နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ နေပြည်တော်သမ္မတနဲ့ တွေ့ဆုံ
နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ နေပြည်တော်သမ္မတနဲ့ တွေ့ဆုံ
ရေးသားခဲ့သည်။
မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေးမှာ ကြားဝင်ဆောင်ရွက်ပေးနေသူ Nippon Foundation အဖွဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဆာဆာကာဝါဟာ သြဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်ကို ရောက်ရှိခဲ့ပြီး သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆာဆာကာဝါအနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မှာ အကူအညီပေးဖို့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်က သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးအလားအလာနဲ့ ပတ်သက်လို့ ဆာဆာကာဝါရဲ့ ရုံးဘက်ကရော ဘယ်လို ထုတ်ပြန်ထားပါသလဲ။ မသင်းသင်းနွယ်က ပြောပြမှာပါ။



