ရုရှား အပန်းဖြေကမ်းခြေကို ယူကရိန်းဒရုန်းထိမှန်
ရုရှား အပန်းဖြေကမ်းခြေကို ယူကရိန်းဒရုန်းထိမှန်
ရေးသားခဲ့သည်။
ရုရှားအနောက်တောင်ပိုင်းက လူစည်ကားတဲ့ ကမ်းခြေအပန်းဖြေနေရာတစ်ခုကို ယူကရိန်းဘက်က ပစ်လိုက်တဲ့ ဒရုန်းထိမှန်လို့ ကလေးသုံးဦးအပါအဝင် လူ ခုနစ်ဦးသေဆုံးခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ပါတယ်။ ဒရုန်းကမ်းခြေကို လာမကျခင် ကြားဖြတ်ပစ်ချခံခဲ့ရသေးလားဆိုတာတော့ အခုအချိန်မှာ မရှင်းလင်းသေးပါဘူး။ တကယ့်ပစ်မှတ်က အခုနေရာနဲ့ ကီလိုမီတာ ၄၀ လောက်ဝေးတဲ့နေရာက ရုရှားရေတပ်စခန်းဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ ယူကရိန်းဘက်ကတော့ ဘာမှ မှတ်ချက်မေပးပါဘူး။ •
#ဘီဘီစီမြန်မာပိုင်း #ရုရှား #ယူကရိန်း



