အမေရိကန်ရွေးကောက်ပွဲမှာ ဖြစ်လာနိုင်တဲ့ သတင်း ၃ ခု, ဘီဘီစီ သတင်းထောက် ဂျွန် ဆိုပယ်က အခုလို မှန်းဆထား
ရွေးကောက်ပွဲမတိုင်ခင်လုပ်တဲ့ နိုင်ငံတစ်ဝန်းလူထုစစ်တမ်းတွေအရ မစ္စတာ ဘိုင်ဒန်က ရှေ့ကပြေး နေတာ ဆိုပေမဲ့ အဆုံးအဖြတ် ပြည်နယ်တွေမှာတော့ သူမသာ ကိုယ်မသာ အခြေအနေ မှာသာ ရှိနေတာပါ။
အမေရိကန် သမ္မတရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေက ပြည်နယ်အလိုက်မဲပေးကြရတာဖြစ်ပြီး အဲဒီပြည်နယ်တွေမှာ သတ်မှတ်ထားတဲ့ သူတို့အခေါ် သမ္မတရွေးချယ်ရေးအဖွဲ့ မဲ (electoral college vote) အနည်းဆုံး ၂၇၀ မဲ ရမှ သက်ဆိုင်ရာ ယှဉ်ပြိုင်သူ သမ္မတလောင်းဟာ သမ္မတအဖြစ် ရွေးချယ်ခံရမှာပါ။ စုစုပေါင်း သမ္မတရွေးချယ်ရေးအဖွဲ့ မဲအရေအတွက်က ၅၃၈ မဲရှိပြီး ပြည်နယ်တွင်းက လူဦးရေ အနည်းအများအလိုက် သက်ဆိုင်ရာ ပြည်နယ်က ပေးပိုင်ခွင့်ရှိတဲ့ သမ္မတရွေးချယ်ရေးအဖွဲ့မဲ အရေအတွက်က ကွဲပြားသွားပါတယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။