ကပေါင်းကျနဲ့လိပ်ခြံရွာမှာ သေနတ်ထိမှန်သေဆုံးထားတဲ့အလောင်းတွေဟာ ဒေသခံရွာသားတွေဖြစ်ကြောင်းမိသားစုဝင်တွေပြော

တန့်ဆည်မြို့နယ်ထဲက ကပေါင်းကျကျေးရွာနဲ့လိပ်ခြံကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မှုတွေကြောင့် သေဆုံးမှုတွေရှိ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အကျယ်လောင်ဆုံးဖြစ်ဖို့ ဆိတ်ဆိတ်နေတဲ့ သပိတ်

  2. ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်တဲ့ အမေရိကန် ပြန်ပေးဆပ်ရလိမ့်မယ်လို့ တရုတ်ပြော

  3. တန့်ဆည်မှာ စစ်ကောင်စီတပ်တွေ သတ်ဖြတ်၊ ဖျက်ဆီးမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေပြော

  4. မန္တလေးက လူငယ်တွေကို စစ်ကောင်စီ ကားနဲ့တိုက်ကာ ပစ်ခတ်ဖမ်းဆီး

  5. ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းချခြင်း- စစ်ဗိုလ်ချုပ်တို့ရဲ့ နည်းဟောင်း

  6. NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ဂျပန်ကိုတောင်းဆိုထား, ဂျပန် ပါတီစုံ ပါလီမန် အမတ်တွေနဲ့ NUG အစည်းအဝေးလုပ်မယ်

    NUG ဟာ သူတို့ကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရ အဖွဲ့အစည်း အဖြစ် အသိအမှတ်ပြုဖို့ ဂျပန်အစိုးရထံ စာရေးသားပေးပို့ ထားကြောင်း ဂျပန် ပြည်တွင်း သတင်းဌာနတွေက ပြောနေပါတယ်။

    ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနဲ့ နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာဆာ ဟာယာရှီတို့ထံကို လိပ်မူပြီး NUG က ပြီးခဲ့တဲ့လ (နိုဝင်ဘာ) တုန်းက စာတစ်စောင် ရေးသား ပေးပို့ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီစာထဲမှာ ဂျပန်နိုင်ငံထဲ NUG ရဲ့ ကိုယ်စာလှယ်ရုံး ဖွင့်လှစ်ထားရှိမယ် ဆိုတဲ့ အကြောင်းအရာလည်း ပါဝင်နေတယ်လို့ အဲဒီ အကြောင်းချင်းရာ ကိစ္စနဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဂျပန်မီဒီယာတွေက ရေးပါတယ်။

    ဂျပန် နိုင်ငံခြားရေး ဌာနဘက်ကတော့ NUG ထံကနေ အဲဒီလို စာမျိုး လက်ခံရရှိထားလာ ဆိုတဲ့ အချက်ကို အတည်မပြုပါဘူး။

    လက်ရှိ ဂျပန် အစိုးရရဲ့ ရပ်တည်ချက်ကို ကြည့်ရင် အာဏာသိမ်း စစ်ကောင်စီကို မြန်မာရဲ့ တရားဝင် အစိုးရ အဖြစ် အသိအမှတ်ပြုတယ်လို့ မပြောပေမယ့်၊ စစ်ကောင်စီ အပေါ် အနောက်အုပ်စု နိုင်ငံတွေ ပြုလုပ်နေတဲ့ စီးပွားရေး ဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတွေထဲလည်း မပါဝင်ပဲ ခပ်ကင်းကင်း နေတာ တွေ့ရတယ်လို့ အကဲခတ်တွေက ထောက်ပြကြပါတယ်။

    ဂျပန် ပါလီမန် အမတ်တွေထဲမှာတော့ မြန်မာ့ဒီမိုကရေစီ အရေး အားပေးကူညီနေကြသူတွေ ပါတီပေါင်းစုံမှာ ရှိနေပါတယ်။

    အဲဒီ ပါတီစုံက ဂျပန်အမတ်တွေနဲ့ NUG ယာယီ သမ္မတ ဒူဝါလရှီးလ အပါအဝင် တခြား တာဝန်ရှိသူတွေ ဒီဇင်ဘာ ၉ ရက်၊ ကြာသပတေးနေ့ကျရင် အွန်လိုင်းကနေ တဆင့် တွေ့ဆုံ ဆွေးနွေးကြဖို့ စီစဥ်ထားတယ်လို့ နားလည်ရပါတယ်။

    NUG

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, NUG ကို ထောက်ခံကြောင်း ပြတဲ့ တိုကျိုမြို့ ဆန္ဒပြပွဲ
  7. ကိုဗစ်ကာကွယ်ဆေးတွေ အိုမီခရွန်ကို ကာကွယ်နိုင်ခြေရှိတယ်လို့ WHO ပြော

  8. မြန်မာစစ်တပ်နဲ့ ဆက်စပ်သမျှ စီးပွားရေးဆိုရင် ဖေ့စ်ဘုတ်ပေါ်က ဖယ်ရှား

    ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ်တို့ရဲ့ မိခင်ကုမ္ပဏီ မက်တာ ‘Meta’ က သူတို့ပိုင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေ ပေါ်ကနေ မြန်မာ အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ကိုယ်စားပြုနေတဲ့ ပေ့ဂျ်စာမျက်နှာတွေ၊ ဂရုပ် အုပ်စုတွေ၊ အကောင့်တွေကို ဖယ်ရှားပါတယ်။

    အဓိပ္ပာယ်ကတော့ အာဏာသိမ်း စစ်တပ်ရဲ့ စီးပွားရေး အဖြစ် သိထားသမျှ လုပ်ငန်းတွေကို ဖေ့စ်ဘုတ် အပါအဝင် Meta ကုမ္ပဏီက ပိုင်တဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေပေါ်မှာ ရှိခွင့် မပေးတော့တာ ဖြစ်ပါတယ်။

    ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကိုယ်စားပြုပြီး အမေရိကန်နဲ့ ယူကေရောက် အဖွဲ့တွေက ဖေ့စ်ဘုတ်ကို အမုန်းတရား ဖြန့်ချီခွင့် ပေးခဲ့မှုကြောင့် ဒေါ်လာ ဘီလီယံ ၁၅၀ ရလိုကြောင်း တရားစွဲ လျှောက်ထားမှု ပေါ်ပေါက်လာအပြီး ရက်ပိုင်းမှာပဲ ဖေ့စ်ဘုတ် Meta ဘက်က အခုလို ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

    Meta ရဲ့ အာရှပစိဖိတ် မူဝါဒပိုင်း ဆိုင်ရာအကြီးအကဲ ရာဖာအယ် ဖရင်ကယ်ကတော့ ခုလို အရေးယူ ဆောင်ရွက်တာဟာ ရိုဟင်ဂျာအရေး လျော်ကြေးငွေတောင်းတဲ့ အမှုကိစ္စနဲ့ မသက်ဆိုင်ဘူးလို့ ဆိုပါတယ်။

    အာဏာသိမ်း မြန်မာစစ်တပ် အပေါ် “ဖေ့စ်ဘုတ် မက်တာ” ဘက်က ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေကို တိုးချဲ့ ဆောင်ရွက်တဲ့ အနေတဲ့ စစ်တပ်ပိုင် စီးပွားရေးတွေ၊ စစ်တပ်နဲ့ ပတ်သက် ဆက်စပ်နေတဲ့ လုပ်ငန်းတွေ အပေါ်မှာပါ အခုလို ပြုလုပ်ရတာ ဖြစ်တယ်လို့ မစ္စတာ ဖရင်ကယ်က ဆိုပါတယ်။

    အဲဒီလို ဆောင်ရွက်နိုင်ဖို့ရာ ဘယ်စီးပွားရေး လုပ်ငန်းတွေက မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်စပ်နေတယ် ဆိုတာကို ဖော်ပြနေတဲ့ သက်သေအထောက်အထားတွေ၊ စာရွက်စာတမ်းတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ထံကနေ ရရှိထားတယ်လို့လည်း မစ္စတာ ဖရင်ကယ်က ထုတ်ဖော် ပြောပါတယ်။

    လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ထံကို ဘဏ္ဍာငွေကြေးတွေ မစီးဝင်နိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပ်ပိုင် စီးပွားရေးတွေနဲ့ တပ်နဲ့ ပတ်သက် ဆက်စပ်မှု ရှိနေတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ အကြောင်း ဖော်ထုတ် နေတဲ့ Justice for Myanmar အဖွဲ့က Meta ဘက်က အခုလို ဆောင်ရွက်လာတဲ့ အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။

    ဖေဖေါ်ဝါရီ ၁ ရက်၊ မြန်မာ စစ်တပ်က တကျော့ပြန် အာဏာသိမ်းလိုက်တဲ့နောက် ဖေ့စ်ဘုတ်ဟာ သူတို့ရဲ့ ပလက်ဖောင်း ပေါ်မှာ စစ်တပ်ပိုင် စီးပွားရေးတွေ ကြော်ငြာတာကို ပိတ်ပင်နေတာကနေ အခုလို အကောင့်တွေ၊ စာမျက်နှာတွေ၊ ဂရုပ်အုပ်စုတွေ တည်ရှိခွင့် မပေးတော့တဲ့ အထိ တိုးချဲ့ အရေးယူ လာတဲ့ အပေါ် ကြိုဆိုတယ်လို့ Justice for Myanmar အဖွဲ့က ဆိုပါတယ်။

    မြန်မာစစ်တပ်က ရှယ်ယာ အများစု ဖြစ်စေ၊ အနည်းစု ဖြစ်စ ပါဝင်နေသမျှ စီးပွားရေး လုပ်ငန်းနဲ့ သက်ဆိုင်တာတွေကို ဖယ်ရှား သွားမှာ ဖြစ်တယ်လို့ Meta ကုမ္ပဏီက ကြေညာထားပါတယ်။

    ရှယ်ယာ အနည်းအများ မဆို မြန်မာစစ်တပ်နဲ့ ပတ်သက်နေရင် ဖေ့စ်ဘုတ်ပေါ်က ဖယ်ရှား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရှယ်ယာ အနည်းအများ မဆို မြန်မာစစ်တပ်နဲ့ ပတ်သက်နေရာ ဖေ့စ်ဘုတ်ပေါ်က ဖယ်ရှား
  9. အိန္ဒိယ - ရဟတ်ယာဥ် ပျက်ကျတဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး သေဆုံး

  10. ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းနင်းမိပီး ကလေးငယ်တစ်ချို့ ဒဏ်ရာရရှိ

  11. ဆားလင်းကြီးမြို့နယ်ထဲက ဒုန်းတောရွာမှာ လူငယ် ၁၁ ဦး ပစ်ခတ်ခံရ

  12. ဖရူဆိုမှာ သတ်ဖြတ်ခံလိုက်ရသူတွေထဲ အသက်မပြည့်သေးသူ ၄ ဦးပါဝင်တယ်လို့ ယူနီဆက်ဖ်ပြော

  13. ဆန္ဒပြသူတွေကို ကားနဲ့ တိုက် ဖြိုခွဲတာ ၁၉ ကြိမ်ရှိလာ

  14. အီးယူက တရုတ်ရဲ့ BRI စီမံကိန်းကြီးနဲ့ အပြိုင် ဘယ်လို စီမံကိန်းကြီးမျိုး လုပ်မှာလဲ

  15. ပန်းပင်ကြီးလမ်းပေါ်က အကျည်းတန်တဲ့ မနက်ခင်း

  16. စစ်ကောင်စီအပေါ် ဖိအားပေးရေး အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးရဲ့ အာဆီယံ ၄ နိုင်ငံ ခရီးစဥ် ပြီးဆုံး

    အမေရိကန် နိုင်ငံခြားရေးဌာနက ထိပ်တန်း အရာရှိ တစ်ယောက်ဖြစ်တဲ့ အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒင်နီရယ် ဂျေ ကရစ်တင်ဘရင့် Daniel J. Kritenbrinkဟာ သူ့ရဲ့ အာဆီယံ ၄ နိုင်ငံ ခရီး အဆုံးသတ်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

    သူဟာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူတွေကို သွားခဲ့အပြီး၊ အခု နောက်ဆုံး ထိုင်းနိုင်ငံမှာ ခရီးစဥ် အဆုံးသတ်တာ ဖြစ်ပါတယ်။ အခု ခရီးစဥ်အတွင်းမှာ မြန်မာ အာဏာသိမ်း စစ်တပ် ကျူးလွန်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်နိုင်ရေး ဘယ်လိုတွေ ဆက်လက် ဖိအားပေးမလဲ ဆိုတာက အစ၊ စာနာမှု အကူအညီတွေ ဝင်ရောက်နိုင်ဖို့နဲ့ မြန်မာပြည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားဖို့ ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ မစ္စတာ ကရစ်တင်ဘရင့်က အတည်ပြုပါတယ်။

    ဘန်ကောက်မြို့တော်မှာ ရှိတုန်း မစ္စတာ ကရစ်တင်ဘရင့် ပြောတဲ့ စကားထဲမှာ အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို အမေရိကန်ကိုရွေးမလား၊ တရုတ်ကို ရွေးမလား ဆိုပြီး ပြောမှာမဟုတ်ဘူးလို့ ပါဝင်ပါတယ်။

    မြန်မာစစ်ခေါင်းဆောင်ကို ချန်ထားခဲ့တဲ့ တရုတ် - အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတ ရှီကျင်းပင် ပြောခဲ့တဲ့ ပိုပြီး အရွယ်အစားကြီးမားတဲ့ နိုင်ငံက နိုင်ငံငယ်တွေ အပေါ် အနိုင်ကျင့် ဗိုလ်ကျတာမျိုး လုပ်မှာ မဟုတ်ဘူး ဆိုတဲ့ စကားကိုပဲ၊ အခု အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးကလည်း ပဲ့တင်ထပ်ပြီး ပြောပါတယ်။

    အားကြီးသူက ငယ်သူကို အနိုင်ကျင့် ဗိုလ်ကျမှု ကင်းတဲ့ ဥပဒေ ကျင့်ဝတ်တွေသာ စိုးမိုးတဲ့ အခြေအနေကို အတူတကွ မြှင့်တင် သွားကြမယ်လို့ မစ္စတာ ကရစ်တင်ဘရင့်က ပြောပါတယ်။

    အမေရိကန်ကိုရွေးမလား၊ တရုတ်ကို ရွေးမလား ဆိုပြီး ပြောမှာမဟုတ်

    ဓာတ်ပုံ ရင်းမြစ်, g

    ဓာတ်ပုံ ပုံစာ, "အမေရိကန်ကိုရွေးမလား၊ တရုတ်ကို ရွေးမလား ဆိုပြီး ပြောမှာမဟုတ်"
  17. ရုရှားရဲ့ ယူကရိန်းအရေးဟန့်တားမှု လက်မခံဘူးလို့ အမေရိကန် သတိပေး

  18. အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်အတွက် အစိုးရိမ်မလွန်ဖို့ WHO ပြော

  19. စစ်ပွဲဒေသတွေကို အရောက်သွား ဆေးကုပေးနေတဲ့ လူငယ်တွေ

  20. ပျောက်ဆုံးနေဆဲကျောင်းသားတဦး