ချီလီရွေးကောက်ပွဲ သမ္မတဟောင်း ပင်ညဲရားနိုင်

ချီလီ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အနိုင်ရသွားတဲ့ သမ္မတဟောင်း ပင်ညဲရား
ရေးသားခဲ့သည်။

ချီလီ သမ္မတ ရွေးကောက်ပွဲမှာ ရှေးရိုးစွဲဝါဒီ ကုဋေကြွယ် သူဌေးကြီး Sebastian Pinera က အနိုင်ရသွားပါတယ်။

သမ္မတဟောင်း မစ္စတာ ပင်ညဲရား ဟာ မဲ၅၅ ရာနှုန်းနဲ့ သူ့ပြိုင်ဖက် Alejandro Guillier ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

လက်ဝဲယိမ်း ဆီးနိတ် အမတ် လည်းဖြစ် သတင်းထောက်လည်း လုပ်ခဲ့ဖူးတဲ့ မစ္စတာ ဂီရဲ ကတော့ ၄၅ ရာနှုန်းသာ မဲရခဲ့တာ ဖြစ်ပါတယ်။

ဆန်တီယေးဂိုးမြို့က လူတွေကတော့ ရွေးကောက်ပွဲ ရလဒ်က တိုင်းပြည်မှာ အပြောင်းအလဲတွေ ဖြစ်စေမလားဆိုတဲ့ အပေါ် မတူတဲ့ အမြင်တွေ ရှိနေကြပါတယ်။

နိုင်ငံမှာ စီးပွားရေး ပြန်တောင့်တင်း အားကောင်းလာအောင် အခွန်လျှော့ကောက်မယ်လို့ မစ္စတာ ပင်ညဲရားက ကတိပေးခဲ့ပါတယ်။

ချီလီမှာ ဒီမိုကရေစီ ထွန်းကားခဲ့ပြီးကတည်းက ကျင်းပတဲ့ ရွေးကောက်ပွဲတွေ အနက် အခု ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မဲလာပေးသူ အနည်းဆုံး ဖြစ်ပြီး မဲပေးခွင့်ရှိသူတွေရဲ့ တဝက်တောင် မပြည့်တဲ့ ချီလီ နိုင်ငံသားတွေ မဲလာထည့်ခဲ့ကြတာဖြစ်ပါတယ်။