မယ်တော်ဆေးခန်း လုပ်ငန်းတွေကို ဒေါက်တာစင်သီယာမောင် ရှင်းပြနေ

ဓာတ်ပုံ ရင်းမြစ်, others
ထိုင်း နိုင်ငံ မဲဆောင်မြို့ အခြေစိုက် မယ်တော် ဆေးခန်း ကို တည်ထောင်ခဲ့ တဲ့ ဒေါက်တာ စင်သီယာမောင် ဟာ အမေရိကန် ပြည်ထောင်စု ကို ရောက်ရှိ နေပြီး ဟားဗတ် တက္ကသိုလ် အပါအဝင် အခြား အမေရိကန် တက္ကသိုလ် ကြီးတွေ မှာ မယ်တော် ဆေးခန်း ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေပုံ တွေ ကို လှည့်လည် ရှင်းပြ နေပါတယ်။
ဒေါက်တာ စင်သီယာမောင် ရဲ့ မယ်တော် ဆေးခန်းဟာ ထိုင်း နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သား တွေ ၊ ဒုက္ခသည် တွေ နဲ့ မြန်မာ -ထိုင်း နယ်စပ် က တိုင်းရင်းသား တွေ ကို ကျန်းမာရေး စောင့်ရှောက် မှုတွေ ပေးနေတာ ၂၅ နှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး နဲ့ ဒီမိုကရက်တစ် လူ့ဘောင် ထွန်းကားရေး ကို ကူညီ အားပေးနေ တဲ့ အမေရိကန် အစိုးရ ရဲ့ ယူအက်စ် အိတ်ဒ် USAID အေဂျင်စီ အဖွဲ့ အပါအဝင် Open Society Institute တို့လို့ အစိုးရ နဲ့ မဆိုင်တဲ့ NGO အဖွဲ့ မျိုးတွေ ကနေ ၊ မယ်တော် ဆေးခန်း ကို လာမယ့် ၂ နှစ် မှာ ဆက်လက် ပံ့ပိုး ပေးသွား မှာ ဖြစ်ကြောင်း ဒေါက်တာ စင်သီယာမောင် က ပြောပါတယ်။
မယ်တော် ဆေးခန်း ရဲ့ ဆောင်ရွက်နေပုံ တွေ ကို အလှူရှင် အဖွဲ့ တွေ ကို ရှင်းပြရင်း၊ ပူးပေါင်းဆောင် ရွက် ကြမယ့် အသေးစိတ် အစီအစဉ် တွေ ကိုလည်း သက်ဆိုင်ရာ အဖွဲ့ တွေ က တာဝန် ရှိသူ တွေ နဲ့ ဆွေးနွေး သွားဖို့ ရှိတယ် လို့ ဒေါက်တာ စင်သီယာမောင် က ဆိုပါတယ်။




