သီလဝါ လျော်ကြေး ကိစ္စ ညှိနှိုင်းလို

thilawa

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သီလဝါ ရှယ်ယာ အရောင်းသွက်
ရေးသားခဲ့သည်။

သီလဝါ အထူး စီးပွားရေး ဇုန် လျော်ကြေး အစိုးရ ပေးတာဟာ နိုင်ငံတကာ စံချိန်နဲ့ ကွာနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဒီကိစ္စ ညှိနှိုင်း အရေးဆိုဖို့ ဇုန် စီမံကိန်း ဆောင်ရွက်တဲ့ ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ တွေ့ဆုံခွင့် တောင်းပေမယ့် JICA ဘက်က တွေ့ခွင့် မပြန်ကြားဘူးလို့ ဆိုပါတယ်။

JICA ဘက်က ဒီကိစ္စ အရေးယူ ဆောင်ရွက်ပြီးကြောင်း တုံ့ပြန်ပေမယ့် ဘယ်လို ဖြေရှင်းပေးတယ် ကိုတော့ မသိရပါဘူး။

မြေယာ စွန့်လွှတ်ရတဲ့ လယ်သမား တွေကို သီးနှံ လျော်ကြေး ၆ နှစ်စာပဲ ပေးပြီး လျော်ကြေးယူဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေ ရှိတယ်လို့ တောင်သူတွေ ဘက်က ဆိုပါတယ်။