COVID-19 ၁၅ ယောက်မြောက် ဗဟန်းပုဂ္ဂလိကဆေးခန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူ

ဓာတ်ပုံ ရင်းမြစ်, MHSM
မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ပိုးကို နောက်ထပ် အမျိုး သမီးတစ်ဦးမှာတွေ့ ရပြီး သူဟာဗဟန်းမြို့နယ်၌ ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က က မတ်လ ၃၁ ရက်နေ့ ကထုတ်ပြန်ပါတယ်။
အဲဒီ့အသက် (၄၅) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးဟာ ၁၅ ယောက်မြောက် ရောဂါပိုးတွေ့ရှိသူဖြစ်ပြီး ၊သူလုပ် ကိုင်တဲ့ ဆေးခန်း ဟာ နိုင်ငံခြားသားတွေကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ပုဂ္ဂလိကဆေးခန်းဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်ပါတယ်။
သူဟာ မတ်လ ၂၇-ရက်နေ့က ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စတဲ့ လက္ခဏာတွေကို ခံစားခဲ့ရပြီး မတ်လ ၃၀ ရက်နေ့က ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ပြသခဲ့ပါတယ်။
အဲဒီနောက် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးကို ညွှန်းပို့ ခဲ့ပြီးစောင့်ကြည့်လူနာအဖြစ် သီးသန့်ဆေးကုသမှုဆောင်ရွက်ပြီး ဓာတ်ခွဲနမူနာကို ပေးပို့စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဆိုပါ လူနာကို ဝေဘာဂီအထူးကုဆေးရုံကြီး ကို ပြောင်းရွှေ့ရန် စီစဉ်ဆောင်နေပြီး လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန် တယ်လို့လည်းထုတ်ပြန်ပါတယ်။

မတ်လ ၃၁ ရက်နေ့ မြန်မာကျန်းမာရေး ၀ န်ကြီးဌာနကအတည်ပြုသော COVID-19 ဖြစ်ပွားမှုထုတ်ပြန်ချက် အရဆေးခန်းရှိဝန်ထမ်းတစ် ဦး နဲ့ သက်ဆိုင် တယ်လို့ ရန်ကုန်မြုို့အင်းလျားလိပ် ဟိုတယ်အတွင်း ဖွင့်ထားတဲ့ International SOS ကအတည်ပြုကြောင်း သတင်းထုတ်ပြန်ပါတယ်။
SOS ဟာသူတို့ရဲ့လူနာတွေ၊ ၀န်ထမ်းတွေနဲ့ ၊ရပ်ရွာလူကျန်းမာရေးလုံခြုံမှု အတွက်ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန (MoHS) နဲ့အပြည့်အဝပူးပေါင်းပါဝင်မယ်လို့လည်းပြောပါတယ်။
ကြိုတင်ကာကွယ်ရေးအနေနဲ့ အပြည်ပြည်ဆိုင်ရာ SOS ဆေးခန်းကိုယာယီပိတ်ထားမယ် လို့လည်းထုတ်ပြန်ပါတယ်။
အစိုးရ တရားဝင်ထုတ်ပြန် ချက်တွေ အရ မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့ လူနာစုစုပေါင်း ၁၅ ဦးအထိ ရှိလာနေပြီ ဖြစ်ပြီးတော့ တစ်ဦးကတော့ မတ်လ ၃၁ ရက်မနက်က သေဆုံးသွားခဲ့ပါတယ်။
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၄) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၉) ဦးနဲ့ မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ စုစုပေါင်း (၁၃) ဦး တို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်နေတယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။








