အစိုးရဖွဲ့ဖို့ အများစု နိုင်ခြေရှိနေတဲ့ NLD

၂၀၂၀ မြန်မာရွေးကောက်ပွဲ သတင်းများ တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မရမ်းကုန်းမှာ ခပ်ခွာခွာ တန်းစီဖို့ခက်

    မရမ်းကုန်းမြို့နယ်မှာ ကျောင်းဝန်းတခုထဲမှာ မဲရုံ လေးရုံပေါင်းထားတာကြောင့် မဲပေးသူတွေ မဲရုံ မဖွင့်ခင် တစ်နာရီ ကြိုရောက်ပြီး မနက် ၅ နာရီ ကတည်းက လာတန်းစီနေကြပါတယ်။

    Mayangone

    ဓာတ်ပုံ ရင်းမြစ်, Ye Kyaw Thu

  2. လှိုင်သာယာက မဲပေးဖို့ တန်းစီနေကြသူတွေ

    ဒီကနေ့ စက်ရုံ၊အလုပ်ရုံတွေ ပိတ်လို့ လှိုင်သာမြို့နယ်က စက်ရုံအလုပ်သမားတွေလည်း မဲပေးကြမှာ ဖြစ်ပါတယ်။

    ဒီမြို့နယ်မှာ တခြားဒေသတွေက လာရောက် အလုပ်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အများအပြားရှိပါတယ်။

    မဲပေးသူတွေ
    မဲပေးသူတွေ
  3. တောင်ဥက္ကလာက မဲပေးသူတွေ

    ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်က မနက်စောစော မဲရုံစဖွင့်ချိန် မဲပေးကြမယ့်သူတွေပါ။

    ကိုဗစ်ကပ်ကာလ ဖြစ်တာကြောင့် မဲရုံကို ဝင်ဖို့ ခပ်ခွာခွာ တန်းစီကြရပါတယ်။

    မဲပေးသူတွေ

    ဓာတ်ပုံ ရင်းမြစ်, Kyi Maw

    မဲပေးသူတွေ

    ဓာတ်ပုံ ရင်းမြစ်, Kyi Maw

  4. မဲစတင်ပေးနေကြပြီ

    မြန်မာနိုင်ငံအနှံ့က မဲရုံတွေမှာ မနက် ၆ နာရီ မဲရုံ စဖွင့်ချိန် မဲပေးဖို့ စရောက်လာကြပါပြီ။

    မုံရွာမြို့က မဲဆန္ဒရှင်တွေ မဲရုံဖွင့်ချိန် မဲစပေးဖို့ ရောက်လာကြတာ ဖြစ်ပါတယ်။

    မုံရွာကမဲပေးသူတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    မုံရွာက မဲပေးသူတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    မုံရွာက မဲပေးသူတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

  5. ရွေးကောက်ပွဲသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ

    မင်္ဂလာ မနက်ခင်းပါ။ ၂၀၂၀ မြန်မာ အထွေထွေ ရွေးကောက်ပွဲသတင်းတွေ တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။

    မဲရုံတွေ စဖွင့်ချိန် မနက် ၆ နာရီက စလို့ မဲရုံတွေမှာ မဲပေးကြပုံတွေနဲ့ရွေးကောက်ပွဲနေ့ တစ်လျှောက်လုံး ဖြစ်ပေါ်တိုးတက်မှုတွေကို အချိန်နဲ့ တစ်ပြေးညီ တင်ဆက်မှာ ဖြစ်ပါတယ်။

    ဘီဘီစီမြန်မာပိုင်း သတင်းထောက်တွေရဲ့ သတင်းပေးပို့မှုတွေကို ဘီဘီစီရဲ့ ဖေ့စ်ဘွတ်ခ်၊ ယူကျုနဲ့ ရေဒီယို တို့မှာလည်း တင်ဆက်မှာ ဖြစ်ပါတယ်။