အမေရိကန် ရွေးကောက်ပွဲ

အမေရိကန် ရွေးကောက်ပွဲ သတင်းများ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ပူးပေါင်း ကြံစည်မှုနဲ့ မြန်မာ ၂ ယောက်ကို FBI ဖမ်းဆီး အမှုဖွင့်ထားပြီ

    စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ထိခိုက်နာကျင်အောင် အကြမ်းဖက် တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ပုဒ်မတပ် အရေးယူထားတယ် ဆိုပြီး အမေရိကန် ပြည်ထောင်စု၊ နယူးယောက် တောင်ပိုင်းဒီစတြိတ် အစိုးရရှေ့နေရုံးက ထုတ်ပြန်ပါတယ်။

    ဖြိုးဟိန်းထွဋ် ၂၈ နှစ်နဲ့ ရဲဟိန်းဇော် အသက် ၂၀ တို့ နှစ်ယောက်ကို အမြင့်ဆုံး ၅ နှစ် အထိ ထောင်ချနိုင်တဲ့ ပုဒ်မနဲ့ အမေရိကန် တရားရေး အာဏာပိုင်တွေက အရေးယူ လိုက်တာ ဖြစ်ပါတယ်။

    အဲဒီ မြန်မာနိုင်ငံသား နှစ်ယောက်ဟာ ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ရာ မြန်မာအာဏာသိမ်း စစ်တပ် အတွက် အလုပ်လုပ်ပေးနေတဲ့ ထိုင်းနိုင်ငံထဲက လက်နက်ပွဲစား တစ်ယောက်နဲ့ အတူ ပူးပေါင်းကြံစည်ခဲ့သူတွေ ဖြစ်ပြီး အဲဒီနှစ်ယောက်ကို နယူးယောက်မြို့မှာ လက်ရ ဖမ်းဆီးမိထားတယ်လို့လည်း အမေရိကန် တရားရေး အာဏာပိုင်တွေက ဆိုပါတယ်။

    သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ သူ့မှာ အန္တရာယ်ရှိနေပြီလို့ အမေရိကန် အာဏာပိုင်တွေထံ တရားဝင် တိုင်တမ်းခဲ့တဲ့နောက် အမေရိကန် ထောက်လှမ်းရေး FBI အဖွဲ့က ဒီအမှုကို တာဝန်ယူ ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

    ဖြိုးဟိန်းထွဋ်ဟာ သူ့ကို ထိုင်းနိုင်ငံထဲက လက်နက်ပွဲစားက အွန်လိုင်းကနေ ဆက်သွယ်လာပြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ရာ ငွေပေးခိုင်းစေခဲ့တယ်လို့ FBI အရာရှိတွေထံ ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

    ဦးကျော်မိုးထွန်းကို မြန်မာပြည်ကိုယ်စားပြု ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် နေရာကနေ ထွက်ပေးအောင် အကြမ်းနည်းသုံး ခြိမ်းခြောက်ဖိအား ပေးတဲ့ အနေနဲ့ တိုက်ခိုက်ဖို့ရာ ထိုင်းမှာရှိတဲ့လူက ညွှန်ကြား ခိုင်းစေတာလို့ နားလည်ရပါတယ်။

    တကယ်လို့ သံအမတ်ကြီးက ရာထူးနေရာကနေ ဖယ်မပေးဘူးလို့ ဆက်လက် ငြင်းဆန်နေမယ် ဆိုရင် သတ်ပစ်ဖို့ အထိ အဲဒီ လက်နက်ပွဲစားက ခိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။ ဦးကျော်မိုးထွန်းရဲ့ ကားတိမ်းမှောက် သွားအောင် ပြုလုပ်ဖို့ တိုင်ပင်ထားခဲ့ကြတယ်လို့ ထွက်ဆိုချက်တွေအရ သိရပါတယ်။

    ဇူလိုင်လ လကုန်ပိုင်းမှာတော့ ရဲဟိန်းဇော် ဆိုသူဟာ ဖြိုးဟိန်းထွဋ်နဲ့ ဆက်သွယ်လာပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၀၀၀ ကို နှစ်ကြိမ်ခွဲပြီး လွှဲပေးခဲ့တယ်လို့ ဆိုပါတယ်။တိုက်ခိုက်မှုတွေ ပြီးမြောက်သွားရင် နောက်ထပ် ဒေါ်လာ ၁၀၀၀ ထပ်ရမယ်လို့ သဘောတူထားတယ်လို့လည်း ဖြိုးဟိန်းထွဋ်က ထွက်ဆိုပါတယ်။

    ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့အတွက် လုံခြုံရေးကို စေတနာ့ ဝန်ထမ်း တာဝန်ယူပေးနေသူ တစ်ယောက်ကို ဖြိုးဟိန်းထွဋ်က စတင် ဝန်ခံ ပြောဆိုခဲ့ရာကနေ ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ ဒီအမှုကိစ္စ ပေါ်ပေါက်လာတာလို့ နားလည်ရပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ရဲ့ စာကို ဖတ်ကြားခဲ့တဲ့ ဦးကျော်မိုးထွန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ရဲ့ စာကို ဖတ်ကြားခဲ့တဲ့ ဦးကျော်မိုးထွန်း
  2. လက်နက်မှောင်ခိုသွင်းမှုနဲ့ အမေရိကန်သေနတ်ကုမ္ပဏီတွေကို မက္ကဆီကိုက တရားစွဲ

  3. တာလီဘန်ဝိုင်းထားတဲ့ မြို့ကို စွန့်ခွာဖို့ အရပ်သားတွေကို ဆော်သြ

  4. အာဆီယံဆွေးနွေးပွဲတွေမှာ သီတင်းတစ်ပတ်လုံး ဘလင်ကင်ရှိနေမယ်, မြန်မာအရေး အာဆီယံမူ ၅ ချက် အမြန် အကောင်အထည်ဖော်ဖို့ ဝန်ကြီးဘလင်ကင် ထပ်မံ တိုက်တွန်းလာဖွယ်ရှိ

    အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ အာဆီယံ နိုင်ငံတွေက အဆင့်မြင့် အရာရှိတွေနဲ့ အွန်လိုင်း တွေ့ဆုံ ဆွေးနွေးတာတွေကို ရှေ့သီတင်းပတ် ထဲမှာ နေ့စဥ် ပြုလုပ်သွားဖို့ ရှိတယ်ဆိုပြီး၊ အမေရိကန် နိုင်ငံခြားရေး ဌာနကနေ လာတဲ့ သတင်းတွေက ဆိုပါတယ်။

    ရှေ့သီတင်းပတ်ထဲ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ နှစ်လည် အစည်းအဝေး ရှိနေတာမှာ ဝန်ကြီးဘလင်ကင်လည်း ပါဝင်မှာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ထိုင်း တို့ ပါဝင်တဲ့ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေရဲ့ အစည်းအဝေးလိုမျိုး သီးခြား ကျင်းပတဲ့ အစည်းအဝေးတွေလည်း ဆက်တိုက် ရှိနေတာမှာ၊ အဲဒီ အစည်းအဝေး တွေမှာလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၅ ရက်ဆက်တိုက် ပါဝင်မှာ ဖြစ်တယ်လို့ သံတမန် အသိုင်းအဝိုင်းက ပြောနေတာ ဖြစ်ပါတယ်။

    ဒါဟာ အာဆီယံ နိုင်ငံတွေနဲ့ကြား ဆက်ဆံရေးကို သမ္မတ ဘိုင်ဒင် အစိုးရကအလေးထားနေတာကို ဖော်ပြနေတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။ လူဦးရေ သန်း ၆၀၀ ကျော် ရှိတဲ့ အာဆီယံ ဒေသမှာ စီးပွားရေး အင်အားကြီး တရုတ်ပြည်မကြီး အစိုးရရဲ့ ဩဇာလွှမ်းမိုးမှုတွေကို ချိန်ခွင့်လျှာညှိ တန်ပြန်နိုင်ဖို့ အမေရိကန်က ကြိုးစားနေတယ်လို့လည်း ဆိုကြပါတယ်။

    တခါ၊ အာဆီယံနိုင်ငံ တစ်ခုဖြစ်တဲ့ မြန်မာပြည်မှာ တကျော့ပြန် စစ်အာဏာ သိမ်းခံ ရပြီးနောက် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေဟာ နိုင်ငံတကာ အစည်းအဝေးတွေမှာ ထည့်သွင်း ဆွေးနွေးစရာ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

    ဒါ့ကြောင့် ရှေ့တစ်ပတ် အာဆီယံ အစည်းအဝေးတွေမှာလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင်က မြန်မာအရေး ဖြေရှင်းဖို့ရာ အာဆီယံ သဘောတူ ၅ ချက်ကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့ တွန်းအားပေး ပြောဆိုတာမျိုးတွေ ပြုလုပ်လာဖွယ် ရှိတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက စင်္ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် စတဲ့ အာဆီယံ ဒေသတွင်း နိုင်ငံတွေကို လူကိုယ်တိုင် ရောက်နေခဲ့တဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုက်အော်စတင်ကလည်း မြန်မာ အရေးနဲ့ ပတ်သက်ပြီး အာဆီယံ ကြားဝင်ရေး လမ်းကြောင်းကို အကောင်အထည် ဖော်ကြဖို့ တိုက်တွန်းတာမျိုး လုပ်ခဲ့ပါတယ်။

    အာဆီယံ

    ဓာတ်ပုံ ရင်းမြစ်, g

    ဓာတ်ပုံ ပုံစာ, အာဆီယံဒေသမှာ တရုတ်ဩဇာကို ချိန်ခွင်လျှာညှိဖို့ ဘိုင်ဒင်အစိုးရ အာရုံစိုက်လုပ်နေ
  5. ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရေး ဆန့်ကျင်သူ ဗိုင်းရပ်စ်ကြောင့် သေဆုံး

  6. တရုတ်နိုင်ငံဟာ နျူကလီယားလက်နက်တွေ တိုးချဲ့နေတယ်လို့ ပညာရှင်တွေပြော

  7. ကိုဗစ် ကာကွယ်ဆေး ခရီးသွား

  8. သောကြာဂြိုဟ်မှာရော သက်ရှိတွေ ရှိနိုင်သလား

  9. အာဖဂန်နဲ့ ပါကစ္စတန် နယ်စပ်ဖြတ်သန်းဂိတ်မှာ တာလီဘန် အလံလွှင့်ထား

  10. ဖရန့်တီးယား အုပ်ချုပ်မှု အယ်ဒီတာ မြန်မာအကျဥ်းထောင်ထဲ ကိုဗစ် လက္ခဏာတွေ ပြနေပေမယ့် ဘယ်လိုကုသ စစ်ဆေးမှုမျိုးမှ မရဘူးလို့ မိသားစုကပြော

    မြန်မာပြည်ထဲ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန် စာနယ်ဇင်းသမား ဒင်နီ ဖဲန်စတာ Danny Fenster မှာ ကိုဗစ်ရောဂါ ကူးစက် ထားနိုင်တဲ့ လက္ခဏာတွေ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်း ကတည်းက ပြသလာခဲ့ပေမယ့် ကိုဗစ်နဲ့ ပတ်သက်ပြီး ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှုမျိုးမှ ရရှိမနေဘူးဆိုပြီး သူ့ရဲ့ မိသားစုဝင်တွေက အမေရိကန် မီဒီယာတွေကို ပြောနေပါတယ်။

    “သူဟာ ဘယ်လိုကုသမှုမျိုး၊ စမ်းသပ်မှုမျိုးမှ ရမနေဘူး။ ကျွန်တော်တို့ အင်မတန် စိတ်ပျက်ရပြီး၊ တော်တော်လေးလည်း စိုးရိမ်နေကြပါတယ်” ဆိုပြီး အစ်ကို တော်စပ်သူ ဘရိုင်ယန် ဖဲန်စတာက အမေရိကန် ရုပ်သံသတင်းဌာန CNBC ကို ပြောပါတယ်။

    အသက် ၃၇ နှစ် အရွယ် ဒင်နီ ဖဲန်စတာဟာ ဖရန့်တီးယား သတင်းမဂ္ဂဇင်းရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ ဖြစ်ပြီး၊ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ မေလ ၂၄ ရက်နေ့ တုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကို သွားမယ့် လေယာဥ်ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက ဒင်နီ ဖဲန်စတာကို ပေးမတက်တော့ဘဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆောင်ခဲ့သူ တစ်ဦး အဖြစ် ဖဲန်စတာ့ အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားပြီး ဖဲန်စတာကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆို ထားပါတယ်။

    ဒင်နီ ဖဲန်စတာကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို ထားပါတယ်။

    ပြီးခဲ့တဲ့ လတုန်းက ဖဲန်စတာ့ကို ရုံးထုတ်ခဲ့ပြီး၊ နောက်ရုံးချိန်းကတော့ မနက်ဖြန် ဇူလိုင် ၁၅ ရက်၊ ကြာသပတေးနေ့လို့ နားလည်ထားပါတယ်။

    ဒင်နီဖဲန်စတာ

    ဓာတ်ပုံ ရင်းမြစ်, AFP/Getty

    ဓာတ်ပုံ ပုံစာ, ဒင်နီဖဲန်စတာရဲ့ မိဘနှစ်ပါးနဲ့ အစ်ကိုဖြစ်သူ။ အမေရိကန် မစ်ရှီဂန်ပြည်နယ်၊ ဟန်တင်တန်ဝုဒ်စ်မှာ လုပ်ခဲ့တဲ့ ဒင်နီဖဲန်စတာ လွတ်မြောက်ရေး လှုပ်ရှားမှု၊ ဇွန်လဆန်း ၂၀၂၁။
  11. ရှင်ကျန်းပြည်နယ်နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန် သတိပေး

  12. သမ္မတလုပ်ကြံခံရအပြီး နိုင်ငံခြားတပ်တွေ အကူအညီတောင်းလိုက်တဲ့ ဟေတီ

  13. ဟေတီသမ္မတကို လုပ်ကြံသူတွေ ပြည်ပက ကြေးစားတပ်သားတွေဖြစ်

  14. မြန်မာ့ဒီမိုကရေစီရေး နောက်ကြောင်းပြန်သူတွေကို အရေးယူနိုင်ရေး အမေရိကန် အားပေးတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ပြောဆို

    ဝန်ကြီးဘလင်ကင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်တပ်က အကြမ်းဖက် ဖိနှိပ်နေတာတွေ ရပ်ဖို့လည်း ဝန်ကြီးဘလင်ကင် တောင်းဆို

    မြန်မာပြည်သူတွေဟာ သူတို့ ကိုယ်တိုင် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ ပြည်လည် အသက်ဝင်နိုင်အောင် ကြိုးပမ်းနေတာကို အမေရိကန်ပြည်ထောင်စုက ခိုင်ခိုင်မာမာ အတူတကွ ရပ်တည်ပေးနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က သူ့ရဲ့ တွစ်တာ စာမျက်နှာကနေ တဆင့် ထုတ်ပြန်ပါတယ်။

    မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း ဝန်ကြီး ဘလင်ကင်က ဆိုပါတယ်။

    အဲဒီလို တွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောရင်းမှာပဲ မြန်မာပြည် ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်အောင် လှုပ်ရှားရုန်းကန်မှုတွေမှာ အမေရိကန် ပြည်ထောင်စုက အတူတကွ ရပ်တည်ကြောင်း ဝန်ကြီး ဘလင်ကင်က ထပ်လောင်း ကတိပြု ပြောဆိုတာ ဖြစ်ပါတယ်။

    မြန်မာပြည်သူတွေ အပေါ်စစ်တပ်က အကြမ်းဖက် ဖိနှိပ်နေတာတွေ ရပ်ဖို့လည်း အမေရိကန်က တောင်းဆိုကြောင်း ဝန်ကြီးဘလက်က ရေးသားထားပါတယ်။

    မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံခဲ့ကြောင်း ပြောခွင့်ရ နက်ဒ်ပရိုက်စ်ကလည်း အတည်ပြုပါတယ်။

    မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နောက်ကြောင်းပြန် ပြောင်းလဲပစ်သူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်ကြသူတွေကို အပြစ်ပေး အရေးယူနိုင်ရေးမှာလည်း အမေရိကန် အစိုးရက အားပေးကူညီမယ့် အကြောင်း ဝန်ကြီး ဘလင်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာအရပ်ဘက်အဖွဲ့တွေနဲ့ တွေ့ဆုံ

    ဓာတ်ပုံ ရင်းမြစ်, ရန်ကုန် အမေရိကန်သံရုံး

    ဓာတ်ပုံ ပုံစာ, မြန်မာအရပ်ဘက်အဖွဲ့တွေနဲ့ တွေ့ဆုံ
  15. အမေရိကန်ဩဇာကြီး ရှေ့နေအသင်းက စစ်ခေါင်းဆောင်ကို အိတ်ဖွင့်ပေးစာပို့

    ရူးအော့ဖ်လောကို ဖျက်သိမ်းတဲ့ မြန်မာစစ်တပ်ဆိုပြီး အေဘီအေ ဝေဖန်

    ဓာတ်ပုံ ရင်းမြစ်, ABA

    ဓာတ်ပုံ ပုံစာ, ရူးအော့ဖ်လောကို ဖျက်သိမ်းတဲ့ မြန်မာစစ်တပ်ဆိုပြီး အေဘီအေ ဝေဖန်

    မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတတို့ကို ဖမ်းဆီးထားတာကို ရှုတ်ချကြောင်း အမေရိကန် ရှေ့နေများ ဘားအသင်း ABA က ထုတ်ပြန်ပါတယ်။

    အာဏာသိမ်း စစ်ခေါင်းဆောင်ကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကို ABA ရဲ့ လက်ရှိ ဥက္ကဌ မစ္စ ပက်ထရစ်ရှာ လီရီဖိုက လက်မှတ်ထိုး ထုတ်ပြန်တာ ဖြစ်ပါတယ်။

    အဲဒီစာထဲမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး ရူးလ်အော့ဖ်လောကို ဖျက်သိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချတယ် ဆိုပြီး ရေးသားထားပါတယ်။

    စစ်တပ်ရဲ့လုပ်ရပ်တွေဟာ ဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု ဖော်ဆောင်ရေး။ ဒီမိုကရေစီ အခြေခံမူတွေနဲ့ အခြေခံဥပဒေနဲ့ညီတဲ့ အစိုးရတွေ ထူထောင်ထားရှိရေး ဆိုတဲ့ အာဆီယံ ပဋိညာဥ်ပါ အချက်တွေကို ချိုးဖောက် ရာရောက်နေတယ်လို့ အမေရိကန် ရှေ့နေများ ဘားအသင်းရဲ့ ဥက္ကဌက ထောက်ပြထားပါတယ်။

    အရပ်သားအုပ်ချုပ်ရေးကို ဖယ်ရှားတဲ့ လုပ်ရပ်၊ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်တွေကို မလေးစား မလိုက်နာတဲ့ လုပ်ရပ်တွေ အပေါ်မှာလည်း မစ္စ လီရီဖိုက ရှုတ်ချပါတယ်။

    စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ မြန်မာ တရားရေးစနစ်တစ်ခုလုံးကို ပစ်ပယ်လိုက်တာ ဖြစ်ပြီး၊ ရှေ့နေနဲ့ တရားသူကြီးတွေဟာ အမှီအခိုကင်း သီးသန့်လွတ်လပ်ဖို့ လိုတယ် ဆိုတဲ့ အခြေခံမူကိုပါ ပျက်စီးသွားစေတယ်လို့ ဆိုပါတယ်။

    သီးသန့်လွတ်လပ်တဲ့ တရား စီရင်ရေး အာဏာကို ပျက်ပျယ်စေတဲ့ မြို့နယ်တချို့မှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လုပ်ရပ်တွေ အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေရဲ့ ရှေ့နေတွေကိုပါ မရှောင် ပစ်မှတ်ထား ဖမ်းဆီးခံနေရတဲ့ အခြေအနေတွေဟာလည်း အင်မတန် စိုးရိမ်စရာ ကောင်းလှတယ်လို့ ရေးသားထားပါတယ်။

    စစ်ခေါင်းဆောင်တွေ အနေနဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲကို လေးစားပြီး အရပ်သား အစိုးရနဲ့ CRPH အဖွဲ့ဝင်တွေ အပါအဝင် ရွေးကောက်ခံ လွှတ်တော်ထံ အာဏာပြန်အပ်ဖို့ အေဘီအေ အဖွဲ့က တောင်းဆိုပါတယ်။

    ဒါ့အပြင် တရားစီရင်ရေး လွတ်လပ်မှု ရှိဖို့၊ ရှေ့နေတွေကို အန္တရာယ်မပြုဖို့၊ ဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးနေတာတွေ ရပ်ဖို့နဲ့ ကျုးလွန်တဲ့ စစ်အရာရှိတွေကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ အညီ အပြစ်ပေး အရေးယူ ဖို့ ဆိုတာတွေလည်း အေဘီအေ အဖွဲ့က အကြံပြုပါတယ်။

    အမေရိကန် ရှေ့နေများ ဘားအသင်းဟာ အမေရိကန်ပြည်ထောင်စုမှာ တရားလွှတ်တော်ရှေ့နေတွေ အပါအဝင် ဥပဒေ ပညာရှင်တွေ ပေါင်းစုထားတဲ့အင်အားအကြီးဆုံး ရှေ့နေအဖွဲ့ဖြစ်ပါတယ်။

    ဥပဒေကျောင်းတွေမှာ ပညာရပ်ပိုင်းဆိုင်ရာ စံနှုန်းတွေ သတ်မှတ်တဲ့ အခါမျိုး၊ ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်းရင် ထားရှိရမယ့် ကျင့်ဝတ်တွေကို အဓိပ္ပာယ်ဖွင့် ဖော်ဆောင် သတ်မှတ်တဲ့ အခါမျိုးတွေမှာ ဩဇာရှိ လွှမ်းမိုးတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။

    အေဘီအေရုံးချုပ်ဟာ ရှီကာဂိုမြို့၊ အီလီနွိုင်းပြည်နယ်မှာ ရှိပြီး ဝါရှင်တန်ဒီစီမြို့ ရုံးခွဲကလည်း နာမည်ကျော်ထင်ရှားတဲ့ အေဘီအေရုံးပဲ ဖြစ်ပါတယ်။

    ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲကို လေးစားဖို့လည်း အေဘီအေ တောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲကို လေးစားဖို့လည်း အေဘီအေ တောင်းဆို
  16. ပန်းကန်ပြားပျံ UFO တွေ အကြောင်း အမေရိကန် အစိုးရတရားဝင်ပြော

  17. အမေရိကန်ကုမ္ပဏီ ၂၀ဝ ကျော် ဆိုင်ဘာတိုက်ခိုက်ခံရ

  18. မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ စီးပွားဖက် တရုတ်ကုမ္ပဏီတွေကို အမေရိကန် နာမည်ပျက်စာရင်းသွင်း

    ဝမ်ပေါင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဝမ်ပေါင်ကနေ မြန်မာစစ်တပ် ဝင်ငွေတွေ ရနေတဲ့အတွက် ပိတ်ဆို့ရတာ ဖြစ်

    မြန်မာနိုင်ငံထဲက တရုတ်ပြည်မကြီး အစိုးရပိုင် ကုမ္ပဏီတွေကို အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲ ထည့်လိုက်ပါတယ်။

    အာဏာသိမ်း မြန်မာစစ်တပ်ကို အမေရိကန်က ဖိအားတွေ ဆက်ပေးနေတာမှာ၊ နောက်ထပ် လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ အပေါ် ကန့်သတ် ပိတ်ဆို့မှုတွေ ဇူလိုင် ၂ ရက်နေ့က ထပ်ပြီး ချမှတ် ခဲ့ပြန်ပါတယ်။

    စစ်ခေါင်းဆောင်ရဲ့ မွေးနေ့အကြို

    အာဏာသိမ်း စစ်ခေါင်းဆာင်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ အကြိုမှာ အခုလို အမေရိကန်ရဲ့ ထပ်ဆင့် ဒဏ်ခတ် အရေးယူမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးတဲ့နောက် တပ်ချုပ်ရာထူး ၆၅ နှစ် အသက်ကန့်သတ်ချက်ကို ပယ်ဖျက်ထားပါတယ်။

    အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဌာနက အရေးယူမှုတွေ ချမှတ်ကြောင်း မနေ့ ဇူလိုင် ၂ ရက်နေ့က ထုတ်ပြန်တဲ့ နာမည်ပျက် စာရင်းထဲ မုံရွာ၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းလို ကမ္ဘာသိ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တဲ့ နေရာတွေမှာ မြန်မာစစ်တပ်နဲ့ စီးပွားဖက် အလုပ်လုပ်နေတဲ့ တရုတ်အစိုးရပိုင် ဝမ်ပေါင် ကုမ္ပဏီနဲ့ သူ့ရဲ့ လက်ခွဲ ကုမ္ပဏီ ၂ ခု လည်း ပါဝင်တာ ဖြစ်ပါတယ်။

    ဝမ်ပေါင်သတ္တုတွင်းလုပ်ငန်း ၊ ဝမ်ပေါင်မြန်မာနဲ့ မြန်မာယန်စီ ကြေးနီထုတ်လုပ်ရေး လုပ်ငန်းတွေကနေ မြန်မာစစ်တပ်ဟာ ဝင်ငွေတွေ ရရှိနေတဲ့အတွက် ပိတ်ဆို့ရတာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ဆိုပါတယ်။

    ဒါအပြင် မြန်မာစစ်တပ်ကို ဂြိုဟ်တု ဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ပေးနေလို့ ဆိုပြီး King Royal Technologies လို့ ခေါ်တဲ့ ကုမ္ပဏီကိုလည်း တပါတည်း ပိတ်ဆို့ အရေးယူတဲ့ စာရင်းထဲ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဌာနက ထည့်သွင်းပါတယ်။

    ရွေးကောက်ခံ အစိုးရကို တရားမဝင် ဖယ်ရှားရာမှာ ကြံရာပါမှု

    တစ်ရက်တည်းမှာပဲ၊ အမေရိကန် ဘဏ္ဍာရေး​ဌာနကလည်း လူပုဂ္ဂိုလ် ၂၂ ယောက် ကို ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲ ထည့်ကြောင်း ကြေညာပါတယ်။

    အဲဒီ အထဲ အာဏာသိမ်း စစ်တပ်က တိုင်းရင်းသား နိုင်ငံရေး ပါတီတွေထဲကနေ ရွေးချယ်ပြီး စစ်ကောင်စီ အဖွဲ့ဝင်တွေ အဖြစ် ခန့်ထားတဲ့ စောဒင်နီရယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒေါ်အေးနုစိန် စတဲ့သူတွေ၊ တခါ ၊ စစ်ဗိုလ် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) နဲ့ ဒေါ်သက်သက်ခိုင်တို့ အပါအဝင် စစ်တပ်က ဝန်ကြီးနေရာ ပေးထားသူ ၄ ယောက်တို့လည်း ပါဝင်ပါတယ်။

    သူတို့ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရကို ဥပဒေနဲ့ မညီပဲ ဖယ်ရှားခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို အားပေး ထောက်ခံသူတွေ ဖြစ်လို့ အရေးယူရတာ ဆိုပြီး အမေရိကန် အစိုးရက ပြောထားပါတယ်။

    ကျန်တဲ့သူတွေကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ဇနီး ဒေါ်ကြူကြူလှက စလို့ ၊ စစ်ကောင်စီဝင် ထိပ်ဆုံးဗိုလ်ချုပ်တွေရဲ့ ဇနီးသည်တွေနဲ့ အရွယ်ရောက် သားသမီးတွေ ဖြစ်ပါတယ်။

    အခု ချမှတ်လိုက်တာတွေကို ကြည့်ရင် မြန်မာ စစ်ခေါင်းဆောင်တွေ အာဏာသိမ်းတာကို စွန့်ပြီး၊ ဒီမိုကရေစီကို ပြန် မသွားမခြင်း၊ အမေရိကန် အနေနဲ့ ဆက်ပြီး အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာကို ပြသနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထနီဘလင်ကင်က ပြောပါတယ်။

    စစ်ခေါင်းဆောင်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ အကြို အမေရိကန်က ထပ်ဆင့် အရေးယူ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်ခေါင်းဆောင်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ အကြို အမေရိကန်က ထပ်ဆင့် အရေးယူ
  19. တာလီဘန်တွေရဲ့ ထိပ်ဆုံးပစ်မှတ်ဖြစ်လာမယ့် အာဖဂန်နစ္စတန်က ဗဟို စစ်စခန်း

  20. စစ်ကောင်စီစစ်ကြောရေးမှာ အနှိပ်စက်ခံခဲ့ရကြောင်း သတင်းအယ်ဒီတာချုပ်ထွက်ဆို

    ကိုနေသန်မောင်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, စစ်ကြောရေးငရဲခန်းအကြောင်းပြောလာတဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်

    အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးမှု ခံနေခဲ့ရစဥ်အတွင်း ကိုယ်ထိလက်ရောက် ညှင်းပမ်း နှိပ်စက်တာတွေ တွေ့ကြုံ ခံစားခဲ့ရတယ်လို့ကမာရွတ်သတင်းမီဒီယာရဲ့ အယ်ဒီတာချုပ် ကိုနေသန်မောင်က ထုတ်ဖော် ပြောဆိုပါတယ်။

    “ပထမ ၃-၄ ရက်က အဆိုးဆုံးပဲ။ အထိုးခံရတယ်၊ မျက်နှာကို အရိုက်ခံရတယ်။ ဘာပြောပြောရိုက်တော့တာပဲ” လို့ ကိုနေသန်မောင်က ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ပစ်မှတ်ထားပြီး ဖျက်သိမ်းခဲ့တဲ့ အစောဆုံး သတင်းဌာနတွေထဲ ကမာရွတ် သတင်းမီဒီယာပါဝင်ပြီး၊ အမေရိကန်နိုင်ငံသား ဖြစ်နေတဲ့ အယ်ဒီတာချုပ် ကိုနေသန်မောင်ကို စစ်ကောင်စီက ၃ လကျော် ဖမ်းထားပြီးတဲ့နောက် ပြန်လွှတ်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

    ပူးတွဲတည်ထောင်သူ ကိုဟန်သာငြိမ်းကို ဆက်ပြီး ဖမ်းဆီးထားပါတယ်။

    ကိုနေသန်မောင်ဟာ သူဖမ်းခံထားရစဥ်အတွင်း နားအုံနှစ်ဘက်လုံးကို ပြင်းပြင်းထန် ရိုက်ခံရတာမျိုး၊ မျက်နှာအနှံ့ အထိုးခံရတာမျိုး ကိုယ်ထိလက်ရောက် နှိပ်စက် ခံခဲ့ရသလို ၊ လက်နောက်ပြန်ပစ် အနေအထားနဲ့ လက်ထိပ်ခတ်ထားခံရ၊ သီတင်း တစ်ပတ်ကျော် မျက်လုံးကို အဝတ်စီးပြီး စစ်ကြောမေးမြန်းတာ ခံခဲ့ရ စတာတွေ တွေ့ကြုံ ခဲ့ရတယ်လို့ ပြောပါတယ်။ ၃-၄ ရက် ဆက်တိုက် အိပ်ခွင့်မပေးပဲ ဆက်တိုက် စစ်မေးကြတယ်လို့ ဆိုပါတယ်။

    ကိုဟန်သာငြိမ်းအပါအဝင် အကျဥ်းထောင်ထဲ သူဆုံခဲ့ရသူတွေဟာ သူ့ထက်ပိုပြီးတောင်မှ အနှိပ်စက် အညှင်းပမ်း ခံခဲ့ရသူတွေ ဖြစ်တယ်လို့ ကိုနေသန်မောင်က ပြောပါတယ်။

    ဖမ်းဆီးထားသူတွေကို ဥပဒေအတိုင်း ပြုမူဆက်ဆံတယ်လို့ စစ်တပ်က ပြောလေ့ ရှိပေမယ့်၊ စစ်အစိုးရအဆက်ဆက်လက်ထက် နိုင်ငံရေး အကျဥ်းသားတွေဟာ ရုပ်ရောစိတ်ပါ ညှင်းပမ်း နှိပ်စက် ခံရကြောင်း တညီတညွတ်တည်း ထွက်ဆို ကြပါတယ်။