တမီလ်နာဒူးမှာ အိန္ဒိယ စစ်တပ်အကြီးအကဲ လိုက်ပါလာတဲ့ ရဟတ်ယာဥ်ပျက်ကျပြီး ဗိုလ်ချုပ်ကြီး သေဆုံး

ရဟတ်ယာဥ်ပေါ် စုစုပေါင်း လူ ၁၄ ယောက် လိုက်ပါသွား

ဓာတ်ပုံ ရင်းမြစ်, ANI

ဓာတ်ပုံ ပုံစာ, ရဟတ်ယာဥ်ပေါ် စုစုပေါင်း လူ ၁၄ ယောက် လိုက်ပါသွား
ရေးသားခဲ့သည်။

အိန္ဒိယ စစ်တပ်ရဲ့ စစ်ဦးစီးချုပ်နဲ့ မိသားစုကို တင်ဆောင်လာတဲ့ ရဟတ်ယာဥ် တမီလ်နာဒူး ပြည်နယ်မှာ ပျက်ကျသွားရာက ဗိုလ်ချုပ်ကြီး သေဆုံးသွားပြီလို့ အိန္ဒိယ လေတပ်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး ဘီပင်ရာဝါ့တ် အပြင် သူ့ဇနီးနဲ့ တခြား ၁၁ ဦး ရဟတ်ယာဥ်ပျက်ကျမှုမှာ သေဆုံးခဲ့ပါတယ်။

အိန္ဒိယ စစ်တပ်ရဲ့ စစ်ဦးစီးချုပ်နဲ့ မိသားစုကို တင်ဆောင်လာတဲ့ ရဟတ်ယာဥ် တမီလ်နာဒူး ပြည်နယ်မှာ ပျက်ကျ သွားပါတယ်။

ရဟတ်ယာဥ်ပေါ် စုစုပေါင်း လူ ၁၄ ယောက် လိုက်ပါသွားတယ်လို့ နားလည်ရပါတယ်။

ဗိုလ်ချုပ်ကြီး ဘီပင်ရာဝါ့တ်နဲ့ မိသားစုကို တင်ဆောင်လာတဲ့ Mi-17V5 အမျိုးအစား ရဟတ်ယာဥ်ဟာ တမီလ်နာဒူးပြည်နယ် တောင်ပေါ် စခန်းမြို့တစ်ခုဖြစ်တဲ့ ကူနောရ် မြို့ အနီး မှာ ပျက်ကျ ခဲ့တာ ဖြစ်တယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။

ဒေသန္တရ အာဏာပိုင်တချို့ရဲ့ အဆိုအရ ပျက်ရာရာ နေရာကနေ အ အလောင်း ၄ လောင်းကို ရရှိထားပြီး၊ ဒဏ်ရာရသူ ၃ ဦးကို ဆေးရုံကို ပို့ထားတယ်ကြောင်းလည်း အစောပိုင်းသတင်းတွေအနေနဲ့ ဘီဘီစီက သိထား ရပါတယ်။

ရဟတ်ယာဥ် ပျက်ကျရာ နေရာကနေ မီးခိုးလုံးတွေ ထိုးတက်နေခဲ့ပြီး၊ အပျက်အစီး အပိုင်းအစတွေ မြေပြင်ပေါ် ပြန့်ကျဲနေတာကိုလည်း တွေ့ရပါတယ်။

အလောင်း ၄ လောင်း ရရှိထား

ဓာတ်ပုံ ရင်းမြစ်, ANI

ဓာတ်ပုံ ပုံစာ, အလောင်း ၄ လောင်း ရရှိထား

ဗိုလ်ချုပ်ကြီး ဘီပင်ရာဝါ့တ်နဲ့ မိသားစုကို သယ်ဆောင်လာတဲ့ အဲဒီ ရဟတ်ယာဥ်ဟာ ဆူလားလ် ဆိုတဲ့ တပ်အခြေစိုက် စခန်းကနေ ပျံတက်လာခဲ့ပြီး ဝယ်လ်တန်မြို့ရှိရာဆီ ဦးတည်ပျံသန်းခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ စစ် ဦးစီးချုပ် ဆိုတဲ့ ရာထူးကို ဇန်နဝါရီ ၂၀၁၉ တုန်းက စတင် ဖော်ဆောင်ထားရှိခဲ့ပြီး အခု ရဟတ်ယာဥ် ပျက်ကျရမှာ ပါတဲ့ ဗိုလ်ချုပ်ကြီး ရာဝါ့တ်ဟာ အဲဒီရာထူး နေရာမှာ ပထဆုံး ခန့်အပ်ထား ခံရသူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ရာဝါ့တ်ဟာ ကြည်းရေလေ စစ်ဦးစီးချုပ်များ ပူးတွဲ ကော်မတီရဲ့ ဥက္ကဌ ဖြစ်ပါတယ်။

အခု ရဟတ်ယာဥ် ပျက်ကျမှုကို တရားဝင် စုံစမ်းမှုတွေ ပြုလုပ်နေပြီး အိန္ဒိယ ကာကွယ်ရေး ဝန်ကြီး ရာဂျ်နာ့သ် ဆင်းဂ်က အနီးကပ် စောင့်ကြည့် ကြီးကြပ်ပေးနေတယ်လို့ ဆိုပါတယ်။