ဘူသီးတောင်က အချုပ်သား ၄ ဦးမှာ ကိုဗစ်တွေ့

စစ်တွေ အမှတ် ၁ ရဲစခန်းက ရဲဝန်ထမ်းတွေနဲ့ အချုပ်သားတွေမှာ စက်တင်ဘာလမှာ ကိုဗစ်စစ်ဆေးတွေ့ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, စစ်တွေ အမှတ် ၁ ရဲစခန်းက ရဲဝန်ထမ်းတွေနဲ့ အချုပ်သားတွေမှာ စက်တင်ဘာလမှာ ကိုဗစ်စစ်ဆေးတွေ့ရှိခဲ့
ရေးသားခဲ့သည်။

ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး ဘူးသီးတောင် အကျဉ်းထောင်က အချုပ်သား ၄ ဦးမှာ နိုဝင်ဘာ ၅ ရက်က ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

တွေ့ရှိခဲ့သူတွေမှာ ရောဂါလက္ခဏာ ပြတာမရှိဘူးလို့ သူက ပြောပါတယ်။ အကျဥ်းထောင်ကို မပို့ခင် ကိုဗစ်စစ်ဆေးဖို့ စည်းမျဥ်းတွေအရ အချုပ်သားတွေကို စစ်ဆေးခဲ့ရာက အခုလို ပိုးတွေ့ခဲ့တာလို့လည်း သူ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနဲ့ ဘူးသီးတောင် အကျဉ်းထောင် ၄ ခုမှာ ဘူးသီးတောင်ထောင်မှာ အချုပ်သား ၄ ဦးမှာ အခုအခါ ကိုဗစ်ပိုးတွေ့ စတင်တွေရှိခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာလတုန်းကလည်း ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ရဲဝန်ထမ်း ၂၀ ဦးနဲ့ အချုပ်သား ၂၀ နီးပါးတို့မှာ ကိုဗစ်ပိုးကူးစက်ခံခဲ့ရပါတယ်။

မောင်တောခရိုင်အတွင်းမှာတော့ ကိုဗစ်ပိုးတွေ့သူက ၄၀၀ နီးပါးရှိနေပြီး ဆေးရုံက ဆင်းခွင့်ရသူ ၃၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ မနေ့က တစ်နေ့တည်းမှာ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှာ ၅ ဦးနဲ့ ဘူးသီးတောင်ထောင်မှာ ၄ ဦး ထပ်တိုးခဲ့တယ်လို့ ခရိုင် အုပ်ချုပ်ရေးမှူးက ပြောဆိုပါတယ်။

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ပျံ့နှံ့ဖြစ်ပွားမှု ၂၀၂၀၊ ၂၀ အောက်တိုဘာ

ပိုးတွေ့ ပိုးတွေ့ပြန်လည်သက်သာ ပိုးတွေ့သေဆုံးလူနာ
စက်ဝိုင်းကိုအတည်ပြုမှုအရေအတွက်ကိုပြသထားတယ်။
ဒေသ
ပိုးတွေ့
ပိုးတွေ့ပြန်လည်သက်သာ
ပိုးတွေ့သေဆုံးလူနာ
၂,၄၈၆
၃၄,၉၃၉
၁,၈၀၇
ရှမ်းပြည်နယ်
၁၆၇
၃၄,၉၃၉
၁,၈၀၇
ရန်ကုန်တိုင်းဒေသကြီး
၅၇,၅၆၅
၅၄၀
၄၆
ရခိုင်ပြည်နယ်
၅,၁၃၃
၆၀
ပဲခူးတိုင်းဒေသကြီး
၂,၉၉၄
၁၆
နေပြည်တော် ပြည်ထောင်စုနယ်မြေ
၄၈၆
မန္တလေးတိုင်းဒေသကြီး
၂,၂၀၀
ဧရာဝတီတိုင်းဒေသကြီး
၁,၄၈၃
မွန်ပြည်နယ်
၁,၀၈၁
မကွေးတိုင်းဒေသကြီး
၆၃၉
စစ်ကိုင်းတိုင်းဒေသကြီး
၅၆၂
၁၈
ကရင်ပြည်နယ်
၃၂၂
၅၈
တနင်္သာရီတိုင်းဒေသကြီး
၂၃၉
ကယားပြည်နယ်
၂၂၅
ချင်းပြည်နယ်
၁၂၃
၃၀
ကယားပြည်နယ်

ရင်းမြစ် - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

နောက်ဆုံးပြင်ဆင်သည့်အချိန် - ၂၀၂၀၊ ၂၀ အောက်တိုဘာ GMT+၆:၃၀ ၀၆:၃၀

သေဆုံးသူက မောင်တော ဆေးရုံမှာ ၁ ဦးနဲ့ ဘူးသီးတောင် ဆေးရုံမှာ ၁ ဦးတို့ ဖြစ်ကြပါတယ်။

ရခိုင်တစ်ပြည်နယ်လုံး ဆေးရုံတက် ကုသသူ ၁၇၂ ဦး၊ အများဆုံးက အမ်းနဲ့ မောင်တောမြို့နယ်တို့ဖြစ်ပြီး လူနာ ၂၈ ဦးစီ ရှိတယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး စိုးဝင်းပိုင်က ပြောပါတယ်။

ကိုဗစ်နဲ့ သေဆုံးတာကလည်း မောင်တောခရိုင် အတွင်းမှာ ၂ ဦးထိ ရှိနေပြီ ရခိုင်တစ်ပြည်နယ်လုံးမှာ ၂၁ ဦးရှိသွားပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် အတွင်း ဆေးရုံက ဆင်းသွားတဲ့ လူနာက ၂၇၀၀ ကျော်ရှိသလို စစ်တွေမှာ ပိုးတွေ့လူနာ အရေအတွက် ကျဆင်းသွားပေမယ့် နယ်မြို့ တွေမှာ ထပ်တိုးနေတာတွေရှိတာကြောင့် ချမှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို လိုက်နာ နေထိုင်ကြဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာ စိုးဝင်းပိုင်က ပြောပါတယ်။