ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘဂ္ဂဒက်ဗုံးခွဲမှု လူ ၃၀ နီးပါးသေ၊ ၅၀ ကျော် ဒဏ်ရာရ
အီရတ်မြို့တော် ဘဂ္ဂဒက်ရဲ့ လူစည်ကားတဲ့ ဈေးတခုမှာ ဗုံးပေါက်ကွဲမှု ၂ခု ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး ၂၈ယောက် သေဆုံးခဲ့ပြီး လူ ၅၀ကျော် ဒဏ်ရာရခဲ့ပါတယ်။
အယ်ဆင်နတ် ဈေးနားမှာ ဖြစ်ခဲ့တဲ့ ဒီ ပေါက်ကွဲမှု ၂ခုမှာ တခုက လမ်းဘေးဗုံးဖြစ်ပြီး တခုက အသေခံဖောက်ခွဲမှုကြောင့် ဖြစ်ပွားခဲ့တာပါ။
ဒီဖောက်ခွဲမှုတွေကို အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ အိုင်အက်စ်က လုပ်တယ်လို့ ဝန်ခံထားပါတယ်။
အီရတ်စစ်တပ်ဟာ မိုဆိုးမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာပဲ အိုင်အက်စ်အဖွဲ့ဘက်ကလည်း ဘဂ္ဂဒက်မှာ ရှီအာမူဆလင်တွေကို ပစ်မှတ်ထားတဲ့ ဗုံးခွဲမှုနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေက ကူညီနေတဲ့ အီရတ်စစ်တပ်ရဲ့ မိုဆိုးမြို့ စစ်ဆင်ရေးဟာ အောက်တိုဘာလကတည်းက စလုပ်နေတာဖြစ်ပြီး အခုအချိန်အထိ မြို့ကို အိုင်အက်စ်တွေလက်က မသိမ်းနိုင်သေးပါဘူး။