BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
လက်နက်တွေကုန်သွားလို့ ထရမ့်က အီရန်နဲ့အပစ်ရပ်လိုက်တာလား
အမေရိကန်ဟာချက်ချင်းပြန်အစားထိုး ထုတ်ဖို့ခက်တဲ့ ဒုံးကျည်အစင်းရေ ထောင်ချီကို အီရန်နဲ့ဖြစ်တဲ့စစ်ပွဲအတွင်း ပစ်ခတ်အသုံးပြုခဲ့ပါတယ်။ အမေရိကန်အနေနဲ့ သူတို့ ရည်ညွှန်းပြောဆိုတဲ့ ''လွတ်လပ်မှုလက်နက်တိုက်'' (arsenal of freedom)မှာ လက်နက်တွေ တကယ်ပဲ လျော့သွားပြီလားဆိုတာ စေ့ငုကြည့်ထားပါတယ်။
သြဂုတ် ၉ ရက်သတင်းများအနှစ်ချုပ် - ကေပေါ့ပ် Katseye အဖွဲ့ဝင် ဆိုဖီယာ စိတ်ကျန်းမာရေးကြောင့်အနားယူရ
စစ်ကိုင်းတိုင်းကိုဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေတွေ စိုးရိမ်ရေအမှတ်အနီးရောက်လာတဲ့သတင်းအပါအဝင် သြဂုတ် ၉ ရက် နိုင်ငံတဝန်းနဲ့ကမ္ဘာက သတင်းတွေစုစည်းတင်ဆက်ပေးနေပါတယ်။
ရှိတ်ဟာစီနာ ပြန်လာနိုင်မလား
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစွဲချက်တွေနဲ့ သေဒဏ်ချမှတ်ခံထားရပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီဇင်ဘာမှာ ပြန်လာဖြစ်အောင် လာမယ်လို့ ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ကြွေးကြော်ခဲ့ပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ထိုင်းခရီးက သူ့ရဲ့ သံတမန်ရေးအထီးကျန်မှုကိုချိုးဖျက်ပေးနိုင်ခဲ့လား
ဦးမင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်ဟာ နေပြည်တော်ရဲ့ အာဆီယံနဲ့ ဒေသတွင်းမှာ နိုင်ငံတကာဆက်ဆံရေးပြန်တည်ဆောက်ဖို့ကြိုးပမ်းနေချိန်နဲ့ ထိုင်းရဲ့ နယ်စပ်တည်ငြိမ်ရေးလိုအပ်ချက်တို့ တိုက်ဆိုင်နေချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။
ထိုင်းရဲ့ သေနတ်ကိုင်ဆောင်မှုဥပဒေကို ပိုတင်းကျပ်ပြဋ္ဌာန်းမယ် - ထိုင်းဝန်ကြီးချုပ်
အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးက နေအိမ်နဲ့ ကျောင်းမှာ သေနတ်ပစ်ခတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်သေဆုံးခဲ့တာကြောင့် လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
NUG မန်းတိုင်း(ပကဖ)တာဝန်ခံ မိုင်းလားနယ်ထဲ ဘယ်လိုဖမ်းဆီးခံခဲ့ရသလဲ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုဝဏ္ဏအောင် (ခေါ် )ကိုဏကြီး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတဲ့နောက် စစ်ရေးနဲ့လုံခြုံရေးကျိုးပေါက်မှုတွေဖြစ်လာမှာကို စိုးရိမ်ချက်တွေရှိလာပါတယ်။
မြန်မာရထားပေါ်က အငြင်းပွားဖွယ်ခရီးသွားများ
မြန်မာမှာ တွဲအသစ်တွေနဲ့ ပြေးဆွဲနေတဲ့ DEMU ရထားခရီးစဉ်တွေပေါ်က ခရီးသည်အချို့ရဲ့ စိတ်အနှောက်အယှက်ဖြစ်စရာအပြုအမူတွေအကြောင်း လူမှုကွန်ရက်မှာ ဝေဖန်ရေးသားလာကြပါတယ်။ အများပြည်သူအသုံးပြုတဲ့ဝန်ဆောင်မှုတွေမှာ တာဝန်ယူမှုနဲ့ စည်းကမ်းလိုက်နာမှုအကြောင်းတွေဟာလည်း ဆွေးနွေးစရာ ခေါင်းစဉ်ဖြစ်လာပါတယ်။
ရက် ၁၀၀ အတွင်း ဦးမင်းအောင်လှိုင် ဘာလုပ်နိုင်ခဲ့လဲ
ဦးမင်းအောင်လှိုင်အစိုးရရဲ့ ပထမဆုံး ရက် ၁၀၀ ကို နိုင်ငံရေးအကဲခတ်တွေကတော့ အောင်မှတ်မပေးကြပါဘူး။
ကိုးကန့်တပ်နဲ့ 'ဝ' တပ်-နေပြည်တော်ခရီးနဲ့တရုတ်တွန်းအား
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်အတွင်း မြန်မာစစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်တပ် (MNDAA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။
ရန်ကုန်ဘူတာကြီးမှာ ပျောက်ဆုံးခဲ့တဲ့ ၅ နှစ်သားကလေးရဲ့ ၄ နှစ်နီးပါးကြာ အိမ်ပြန်ခရီး
မောင်အောင်မင်းခန့်ရဲ့ဖြစ်စဉ်က မိသားစုနဲ့ကွဲကွာပြီး လမ်းပေါ်ရောက်သွားတဲ့ ကလေးတွေ၊ တောင်းရမ်းခိုင်းစေမှုနဲ့ ကလေးလုပ်သားခိုင်းစေမှုတွေကို ရင်ဆိုင်နေရတဲ့ကလေးတွေရှိနေတာကို မီးမောင်းထိုးပြပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်



























































