မာရီယာ ရှာရာပိုဗာ - ဂရမ်းဆလမ်း ငါးကြိမ် ချန်ပီယံ အသက် ၃၂ နှစ်မှာ တင်းနစ်က အနားယူ

Maria Sharapova

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

ဂရမ်းဆလမ်း ချန်ပီယံ ငါးကြိမ် ဆွတ်ခူးထားတဲ့ ရှာရာပိုဗာဟာ အသက် ၃၂ နှစ်မှာ တင်းနစ်လောကက အနားယူလိုက်ပြီ ဖြစ်ပါတယ်။

ပုခုံးဒဏ်ရာနဲ့ ရုန်းကန်ခဲ့ရပြီးနောက် အခုလို အနားယူလိုက်တာလို့ Vogue and Vanity Fair မဂ္ဂဇင်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ရုရှား တင်းနစ်ကစားသမား ရှရာပိုဗာဟာ သူ့အသက် ၁၇ နှစ် အရွယ် ၂၀၀၄ ခုနှစ်မှာ ပထမဆုံး ဂရမ်းဆလင်းဆုကြီးကို စတင် ရရှိခဲ့ပါပြီ။

၂၀၁၂ ခုနှစ်မှာတော့ အဓိက ဆုကြီး လေးခုစလုံးကို ရရှိခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၆ မှာတော့ တားမြစ်ဆေး ငြိစွန်းတယ်ဆိုပြီး ၁၅ လ ကစားခွင့် အပိတ်ခံခဲ့ရပါတယ်။

၂၀၁၇ မှာ ပြန်ကစားတဲ့ အခါမှာတော့ သူ့ရဲ့ အကောင်းဆုံး ပုံစံပြန်ရဖို့ ရုန်းကန်ခဲ့ရပြီး ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။