ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အမေရိကန်ရွေးကောက်ပွဲ - အကြိတ်အနယ်ပြည်နယ်တွေနဲ့ စာတိုက်မဲတွေ အရေးပါလာ

အမေရိကန်ရွေးကောက်ပွဲ သတင်းများ တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နယူးမက္ကဆီကိုပြည်နယ်မှာ ဘိုင်ဒန် နိုင်ခြေရှိ

    နယူးမက္ကဆီကိုပြည်နယ်မှာ ဘိုင်ဒန် နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပါတယ်။

    တချိန်တုန်းက အကြိတ်အနယ် ပြိုင်ခဲ့ရတဲ့ ပြည်နယ်တစ်ခု ဖြစ်ခဲ့တဲ့ နယူးမက္ကဆီကိုပြည်နယ်ဟာ အခုနောက်ပိုင်း ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တွေဘက်ကို အကြီးအကျယ် ယိမ်းသွားခဲ့ပါတယ်။ နယ်စပ် နယူးမက္ကဆီကိုပြည်နယ်ရဲ့ လက်တင်အမေရိကနွယ်ဖွား မဲဆန္ဒရှင်တွေဆီက ထောက်ခံအားပေးမှုတွေ တိုးပွားလာတာကြောင့် ၂၀၁၆ ခုနှစ်မှာ ဟီလာရီ ကလင်တန် အနိုင်ရခဲ့ပါတယ်။

  2. ရီပတ်ဘလီကန် ထိပ်တန်းအမတ်ခေါင်းဆောင် မစ်ချ် မက်ကောနဲလ် အနိုင်ရ

    ဆီးနိတ်လွှတ်တော် ရီပတ်ဘလီကန်အမတ်တွေရဲ့ ခေါင်းဆောင် မစ်ခ်ျမက်ကောနဲလ် ကင်တပ်ကီပြည်နယ်မှာ ပြန်အရွေးခံခဲ့ရပါတယ်။

    ဒီပြည်နယ်မှာ သူပြန်အရွေးခံရမှာကတော့ မေးစရာတောင် မလိုပါဘူး။ ၂၀၁၆ ခုနှစ်တုန်းက ကင်တပ်ကီပြည်နယ်မှာ ထရမ့်က အမှတ် ၃၀ နဲ့ အသာရခဲ့ပြီး ဒီတစ်ခါလည်း ရီပတ်ဘလီကန်တွေပဲ ထပ်နိုင်ခြေ ရှိပါတယ်။

  3. ကော်လိုရာဒိုပြည်နယ်မှာ ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန် နိုင်ခြေ ရှိ

    ကော်လိုရာဒိုပြည်နယ်မှာ ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန် နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းရပါတယ်။

    ဒီပြည်နယ်ဟာ တစ်ဖက်ဖက်ကို ပြောင်းသွားနိုင်တဲ့ အကြိတ်အနယ် ပြိုင်ရမယ့် အရေးပါတဲ့ ပြည်နယ် တစ်ခု ဖြစ်ပါတယ်။ ဒီပြည်နယ်မှာ နှစ်ပေါင်း ၄၀ နီးပါး ရီပတ်ဘလီကန် သမ္မတလောင်း အများစုကို မဲပေးခဲ့ကြရာကနေ ဘားရက် အိုဘားမား နှစ်ကြိမ်တိုင် အနိုင်ရခဲ့ပြီး ၂၀၁၆ ခုနှစ်မှာလည်း ဟီလာရီ ကလင်တန် အနိုင်ရခဲ့ပါတယ်။

  4. မြောက်ဒါကိုတာပြည်နယ်မှာ ထရမ့် နိုင်ခြေရှိ

    မြောက်ဒါကိုတာပြည်နယ်မှာ ထရမ့် နိုင်ခြေရှိတယ်လို့ ခန့်မှန်းရပါတယ်။

    ဒီပြည်နယ်ဟာ ရီပတ်ဘလီကန်တွေ အခိုင်အမာ ထိန်းချုပ်ထားတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ ၁၉၄၀ ခုနှစ်ကတည်းကစလို့ ဒီပြည်နယ်မှာ ဒီမိုကရက် သမ္မတလောင်း (လင်ဒန် ဘီ ဂျွန်ဆင်)တစ်ဦးတည်းကသာ နိုင်ခဲ့ဖူးပါတယ်။

  5. တောင်ဒါကိုတာပြည်နယ်မှာ ထရမ့် နိုင်ခြေရှိ

    တောင်ဒါကိုတာပြည်နယ်မှာထရမ့်နိုင်ခြေရှိတယ်လို့ခန့်မှန်းရပါတယ်။

    ဒီပြည်နယ်မှာ၁၉၆၈ခုနှစ်ကတည်းကရွေးကောက်ပွဲတိုင်းမှာရီပတ်ဘလီကန်သမ္မတလောင်းတွေကိုမဲပေးခဲ့ကြတာပါ။

  6. ကွန်နက်တိကပ်ပြည်နယ်မှာ ဘိုင်ဒန် နိုင်ခြေရှိ

    ကွန်နက်တိကပ်ပြည်နယ်မှာ ဘိုင်ဒန် နိုင်ခြေရှိတယ်လို့ ခန့်မှန်းရပါတယ်။

    ကွန်နက်တိကပ်ပြည်နယ်ဟာ ၁၉၉၂ ခုနှစ်ကတည်းက ရွေးကောက်ပွဲတိုင်းမှာ ဒီမိုကရက် သမ္မတလောင်းတွေကို မဲပေးခဲ့တာပါ။

  7. နယူးယောက်ပြည်နယ်မှာ ဘိုင်ဒန် နိုင်ခြေ ရှိ

    နယူးယောက်ပြည်နယ်မှာ ဘိုင်ဒန် နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းရပါတယ်။

    ထရမ့်ရဲ့ နေရပ်ပြည်နယ်ဟောင်း ဖြစ်တဲ့ နယူးယောက်ပြည်နယ်ဟာ ဆယ်စုနှစ် ၃ စုကြာ ဒီမိုကရက်တွေ အခိုင်အမာ ထိန်းချုပ်ထားတဲ့ ပြည်နယ် ဖြစ်ပါတယ်။ ထရမ့်ဟာ ၂၀၁၆ခုနှစ်တုန်းက နယူးယောက်ပြည်နယ်မှာ ဟေလာရီ ကလင်တန်ကို ရှုံးခဲ့ရပြီး မကြာသေးခင်ကလည်း အဲဒီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေမှုနဲ့ ပတ်သက်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူး ကွေးမိုနဲ့ အကြိမ်ကြိမ် အချေအတင် စကားများခဲ့ကြပါတယ်။

  8. နောက်ထပ်မဲရုံတွေ မကြာခင် ပိတ်တော့မှာပါ။

    အရေးပါတဲ့ ပြည်နယ်အတော်များများမှာ မဲရုံတွေ ပိတ်ပါတော့မယ်။

    ဂရင်းနစ်စံတော်ချိန် မနက် ၂ နာရီမှာ အရီဇိုးနား၊ ကော်လိုရာဒို၊ ကန်ဆက်စ်၊ လူဝီဆီယားနား၊ မီရှီဂန်၊ နီဘရားစကား၊ နယူးမက္ကဆီကို၊ နယူးယောက်၊ မြောက်ဒါကိုတာ၊ တောင်ဒါကိုတာ၊ တက္ကဆက်စ်၊ ဝစ်စ်ကွန်ဆင်နဲ့ ဝိုင်ယိုးမင်း စတဲ့ ပြည်နယ်တွေမှာ မဲရုံတွေ ပိတ်မှာပါ။

    စစ်တမ်းတွေအရ အရီဇိုးနားပြည်နယ်က ဘိုင်ဒန်ကို ထောက်ခံမဲပေးခဲ့ကြတယ်လို့ ဖော်ပြနေပါတယ်။ ဒါပေမဲ့ ဒီမိုကရက်တွေက ဒါ့ထက်ပိုကြီးကြီးမားမား မှန်းထားကြပါတယ်။ တကယ်လို့ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲ ၃၈ မဲ ရှိတဲ့ တက္ကဆက်စ်ပြည်နယ်ကသာ ဘိုင်ဒင်ကို မဲပေးခဲ့မယ် ဆိုရင်တော့ ထရမ့်အတွက် အောင်ပွဲခံနိုင်ဖို့လမ်း သိပ်မမြင်နိုင်တော့ဘဲ အမေရိကန် နိုင်ငံရေးမြေပုံကို ပြန်လည်ရေးဆွဲရမယ့်ကိန်း ဆိုက်သွားပါတော့မယ်။

  9. အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ထရမ့် နိုင်ခြေရှိ

    အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ထရမ့် နိုင်ခြေရှိတယ်လို့ ခန့်မှန်းရပါတယ်။

    အဲဒီမှာ ၂၀၁၆ ခုနှစ်က ထရမ့်ကို မဲပေးခဲ့ကြသလို အဲဒီအရင် ရွေးကောက်ပွဲ ၄ ကြိမ်မှာလည်း ရီပတ်ပလီကန် သမ္မတလောင်းတွေကိုပဲ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

  10. တန်နက်ဆီပြည်နယ်မှာ ထရမ့် နိုင်ခြေရှိ

    တန်နက်ဆီပြည်နယ်မှာ ထရမ့် နိုင်ခြေရှိတယ်လို့ ခန့်မှန်းရပါတယ်။

    အဲဒီမှာ ဒီမိုကရက် သမ္မတ ဘေလ် ကလင်တန်ရဲ့ သမ္မတသက်တမ်း ပြီးသွားကတည်းက ရီပတ်ဘလီကန် သမ္မတလောင်းတွေကိုပဲ မဲပေးခဲ့ကြတာပါ။ ၂၀၁၆ ခုနှစ်တုန်းက ထရမ့်ဟာ ဟေလာရီ ကလင်တန်ထက် ၂၆ ရာခိုင်နှုန်း မဲအသာရခဲ့ပါတယ်။

  11. နောက်ထပ် ဘယ်ပြည်နယ်တွေမှာ ဘယ်သူနိုင်ခြေ ရှိသလဲ ခန့်မှန်းချက်တွေ ထွက်လာ

    ဂျိုးဘိုင်ဒန်ဟာ ဒယ်လာဝဲ၊ မေရီလန်း၊ မက်ဆာချူးဆက်စ်၊ နယူးဂျာစီနဲ့ ကိုလမ်ဘီယာခရိုင် တွေမှာ နိုင်ခြေရှိတယ်လို့ အခုအခါ ခန့်မှန်းရပါတယ်။

    ဒေါ်နယ် ထရမ့်က အိုကလာဟိုးမားပြည်နယ်မှာ နိုင်ခြေရှိတယ်လို့ ခန့်မှန်းရပါတယ်။

  12. ကင်တပ်ကီပြည်နယ်မှာ ဒေါ်နယ်ထရမ့် နိုင်ခြေ ရှိ

    ကင်တပ်ကီပြည်နယ်မှာ ဒေါ်နယ်ထရမ့် နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းရပါတယ်။

    ရီပတ်ဘလီကန်ပြည်နယ် ဖြစ်တဲ့ ကန်တပ်ကီပြည်နယ်ဟာ ၁၉၇၆ ခုနှစ်က ဂျင်မီကာတာ၊ ၁၉၉၂ နဲ့ ၁၉၉၆ ခုနှစ်က ဘေလ် ကလင်တန် တို့လို တောင်ပိုင်းပြည်နယ်က သမ္မတလောင်းတွေ ဝင်ပြိုင်ခဲ့ချိန်တွေတုန်းကပဲ ဒီမိုကရက်တွေကို မဲပေးခဲ့ကြပါတယ်။ ကင်တပ်ကီပြည်နယ်မှာ သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲ၈ မဲ ရှိပါတယ်။

  13. မြောက်ကယ်ရိုလိုင်းနား၊ အနောက်ဗာဂျီးနီးယားနဲ့ အိုဟိုင်ယို ပြည်နယ်တွေမှာ မဲရုံတွေ ပိတ်ပြီ။

    မြောက်ကယ်ရိုလိုင်းနား(သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲ၁၅မဲ)၊ အိုဟိုင်ယို(သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲ၁၈မဲ)၊ အနောက်ဗာဂျီးနီးယား (သမ္မတရွေးချယ်ရေးအဖွဲ့ဝင်မဲ ၅ မဲ) က မဲရုံတွေ ပိတ်ပါပြီ။

    သမ္မတရွေးကောက်ပွဲမှာ ဟိုးကတည်းက အကြိတ်အနယ် ယှဉ်ပြိုင်ရလေ့ရှိတဲ့ အိုဟိုင်ယိုပြည်နယ်ကို အခုနှစ်မှာ ရှေ့ပြေးပြည်နယ်တစ်ခုအဖြစ် ရှုမြင်ကြမှာဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် အိုဟိုင်ယိုပြည်နယ်မှာရှုံးတဲ့ ရီပတ်ဘလီကန် သမ္မတလောင်းတိုင်း ရွေးကောက်ပွဲရှုံးလေ့ရှိပါတယ်။

    ထရမ့် အကြိမ်ကြိမ် သွားမဲဆွယ်ခဲ့တဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ဟာလည်း အပြောင်းအလဲဖြစ်နိုင်စရာ အရေးပါတဲ့ ပြည်နယ်တစ်ခု ဖြစ်လာနေပါတယ်။ ဒီလို သွားခဲ့ရကျိုး နပ်သလားဆိုတာကို အခု သိရတော့မှာပါ။

  14. ဘိုင်ဒန်-အခုချိန်မှာ ဖြစ်ပျက်နေတာတွေက အများကြီးပဲ

    အမေရိကန်နိုင်ငံတဝန်းမှာ မဲဆန္ဒရှင်တွေ ဆက်မဲပေးနေချိန်မှာပဲ ဂျိုးဘိုင်ဒန်က သူနိုင်ဖို့ မျှော်လင့်ချက် ရှိတယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။

    ဒါပေမဲ့ တကယ်လို့ ဒီညမှာ မဲရလဒ်တွေ မကြေညာရင်တော့ ဂျိုးဘန်ဒန်က သူ့ရဲ့ အစီအစဉ်တွေကို အသေးစိတ် ရှင်းပြမှာ မဟုတ်ပါဘူး။

    “အခုချိန်မှာ ဖြစ်ပျက်နေတာ အများကြီးပဲ။ ဘာဖြစ်လာမလဲ ဆက်ကြည့်ရမှာပါ” လို့အရေးပါတဲ့ ပြည်နယ်ဖြစ်တဲ့ ပန်ဆေလ်ဗေးနီးယား ပြည်နယ်ကနေ ပြန်လာခဲ့အပြီးမှာ ဘိုင်ဒန်ကသူ့နေရပ်ဒယ်လာဝဲပြည်နယ်ကနေပြောခဲ့ပါတယ်။

    “တကယ်လို့ ဒီညမှာ ပြောစရာ ရှိလာမယ် ဆိုရင် ကျွန်တော် ပြောပါ့မယ်။ မဟုတ်ရင်တော့ မဲတွေ ရေတွက်တဲ့ နောက်တစ်နေ့အထိ ကျွန်တော် စောင့်ပါ့မယ်”

    ဒီရွေးကောက်ပွဲဟာ အိမ်ဖြူတော်ကို အရောက်လှမ်းနိုင်ဖို့ ဂျိုးဘိုင်ဒန်ရဲ့ တတိယမြောက် ကြိုးစားမှု ဖြစ်ပါတယ်။

  15. ထရမ့် - "နိုင်ရင်တော့လွယ်တယ်၊ ရှုံးရတာတော့ဘယ်တော့မှမလွယ်ဘူး"

    ရီပတ်ဘလစ်ကန်ပါတီ မဲဆွယ်အဖွဲ့ရုံးကို ဒီကနေ့ အစောပိုင်းက သမ္မတ ထရမ့် ရောက်လာခဲ့ပြီး ကန်ပိန်းဝန်ထမ်းတွေကို ကျေးဇူးတင်စကားပြောခဲ့တဲ့အပြင် သူတို့တွေ"အလုပ်ချက်ချင်း ပြန်ရကြဦးမှာပါ" လို့ ပညာသားပါပါ ပြောခဲ့ပါတယ်။

    ပြီးတော့ သူ အရှုံးကို လက်ခံလိုက်မလား၊ ရွေးကောက်ပွဲအနိုင်ရ မိန့်ခွန်း ပြင်ထားသလား ဆိုတာကိုလည်း ပြောခဲ့ပါသေးတယ်။

  16. လောလောဆယ် ဘာတွေ ဖြစ်ခဲ့သလဲ

    • လူတွေကို ဒီကနေ့ မဲသွားမထည့်ကြဖို့ ·နေရာအတော်များများမှာ ဖုန်းခေါ်ဆိုမှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီး FBI ထောက်လှမ်းရေးအဖွဲ့ကစုံစမ်းစစ်ဆေးနေပါတယ်။ မဲဆန္ဒရှင်တွေ အနေနဲ့ ဒီဖုန်းခေါ်ဆိုမှုတွေကို လျစ်လျူရှုကြဖို့နဲ့ မဲပေးမှုတွေ ပုံမှန် ဆက်ကျင်းပနေပါတယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောထားပါတယ်။
    • ·မြောက်ကယ်ရိုလိုင်းနား ပြည်နယ်က နေရာ ၄ နေရာမှာ ဒီမနက်က မဲပေးမှု နှောင့်နှေးခဲ့ပြီး မဲရုံ ဖွင့်တဲ့ အချိန်ကို ထပ်တိုးခဲ့ရတဲ့အတွက် အဲဒီက မဲရလဒ်တွေကို သိရဖို့ အနည်းဆုံး ၄၅ မိနစ်လောက် နောက်ကျဖို့ ရှိနေပါတယ်။
    • ·ရွေးကောက်ပွဲရလဒ်ကို ပြောင်းသွားစေနိုင်တဲ့ အရေးပါတဲ့ ပြည်နယ်အတော်များများမှာ သူမသာ ကိုယ်မသာ ဖြစ်နေပေမဲ့ လက်ရှိ မဲစစ်တမ်းတွေအရ ဒီမိုကရက် သမ္မတလောင်း ဂျိုးဘိုင်ဒန် က လောလောဆယ် ထိပ်က ဦးဆောင်နေပါတယ်။
    • သမ္မတလောင်း နှစ်ဦးစလုံး ရွေးကောက်ပွဲနေ့ တစ်နေ့လုံး ခရီးဆက်နှင်ခဲ့ကြပါတယ်။ ထရမ့်က ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့က ရီပတ်ဘလီကန် အမျိုးသား ကော်မတီ ဝန်ထမ်းတွေဆီ သွားရောက်ခဲ့သလို ဘိုင်ဒန်ကလည်း သူကြီးပြင်းခဲ့ရာ ဇာတိမြို့ဖြစ်တဲ့ ပန်ဆေလ်ဗေးနီးယားပြည်နယ် ဆခရန်တန်မြို့ကို သွားခဲ့ပါတယ်။
    • ပြည်နယ်အသီးသီးမှာ စည်းမျဉ်းစည်းကမ်းတွေ မတူကြတဲ့အတွက် တချို့ပြည်နယ်တွေမှာ မဲရုံပိတ်အပြီးညမှာ မဲရေတွက်လို့ ပြီးနိုင်မှာ မဟုတ်ပေမဲ့လည်း ၂၀၂၀ ရွေးကောက်ပွဲဟာ ရာစုနှစ်တစ်ခုကျော်အတွင်း မဲပေးသူ အများဆုံး ဖြစ်မယ့်ပုံ ရှိနေပါတယ်။
  17. လာမယ့်မိနစ်ပိုင်းအတွင်း ပထမဆုံး မဲရုံတွေ ပိတ်တော့မယ်

    အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်နဲ့ ကန်တပ်ကီပြည်နယ်တွေက နေရာတချို့မှာမကြာခင် မိနစ်ပိုင်းအတွင်းမှာ မဲရုံတွေ စပိတ်တော့မှာပါ။

    မဲရလဒ်အပြောင်းအလဲဖြစ်နိုင်မယ့်အရေးပါတဲ့(ဘယ်သူသမ္မတ ဖြစ်လာမလဲ ဆိုတာကို အဖြေပေးနိုင်မယ့်နေရာတွေ) ပထမဆုံး ပြည်နယ်ဖြစ်တဲ့ ဂျော်ဂျီယာပြည်နယ်မှာတော့ နောက် တစ်နာရီအကြာ ဂရင်းနစ် စံတော်ချိန် ၁၂ နာရီ မှာ မဲရုံတွေ ပိတ်တော့မှာပါ။ အဲဒီက ပထမဆုံးမဲရလဒ်တွေကို သိရပါလိမ့်မယ်။

    အဲဒါအပြီး နောက်နာရီဝက် အကြာမှာ လူကိုယ်တိုင် မဲလာထည့်သူတွေ များခဲ့တဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်က မဲခန့်မှန်းချက် ရလဒ်တွေကို သိရမှာပါ။