သီလဝါ အထူးဇုံမှာ လုပ်ကိုင်ခွင့် စရနေပြီ

land_acquisition_sez_land_bill_
ဓာတ်ပုံ ပုံစာ, အထူးစီးပွားရေးဇုံ အတွက် မြေနေရာ
ရေးသားခဲ့သည်။

သီလဝါ အထူး စီးပွားရေးဇုံ စီမံကိန်း SEZ မှာ ရင်းနှီးမြှုပ်နှံ လုပ်ငန်း လုပ်ကိုင်ဖို့ လျှောက်ထားကြတဲ့ အထဲက၊ ဂျပန်ပိုင် လုပ်ငန်း ၂၃ခု အပါအဝင်၊ လောလောဆယ် ကုမ္ပဏီ ၄၃ ခုကို သက်ဆိုင်ရာ က အတည်ပြု လက်ခံ ထားတယ် လို့ သိရပါ တယ်။

မြေဧရိယာ ဟက်တာ စုစုပေါင်း ၂၄၀၀ လောက် ရှိတဲ့ အထူး စီးပွားရေး ဇုံရဲ့ စီမံကိန်း ပထမအဆင့် ဟက်တာ ၄၀၀ ကျော်မှာ ဒီ ကုမ္ပဏီတွေ ဟာ ရင်းနှီး မြှူပ်နှံခွင့် ရတာ ဖြစ်ပါ တယ်။

အထူး စီးပွားရေးဇုံ ဥပဒေအရ ကနဦး လုပ်ကိုင်ခွင့် အနှစ် ၅၀ အပြင်၊ နောက်ထပ် သက်တမ်းတိုး ၂၅နှစ် နဲ့ စုစုပေါင်း (၇၅)နှစ် လုပ်ကိုင်ခွင့် ရမှာ ဖြစ်ပါ တယ်။

အခု အကောင်အထည် ဖော်နေ တဲ့ သီလဝါ အထူး စီးပွားရေးဇုံ ပထအဆင့် စီမံကိန်းဟာ လာမယ့် (၂၀၁၅) နှစ်လယ် လောက်မှာ လုပ်ငန်း တွေ စတင် လည်ပတ်ဖို့ မျှော်လင့် ထားပါတယ်။

မြန်မာနိုင်ငံမှာ မြေယာ အငြင်းပွားမှု နဲ့ နိုင်ငံရေး ပြဿနာတွေ ကြောင့်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေ ၀င်သင့်သလောက် မ၀င်ဘူးဆို တဲ့ ဝေဖန်မှုတွေ ရှိနေပေ မယ့်၊ ရင်းနှီးမြုပ်နှံမှု နဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန က ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး ကတော့၊ မနှစ်က ဆိုရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ၄ ဘီလီယံကျော် ရှိခဲ့ပြီး၊ ခန့်မှန်း ထားတာထက် ၁ ဘီလီယံ ကျော် ပို ခဲ့တာ ဖြစ်တယ် လို့ ဘီဘီစီ ကို ပြောပါ တယ်။