အမေရိကန် ရွေးကောက်ပွဲ
အမေရိကန် ရွေးကောက်ပွဲ သတင်းများ
တိုက်ရိုက် ထုတ်လွှင့်ချက်
ဂျော့ချ်ဖလွိုက်ကို သတ်မှုနဲ့ အမေရိကန်ရဲကို ထောင် ၂၂ နှစ်ကျော်ချ
တရုတ်မှာ သပိတ်မှောက်ခံထားရတဲ့ Nike ကုမ္ပဏီ
လာဇရုစ်အဖွဲ့လို့ ခေါ်တဲ့ မြောက်ကိုရီးယား ဟက်ကာတွေ ဒေါ်လာ တစ်ဘီလီယံ နီးပါးကို ဘယ်လို ခိုး ထုတ်ခဲ့တာလဲ
အမေရိကန်နဲ့ ဆွေးနွေးဖို့ရော ထိပ်တိုက် ရင်ဆိုင်ဖို့ရော ပြင်ဆင်ထားမယ်လို့ ကင်ဂျုံအွန်းပြော
G7 ထိပ်သီးနိုင်ငံတွေလှူမယ့် ကိုဗစ်ကာကွယ်ဆေး ဘယ်လို သက်ရောက်မှု ရှိမလဲ
G7 ထိပ်သီးအစည်းအဝေးဆိုတာ ဘာလဲ၊ G7 ဟာ သြဇာ အာဏာ ရှိသလား
ဖေ့စ်ဘွတ်ခ်က ထရမ့်အကောင့်ကို ၂ နှစ်ပိတ်
ကမ္ဘာ့အကြီးဆုံး အသားထုတ်လုပ်ငန်းကြီးကို ရုရှားနဲ့ ဆက်စပ်တဲ့အဖွဲ့ ဟက်ခ်လုပ်ခဲ့တယ်လို့ FBI ပြော
အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးဆွေးနွေး
ကိုဗစ်-၁၉ ရဲ့ အစ တရုတ်ဓာတ်ခွဲခန်းကလား ဆိုတာကို အမေရိကန်က ထပ်စစ်ဆေးမှာကို တရုတ် ပယ်ချ
ဝှိုက်လစ်စာရင်းနဲ့ အင်တာနက်ကန့်သတ်ဖို့ ခြေလှမ်းလာတဲ့ စစ်ကောင်စီ
Whitelist လို့ ခေါ်တဲ့ ကင်းလွတ် စာရင်းတွေနဲ့ ကန့်သတ်ခြင်းဟာလည်း အင်တာနက် ပိတ်ပင်တားဆီးတဲ့ လုပ်ပုံလုပ်နည်း တစ်ခုပဲလို့ ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
မြန်မာပြည်ထဲ အာဏာသိမ်းစစ်ကောင်စီက အများသူငါတွေ ကြည့်ရှုရန်သင့်တဲ့ အွန်လိုင်း စာမျက်နှာတွေ၊ ဒိုမိန်းအမည်တွေ ဆိုပြီး သတ်မှတ်လာတဲ့ အပေါ် ရန်ကုန် အမေရိကန် သံရုံးက တုံ့ပြန်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ကင်းလွတ်ခွင့် စာရင်းထဲ ဖေ့စ်ဘုတ်နဲ့ တွစ်တာတို့လို တကမ္ဘာလုံးက သူတွေနဲ့ ထိတွေ့ဆက်ဆံ နိုင်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေ မပါဝင်တာ သိသိသာသာကြီး တွေ့မြင် နေရတယ်လို့ ပြည်တွင်း ပြည်ပ အကဲခတ်တွေက ထောက်ပြ နေကြပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သဘောထားအမြင်တွေ၊ သတင်းအချက်အလက်တွေကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရေး အတွက် အင်တာနက် ဖြတ်တောက်တာတွေ လုပ်ခဲ့အပြီး၊ အခုအခါ သူတို့ ကြည့်စေချင်တဲ့ ခွင့်ပြုတဲ့ အွန်လိုင်း စာမျက်နှာတွေကိုပဲ မြန်မာပြည်သူတွေ ကြည့်ရှုနိုင်မယ့် အခြေအနေမျိုးရောက်အောင် ခြေလှမ်းလာတာလို့ ဝေဖန်သူတွေက ဆိုပါတယ်။
သတင်းတွေကို ရရှိပိုင်ခွင့်ဆိုတာ အခြေခံလူ့အခွင့်အရေး အဖြစ် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းထဲမှာ ထည့်သွင်းကာကွယ်ထားတဲ့ အရာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောထားပါတယ်။
ဒါ့အပြင်၊ အင်တာနက် ပိတ်ပင်မှုကြောင့် မြန်မာပြည်ထဲ ရိုက်ခတ်ခံစားရတဲ့ ဆိုးကျိုးတွေ အကြောင်းလဲ အမေရိကန် အစိုးရ နိုင်ငံခြားရေး ဌာနရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာ တစ်ခုဖြစ်တဲ့ ShareAmerica မှာ ရေးသားထားပါတယ်။
အင်တာနက် ပိတ်ပင် ကန့်သတ်တာဟာ နိုင်ငံရေး သက်သက် အပေါ်မှာသာမက ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကာလ၊ လူတွေ သိသင့်သိထိုက်တဲ့ သတင်း အချက်အလက်တွေ မရနိုင်တော့တဲ့ အန္တရာယ်မျိုးလည်း ဖြစ်လာစေခဲ့တယ်လို့ ထောက်ပြကြသူတွေ ရှိပါတယ်။
ဒါ့အပြင်၊ မိုဘိုင်း အင်တာနက်တွေကို စစ်ကောင်စီက ဖြတ်တောက်ခဲ့ချိန်မှာ ဒစ်ဂျစ်တယ် စီးပွားရေး တစ်ခုလုံး ပြိုလဲသွားကြောင်း ရန်ကုန် အခြေစိုက် စီးပွားရေး အသိုင်းအဝိုင်းက ပြောကြပါတယ်။
အဓိပ္ပာယ်ကတော့ မြန်မာပြည် စီးပွားရေးမှာ တစ်နေ့ကို အမေရိကန် ဒေါ်လာ ၂၄ သန်းကျော် ထိခိုက် နစ်နာသွားစေခဲ့တာ ဖြစ်တယ်လို့ အင်တာနက် သုံးစွဲမှုနဲ့ လုံခြုံရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ NetBlocks က ဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STR/AFP via Getty Images
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ကင်းလွတ်စာရင်းထဲ ဖေ့စ်ဘုတ်၊ တွစ်တာမပါဝင် အမေရိကန်နိုင်ငံသားတွေ မြန်မာပြည်က အမြန်ဆုံးခွာနိုင်ရင် အကောင်းဆုံးပဲလို့ ရန်ကုန်သံရုံးအကြံပြု
မြန်မာပြည်ကို အမေရိကန်နိုင်ငံသားတွေ အခုအချိန် လုံး၀ မသွားဖို့၊ မြန်မာပြည်ထဲ ရောက်နေသူတွေလည်း (ဘေးကင်းရန်ကင်း ထွက်လို့ ရတယ်ဆိုရင်) တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြဖို့ ရန်ကုန် အမေရိကန်သံရုံးက အကြံပြုထားပါတယ်။
ခရီးသွား၊ အလုပ် စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ မြန်မာနိုင်ငံထဲ ရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေကို ရည်ရွယ် အကြံပြုတာ အဖြစ် နားလည်ရပါတယ်။
မြန်မာပြည်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လက်ရှိ အကြံပြုချက်ဟာ အန္တရာယ်သတိပေး အမြင့်ဆုံး အဆင့် ၄ ဖြစ်တယ်ဆိုတာကိုလည်း ထပ်လောင်း ပြောထားပါတယ်။
သံရုံး၀န်ထမ်းတွေနဲ့ ပတ်သက်ပြီးတော့ မရှိမဖြစ်၊ မနေမဖြစ် တာ၀န်ရှိသူတွေက အပ၊ ကျန်သူတွေ၊ မိသားစုတွေ မြန်မာပြည်ကနေ ထွက်ခွာပြီး ပြန်လာလိုတယ်ဆိုရင် ပြန်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ မတ်လ အကုန်ပိုင်း ကတည်းက ပြောထားနှင့်ပြီး ဖြစ်ပါတယ်။
အခု မြန်မာပြည်ထဲ ရောက်နေတဲ့ အမေရိကန်နိုင်ငံသားတွေ ဆက်ပြီး မနေသင့်တော့ဘူးလို့ သံရုံးက အကြံပြုချက် ထုတ်ပြန်တာဟာ ရန်ကုန် အပါအ၀င် နိုင်ငံအနှံ့ မြို့တွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ပေါ်ပေါက်နေတဲ့အတွက် ဖြစ်ပါတယ်။
အပြင်ထွက်ရင် သတိနဲ့ နေဖို့၊ အမေရိကန် နိုင်ငံသား ဖြစ်ကြောင်း သက်သေ ပြနိုင်တဲ့ နိုင်ငံကူးလက်မှတ် ပတ်စပို့စာအုပ် ဆောင်သွားဖို့၊ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရန်ကုန်၊ မန္တလေးက မြို့နယ်တွေထဲ မသွားဖို့ စသဖြင့်လည်း အမေရိကန် သံရုံးရဲ့ အကြံပြုချက်ထဲ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, သံရုံးမိသားစုဝင်တွေ၊ မနေမဖြစ်ဝန်ထမ်းတွေ ပြန်လာလို့ရတယ်လို့လည်း ထုတ်ပြန်နှင့်ပြီးဖြစ် တရုတ်-ထိုင်ဝမ် ခြားနားမှု သမိုင်းကြောင်းနဲ့ အလားအလာ
မြန်မာအရေး အာဆီယံဆွေးနွေးပွဲကို လုံခြုံရေးကောင်စီ စောင့်ကြည့်နေ
မြန်မာ အရေး အာဆီယံ ထိပ်သီး အစည်းအ၀ေးကနေ ထွက်ပေါ် လာမယ့် ရလဒ်တွေကို လုံခြုံရေးကောင်စီက စိတ်အားထက်သန်စွာ စောင့်မျှော် နေတယ် ဆိုပြီး ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ် မစ္စ လင်ဒါ သောမတ်စ်-ဂရင်းဖီးလ်ဒ်က ပြောလာပါတယ်။
ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ ကြား ဘယ်လိုတွေ ပူးပေါင်း ဆောင်ရွက်နေလဲ ဆိုတဲ့အပေါ် ပြောကြဆိုကြတဲ့ လုံခြုံရေး ကောင်စီရဲ့စကား၀ိုင်းမှာ မစ္စသောမတ်စ်-ဂရင်းဖီးလ်ဒ် က အဲဒီလို ပြောခဲ့တာပါ။
“နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေး ဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ဆိုတာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တာ၀န်ပဲ ဖြစ်ပါတယ်။ မြန်မာအရေးဟာ အရေးတကြီး သဘောထားပြီး ချက်ခြင်း ကိုင်တွယ်ဖို့ လိုပါတယ်။ ဒီတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံ အစည်းအဝေးကနေ ထွက်ပေါ်လာမယ့်ရလဒ်ကို ၊ လုံခြုံရေးကောင်စီ အနေနဲ့ စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်” ဆိုပြီး မစ္စသောမတ်စ်-ဂရင်းဖီးလ်ဒ် ပြောသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN Web TV
ဓာတ်ပုံ ပုံစာ, မြန်မာအရေးဟာ အရေးတကြီး သဘောထားပြီး ချက်ခြင်း ကိုင်တွယ်ဖို့လို ဂျကာတာ ထိပ်သီးဆွေးနွေးပွဲနဲ့ NUG
ဆိုက်ဘာတိုက်ခိုက်မှုတွေအတွက် ရုရှားကို အမေရိကန်က ပိတ်ဆို့အရေးယူတုံ့ပြန်မယ်
တရုတ်စစ်လေယာဥ်တွေ အလုံးအရင်းနဲ့ ထိုင်၀မ်ဇုံထဲ ၀င်ရောက်ပြ
မြန်မာစစ်တပ်ကို စီးပွားရေးပိတ်ဆို့တာ အလုပ်ဖြစ်ပါ့မလား
မြန်မာစစ်တပ်ကို ထိရောက်တဲ့အရေးယူမှုလုပ်ဖို့နဲ့ R2P ကိုပါ ထည့်သွင်းစဉ်းစားဖို့ CRPH တိုက်တွန်း
