နာဂစ်ဒဏ်ခံခဲ့ရတာ ၇နှစ်ပြည့်ပြီ

ဓာတ်ပုံ ရင်းမြစ်, AFP
နာဂစ် ဆိုင်ကလုန်း မုန်တိုင်း မြန်မာနိုင်ငံ ကို ဝင်ရောက် တိုက်ခိုက် ခဲ့တာ ၇ နှစ် ပြည့် ပြီ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံ ရဲ့ သဘာဝ ဘေးဒဏ် သမိုင်း မှာ အဆိုးဆုံး ဖြစ်တဲ့ နာဂစ် မုန်တိုင်း ကြောင့် လူ တွေ သိန်းချီ အသက် ဆုံးရှုံး ခဲ့ ရပြီး လူ သန်းပေါင်း များစွာ ရဲ့ ဘဝ တွေ ထိခိုက် ခံစား ခဲ့ ရပါတယ်။
နာဂစ် ဒဏ် ကို အဆိုးရွား ဆုံး ခံခဲ့ ရတဲ့ ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသ၊ လပွတ္တာ မြို့ က ဒေသခံ ဆားတောင်သူ တစ်ဦး ကတော့ ဆားလုပ်ငန်း အပါအဝင် ဒေသခံ တွေ ရဲ့ လယ် လုပ်ငန်း၊ ရေ လုပ် ငန်း တွေဟာ ၇ နှစ် ကြာ အချိန် မှာလည်း နာဂစ် မတိုင် မီ အခြေ အနေ ကို ပြန်လည် မပြည့်မီ ပဲ ဆုတ်ရုတ် ကျဆင်း နေဆဲ ဖြစ် တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။
နာဂစ် နောက်ပိုင်း ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသ မှာ နိုင်ငံတကာ အကူ အညီ နဲ့ မုန်တိုင်း ဒဏ် ကျခံ နိုင်ဖွယ်ရာ ဒေသတွေ မှာ cyclone shelter လို့ ခေါ် တဲ့ မုန်တိုင်းဒဏ် ခံ နိုင် ရည် ရှိတဲ့ အဆောက်အဦ မျိုး တွေ ကို ဆောက် လုပ် ပေး ခဲ့ ပေမယ့် ကြီးကြပ် စိစစ်မှု အားနည်း တဲ့ အတွက် အရည်အသွေး မပြည့်မီ တာတွေ တွေ့ နေရတယ် လို့ ဒေသ ခံ တချို့ က ပြော ပါတယ်။
ဒါ့ အပြင် သတင်း အချက် အလက် တိကျ ခိုင်လုံ တဲ့ မုန်တိုင်း ကြိုတင် အသိပေး မှု တွေ ဟာ လူတွေ ရဲ့ ကြား ရောက် ရှိနိုင်မှု အားနည်း နေလို့ နာဂစ်ဒဏ် ခံခဲ့ရဖူး တဲ့ သူတွေ အတွက် မုန်တိုင်း သံကြားရင် ကျီးလန့်စာစား ဖြစ်နေရ တယ် လို့လည်း ဆိုပါတယ်။




