုသွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ ဇွန်လအစပိုင်းမှာပဲ အိန္ဒိယနိုင်ငံကိုသွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှု မြင့်တက်လာနေချိန် အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယကို သွားတဲ့ ဦးမင်းအောင်လှိုင်ရဲ့ခရီးဟာ တရုတ်နဲ့ အိန္ဒိယကြား ဟန်ချက်ထိန်းဖို့ဖြစ်တယ်လို့ အိန္ဒိယ- မြန်မာ နယ်စပ်အရေး ကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ ရာဂျိဗ် ဘတ်တာချာရီယာက သုံးသပ်ခဲ့ပါတယ်။
အိန္ဒိယခရီးစဉ်မှာတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေးကိစ္စ၊ သုံးနိုင်ငံ အဝေးပြေးလမ်းစီမံကိန်းစဖို့အပါအဝင် နယ်စပ်လုံခြုံရေးကိုပါ ဆွေးနွေးခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ပြီးပြီးချင်းမှာပဲ နေပြည်တော်နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေ ဘေကျင်းကိုသွားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံခဲ့ပါတယ်။





