အိုလံပစ် မီးရှူးတိုင် လန်ဒန်ရောက်ပြီ

Tower of London
ဓာတ်ပုံ ပုံစာ, Tower of London
ရေးသားခဲ့သည်။

လန်ဒန် အိုလန်ပစ် အားကစားပြိုင်ပွဲ မစတင်မှီ တပတ်အလိုမှာပဲ အိုလံပစ် မီးရှူးတိုင်ဟာ ပြိုင်ပွဲကျင်းပမယ့် လန်ဒန်မြို့ကို ခမ်းခမ်းနားနား ရောက်ရှိလာပါတယ်။

အိုလံပစ် မီးရှူးတိုင်ကို သိမ်းစ် မြစ်ပေါ်က သမိုင်းဝင် လန်ဒန်တာဝါတံတားဆီရောက်အောင် တော်ဝင်ရေတပ်ရဲ့ ရဟတ်ယာဉ်က နေတဆင့် သယ်ဆောင်လာတာပါ။

ဗြိတိန်နိုင်ငံရဲ့ အဖိုးတန် နန်းစဉ်ကျောက်မျက်ရတနာတွေနဲ့ အတူ လုံခြုံစွာ သော့ခတ် သိမ်းဆည်းထားမှာ ဖြစ်ပါတယ်။

ဒီအိုလံပစ် မီးရှူးတိုင် လန်ဒန်ရောက်အောင် လူထောင်ပေါင်းများစွာက လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။