လူမှုကွန်ရက်မှာ ထောက်ပြဝေဖန်သူတွေကို ဖမ်းဆီးနေ
လူမှုကွန်ရက်မှာ ထောက်ပြဝေဖန်သူတွေကို ဖမ်းဆီးနေ
ရေးသားခဲ့သည်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့က ရေကြီးနေမှုကို ရဟတ်ယာဉ်နဲ့သွားကြည့်ခဲ့တဲ့ ဦးမင်းအောင်လှိုင်နဲ့ ၂၀၁၅ ခုနှစ်က ပဲခူးရေဘေးသင့်ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် လှေစီးပြီး သွားရောက်ကူညီခဲ့တဲ့ ရုပ်သံကို နှိုင်းယှဉ်ပြီး tiktok မှာ ဗီဒီယိုတင်ခဲ့သူတစ်ဦးကို ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ဦးမင်းအောင်လှိုင်နဲ့ သူ့ရဲ့အစိုးရကို ဝေဖန်မှုအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်စပ်တဲ့ ကိစ္စတွေအပေါ် ဖမ်းဆီးမှုတွေက အခု စစ်တပ် ကျောထောက်နောက်ခံ အစိုးရသစ်ဖြစ်ပြီးနောက်ပိုင်းမှာလည်း ဆက်ရှိနေပါတယ်။ လူမှုကွန်ရက်မှာ ဝေဖန်တာတွေအပေါ် ဖမ်းဆီးမှုတွေ ဘာလို့ဆက်ရှိနေတာလဲ။ ဒီအပေါ် ပြည်သူတွေနဲ့ ဥပဒေပညာရှင်တွေက ဘယ်လို ရှုမြင်ကြပါသလဲ။ ဒီအကြောင်း မသင်းသင်းနွယ်က စုစည်း ပြောပြပေးပါမယ်။



