၇၃ကြိမ်မြောက်အာဇာနည်နေ့ အာဇာနည်ဗိမာန်တစ်နေရာကိုပဲအများပြည်သူဝင်ခွင့်ပြုမယ်

၇၁ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ မြင်တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၇၁ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား
ရေးသားခဲ့သည်။

လာမယ့်ဇူလိုင် ၁၉ ရက်နေ့မှာကျရောက်မယ့် ၇၃ ကြိမ်မြောက်အာဇာနည်နေ့အခမ်းအနားကို ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်ချက်အချို့နဲ့အတူကျင်းပသွားဖို့စီစဉ်နေတယ် လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကနေသိရပါတယ်။

ဒီနှစ်အခြေအနေအရ အာဇာနည်ဗိမာန်တစ်နေရာတည်းကိုသာ အများပြည်သူကိုဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး အတွင်းဝန်ရုံးနဲ့ဗိုလ်ချုပ်ပြတိုက်ကိုတော့ပိတ်ထားဖို့ ယာယီဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

' ' ဒုသမ္မတ ၁ ရဲ့အစည်းအဝေးမှာ ပြည်သူကို ၁၀ ဦး တစ်ဖွဲ့စီ ကျန်းမာရေးဝန်ကြီးဌာနကညွှန်ကြားထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေအတိုင်းခွင့်ပြုဖို့တော့စီစဉ်ထားပါတယ်။ တစ်ခြားနေရာတွေကိုတော့ အများပြည်သူလေ့လာခွင့်ကိုပိတ်ထားမယ်။ ဝင်ခွင့်မပြုပါဘူး။ အခြေအနေအချိန်အခါပေါ်မူတည်ပြီးတော့ ပြောင်းလဲနိုင်ခြေတော့ရှိပါတယ်။''လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးဦးသန်းက ဘီဘီစီကိုဇွန် ၂၁ ရက်ကပြောပါတယ်။

၂၀၁၇ အာဇာနည်နေ့ အခမ်းအနားမြင်ကွင်းအချို့

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ၂၀၁၈အာဇာနည်နေ့ အခမ်းအနားမြင်ကွင်းအချို့

ဒါအပြင် အာဇာနည်ဗိမာန်ကိုအာဇာနည် ၁၉ ဦးရဲ့ မိသားစုဝင်အရေအတွက်ကို တစ်မိသားစုကို ၄ဦးနှုန်းနဲ့သာ လူဦးရေကန့်သတ်ပြီးတက်ရောက်ခွင့်ပြုဖို့ အကြမ်းဖျင်းလျာထားတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဝင် ဦးစိန်အုန်းကဘီဘီစီကိုပြောထားပါတယ်။

' ' အတွင်းဝန်ရုံးက အလံတင်အခမ်းအနားကိုလည်း လူအရေအတွက်အကန့်အသတ်နဲ့ပဲလုပ်သွားမယ်။ အရင်နှစ်တွေကတော့ ကျောင်းသားတွေအယောက် ၂၀၀ လောက်ပါတယ်။ ဒီနှစ်တော့ ပါတော့မှာမဟုတ်ဘူး။ တိုင်းပြည်ပြည်ပြုလွှတ်တော်အစည်းအဝေးခမ်းမကိုလည်း ဒီနှစ်မှာတော့ပိတ်ထားမယ်။ ဗိုလ်ချုပ်ပြတိုက်နဲ့အတွင်းဝန်ရုံးကအစီအစဉ်တွေကိုတော့ မြန်မာ့အသံကနေ ပြသဖို့အမျိုးသားပြတိုက်ကနေစီစဉ်နေတယ်''လို့ ဦးစိန်အုန်းကပြောပြပါတယ်။

အသံဖိုင် ပုံစာ, အာဇာနည် လုပ်ကြံမှု ခုံရုံးတရားသူကြီးတယောက် အကြောင်း

အာဇာနည်နေ့အထိမ်းအမှတ်နဲ့ပတ်သက်ပြီး နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ အာဇာနည်ခေါင်းဆောင်များအတွက်ရည်စူးဆွမ်းကပ်ပွဲကိုတော့ ရန်ကုန်မြို့တော်ခန်းမမှာဆက်ကျင်းပသွားဖို့ရှိပြီး လူစုလူဝေးမဖြစ်စေဖို့ လူအရေအတွက်အကန့်အသတ်နဲ့သာ ပြုလုပ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။