ကျားဖောင်လုပ်သားတွေအတွက်သီးခြားဥပဒေမရှိလို့ ပြဿနာတွေဖြစ်နေတာလို့ ဆို၊တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမယ့်သူ ကိုးသိန်းကျော်ရှိ အပါအဝင်မနက်ခင်းသတင်းများ

ရေးသားခဲ့သည်။

ကျားဖောင်လုပ်သားတွေအတွက်သီးခြားဥပဒေမရှိလို့ ပြဿနာတွေဖြစ်နေတာလို့ ဆို

ကျားဖောင်လုပ်ငန်းမှာ တရားမဝင်ကျားဖောင်တွေများလာပြီး လုပ်သားလိုအပ်ချက်ကြောင့် အခုလို ပြဿနာတွေတွေ့ကြုံလာရတာလို့ဖျာပုံမြို့နယ်ကျားပိုက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသံချောင်းက ပြောပါတယ်။

ဒါ့အပြင်ကျားဖောင်လုပ်ငန်းမှာလုပ်သားလိုအပ်ချက်များလာတဲ့အတွက်နယ်မြေဒေသအစုံက လူတွေ လာရောက်လုပ်ကိုင် ကြသလို အဲဒီထဲမှာ စစ်ပြေးတွေ ဝရမ်းပြေးတွေ၊ ရဲဘက်ပြေးတွေ နဲ့ဘုန်းကြီးလူထွက် တွေပါလဲ ပါဝင်နေတယ်လို့လဲသူကပြောပါတယ်။

လက်ရှိမှာတော့ကျားဖေါင်လုပ်သားတွေဟာ အလုပ်သမားအခွင့်အရေးမရတာတွေ ပင်ပန်းကြီးစွာလုပ်ရတာ တွေလုပ်ခလစာအပြည့်အဝမရတာတွေကိုကိုယ်တိုင်ကြုံတွေနေရခဲ့တဲ့သူတွေကမီဒီယာတွေကိုပြန်ပြောပြတာတွေရှိပါတယ်။

ဒါအပြင် ကျားဖောင်လုပ်ငန်းခွင်က အချို့လုပ်သားတွေဟာ တရားဥပဒေမဲ့ သတ်ဖြတ်ခံရတာတွေ၊ လုပ်သားတွေဟာလူကုန်ကူး ခံရတာတွေရှိနေပါတယ်။

အခုလို ပြဿနာတွေဖြစ်နေတာဟာလဲ ပင်လယ်ပြင်ကျားဖေါင်လုပ်သားများ အတွက်သီးခြားဥပဒေမရှိတဲ့ အတွက်ကြောင့်လဲဖြစ်တယ်လို့ဦးသံချောင်းကပြောပါတယ်။

ကျားဖောင်လုပ်သားတွေကို လုပ်အားခေါင်းပုံဖြတ်တာ လူအခွင့်အရေးချိုးဖေါက်တာလူကုန်ကူးခံရတာ တရားဥပဒေမဲ့ဆောင်ရွက်နေတာတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်ကတည်းကရှိနေတာ ဖြစ်တယ်လို လဲဒေသခံအချို့ကဆိုပါတယ်။

ဒါပေမဲ့လည်းအခုချိန်ထိဒီပြသာနာတွေကို ထိထိရောက်ရောက်မဖြေရှင်းနိုင်သေးတဲ့အတွက် လုပ်အားခေါင်း ပုံ ဖြတ်တာတွေ၊ တရားဥပဒေမဲ့ဆောင်ရွက်တာတွေဟာ လူသိရှင်ကြားဖြစ်လာရတာ ဖြစ်တယ်လို့လဲ ဒေသခံအချို့ သုံးသပ်ပြောဆိုပါတယ်။

လူ့အခွင့်အရေး ကော်မရှင်ကတော့ ကျားဖောင်လုပ်ငန်းတွေမှာလူ့အခွင့်အရေးချိုးဖောက်ခံရတာ ရှိ မရှိကို လာမယ့်ရက်ပိုင်းအတွင်းကွင်းဆင်းစစ်ဆေးဖို့ရှိနေပါတယ်။

၂၀၂၀ တက္ကသိုလ်စာမေးပွဲ ဖြေဆိုဖို့စာရင်းသွင်းထားသူ ကိုးသိန်းခုနှစ်သောင်းကျော်ရှိ

လာမယ့် ၂၀၁၉ -၂၀၂၀ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲမှာ ဖြေဆိုဖို့ စာရင်းသွင်းထားသူ (၉၇၀၂၁၅) ဦးရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေသိရပါတယ်။

လာမယ့်စာမေးပွဲမှာ ဘာသာတွဲ(၈)မျိုးနဲ့ ကျင်းပသွားမှာဖြစ်ရာ ဘာသာရပ် အလိုက် စာမေးပွဲဖြေဆိုဖို့ စာရင်းသွင်းဦးရေအရ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒဘာသာတွဲ မှာ ငါးသိန်းကျော်နဲ့ အများဆုံးစာရင်းပေးထားပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဘာသာတွဲနဲ့ဖြေဆိုမယ့်သူက တစ်သိန်းခုနှစ်သောင်းကျော်၊ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာတွဲ နဲ့ဖြေဆိုမယ့်သူ နှစ်သိန်းကျော်ရှိပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင်ဘာသာတွဲနဲ့ သုံးထောင်ကျော်ဖြေဆိုဖို့ စာရင်းပေးသွင်းထားတယ်လို့ သိရပါ တယ်။

စိတ်ကြိုက်မြန်မာစာ ဘာသာရပ်ပါဝင်တဲ့အတွဲတွေအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာဘာသာတွဲကိုဖြေဆိုမယ့်သူက (၁၀) ဦးနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက် မြန်မာစာဘာသာတွဲကို ဖြေဆိုဖို့ စာရင်းပေးထားသူကတော့ ၁ဦးသာရှိပါတယ်။

စာမေးပွဲအချိန်စာရင်းတွေလည်းထွက်လာပြီဖြစ်ပြီး မတ်လ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ဘာသာရပ်အလိုက် ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။

တရုတ်မှာ မိုဘိုင်းဖုန်းသုံးသူတွေကို မျက်နှာကိုဖတ်ပြီး မှတ်ထားမယ့်ပုံစံကိုသုံးတော့မယ်

မိုဘိုင်းဖုန်းအသုံးပြုသူတွေရဲ့ မျက်နှာကို ဖတ်ပြီး ခွဲခြားမှတ်သားထားမယ့်ပုံစံနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း တွေကို စက်တင်ဘာလထဲက ကြေညာခဲ့ပြီး ဒီတနင်္ဂနွေမှာ စတင်လုပ်ဆောင်ဖွယ်ရှိနေပါတယ်။

တရုတ်အစိုးရကတော့ ဒီလိုလုပ်ဆောင်တာဟာ နိုင်ငံသားတွေရဲ့ အကျိုးအမြတ်နဲ့ အခွင့်အရေးကို ဆိုင်ဘာကနေ ကာကွယ်ပေးဖို့ လို့ပြောထားပါတယ်။

တရုတ်မှာ လူတွေကို မျက်နှာကို ပုံရိပ်ကိုကြည့်ပြီးလူတွေကိုခွဲခြားမှတ်သားတဲ့နည်းပညာကို သူ့ရဲ့လူဦးရေစာရင်းကောက်ရာမှာအသုံးပြုနှင့်ပြီးလည်းဖြစ်ပါတယ်။

တရုတ်ဟာနည်းပညာနဲ့ပတ်သက်ပြီး ကမ္ဘာမှာ ဦးဆောင်သူနိုင်ငံတခုဖြစ်လာပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း သူ့နိုင်ငံတွင်းမှာတော့ ဝေဖန်ပြောဆိုတာတွေ အရှိန်မြှင့်ကြီးထွား လာခဲ့ပါတယ်။