နေပြည်တော်မှာ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးနေပြီအပါအဝင် မနက်ခင်းသတင်းများ

၂၀၁၉ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ထားတဲ့စာရင်းအရ တနိုင်ငံလုံးမှာ ခွေးကောင်ရေ ၃.၈၈ သန်းရှိပြီး၊ အဲဒီထဲက ၇၀ရာခိုင်နှုန်းဖြစ်တဲ့ ၂သန်းခွဲကျော်က လေလွင့်ခွေးတွေဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Four Paws

ဓာတ်ပုံ ပုံစာ, ၂၀၁၉ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ထားတဲ့စာရင်းအရ တနိုင်ငံလုံးမှာ ခွေးကောင်ရေ ၃.၈၈ သန်းရှိပြီး၊ အဲဒီထဲက ၇၀ရာခိုင်နှုန်းဖြစ်တဲ့ ၂သန်းခွဲကျော်က လေလွင့်ခွေးတွေဖြစ်ပါတယ်။
ရေးသားခဲ့သည်။

နေပြည်တော်မှာ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေးနေပြီ

နေပြည်တော်က ပိုင်ရှင်မဲ့ခွေး ပိုင်ရှင်ရှိခွေးတွေအပြင် အိမ်မွေးတိရစ္ဆာန်ကြောင်တွေကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့လိုက်လံထိုးပေနေပြီလို့ စက်တင်ဘာ ၂၄ရက်ထုတ် နိုင်ငံပိုင်းသတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးတာကို စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဦးစီးဌာန နဲ့ Four Paws International တို့က စက်တင်ဘာ ၁၇ရက်နေ့က စပြီး ၃၀ရက်နေ့အထိ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။

အဲဒီစီမံချက်ထဲမှာ နေပြည်တော်သာမကပဲ၊ ရန်ကုန်၊ ညောင်ဦး၊ မန္တလေး၊ တို့လည်းပါတယ်လို့ သိရပါတယ်။

အခုတော့ နေပြည်တော်က ဒက္ခိဏခရိုင်၊ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ ဗမ္ဗူသီရိ၊ ဥတ္တရသီရိ၊ စတဲ့ မြို့နယ်တွေက ခွေး၊ ကြောင် အကောင်ရေ ၁၅၀၀ ခွေးရူးကာကွယ်ဆေးထိုးပေးခဲ့ပြီးပြီလို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလှိုင်မင်းက နိုင်ငံပိုင်သတင်းစာမှာ ပြောဆို ထားပါတယ်။

Four Paws International ရဲ့ မြန်မာနိုင်ငံအခြေစိုက်ရုံးက တာဝန်ရှိသူတဦးကတော့ ရန်ကုန်မှာ ခွေးရူးရောဂါကာကွယ်ဆေးထိုးဖို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဓိကတာဝန်ယူ လုပ်ဆောင်မှာ လို့ ဘီဘီစီကိုပြောပါတယ်။

စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရဲ့ ၂၀၁၉ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ထားတဲ့စာရင်းအရ တနိုင်ငံလုံးမှာ ခွေးကောင်ရေ ၃.၈၈ သန်းရှိပြီး၊ အဲဒီထဲက ၇၀ရာခိုင်နှုန်းဖြစ်တဲ့ ၂သန်းခွဲကျော်က လေလွင့်ခွေးတွေဖြစ်ပါတယ်။

အဲဒီစာရင်းပေါ်အခြေခံပြီး ရန်ကုန်မှာတော့ ခွေးကောင်ရေ နှစ်သိန်း ခြောက်သောင်းကနေ၊ နှစ်သိန်းရှစ်သောင်းလောက်အထိရှိမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးက ခန့်မှန်းထားပါတယ်။

ဗီဒီယို ပုံစာ, ကလေးတွေကို ကိုက်သတ်နေတဲ့ လမ်းဘေးခွေးများ
ကူးစက်မှုဖြစ်ပွားတဲ့နေရာရဲ့ ၃ ကီလိုမီတာ ပတ်ပတ်လည်မှာရှိတဲ့ ဝက်တွေကို သတိထားစောင့် ရှောက်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကူးစက်မှုဖြစ်ပွားတဲ့နေရာရဲ့ ၃ ကီလိုမီတာ ပတ်ပတ်လည်မှာရှိတဲ့ ဝက်တွေကို သတိထားစောင့် ရှောက်နေပါတယ်။

တောင်ကိုရီးယားမှာ ဝတ်တုပ်ကွေးရောဂါတွေ့

တောင်ကိုရီးယားနိုင်ငံမှာ အာဖရိက ဝက်တုပ်ကွေးရောဂါဖြစ်ပွားတယ်ဆိုတာ တွေ့ရှိပြီး သီတင်းပတ်တစ်ပတ် အကြာမှာ နောက်ထပ်ကူးစက်မှုတွေကို ထပ်မံတွေ့ရှိထားပါတယ်။

လက်ရှိမှာ အာဖရိကဝက်တုပ်ကွေး ကူးစက်မှု ၄ ခုအထိ တွေ့ထားတာပြီး အားလုံးဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ နယ်စပ်မှာတွေ့ထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကူးစက်မှုဖြစ်ပွားတဲ့နေရာရဲ့ ၃ ကီလိုမီတာ ပတ်ပတ်လည်မှာရှိတဲ့ ဝက်တွေကို သတိထားစောင့် ရှောက်နေပါတယ်။

ပြီးခဲ့တဲ့နှစ် တရုတ်နိုင်ငံမှာ အာဖရိက ဝက်တုပ်ကွေး စဖြစ်ကတည်းကဆိုရင် အရှေ့နဲ့ အရှေ့ တောင်အာရှ တဝန်းမှာ ဝက်ကောင်ရေ သန်းချီကို သုတ်သင် ရှင်းလင်းခဲ့ရလို့ ဝက်သားဈေးတွေလည်း ထိုးတက်နေပါတယ်။

ရာသီဥတုပြောင်းလဲမှုအကြောင်း လှုံဆော်နေတဲ့ဆယ်ကျော်သက် ကျောင်းသူလေး ဂရီတာ သန်းဘာဂ် ကတော့ ဒီကိစ္စကို အသေအချာပြောဖို့လိုသလို ခေါင်းဆောင်တွေ ဟာ ကမ္ဘာ့လူငယ်ထုအပေါ် ပျက်ကွက်မှု တွေရှိနေတယ်လို့ စွပ်စွဲလိုက်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရာသီဥတုပြောင်းလဲမှုအကြောင်း လှုံဆော်နေတဲ့ဆယ်ကျော်သက် ကျောင်းသူလေး ဂရီတာ သန်းဘာဂ် ကတော့ ဒီကိစ္စကို အသေအချာပြောဖို့လိုသလို ခေါင်းဆောင်တွေ ဟာ ကမ္ဘာ့လူငယ်ထုအပေါ် ပျက်ကွက်မှု တွေရှိနေတယ်လို့ စွပ်စွဲလိုက်ပါတယ်

ကမ္ဘာတဝန်းရာသီဥတု ပြောင်းလဲမှုပြိုင်ပွဲနောက်ကျပြီး ရှုံးနေတယ်လို့ ကုလအတွင်းရေးမှူးချုပ် သတိပေး

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က နယူးယောက်မြို့မှာ ကျင်းပတဲ့ ရာသီဥတု ဆိုင်ရာ ထိပ်သီးညီလာခံကို ဖွင့်လှစ်ရာခဲ့မှာ ကမ္ဘာတဝန်း ရာသီဥတုအရေးပေါ်ထိန်းသိမ်းရေး လုပ်ကိုင်တဲ့ ပြိုင်ပွဲမှာ နောက်ကျပြီး ရှုံးနေတယ်လို့ ပြောလိုက်ပါတယ်။

ဒါပေမဲ့ အနိုင်ရအောင် ပြန်လုပ်နိုင်ပါသေးတယ်လို့ ဆိုပါတယ်။ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်တာတွေ သိသိသာသာဖြတ်ချမှပဲ လာမယ့် ၂၀၅၀ ခုနှစ်မှာ ကာဗွန်ဓာတ်ငွေ့ အာနိသင် ပျက်ပြယ်လျော့ပါးသွားမယ်လို့ သူကဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုအကြောင်း လှုံဆော်နေတဲ့ဆယ်ကျော်သက် ကျောင်းသူလေး ဂရီတာ သန်းဘာဂ် ကတော့ ဒီကိစ္စကို အသေအချာပြောဖို့လိုသလို ခေါင်းဆောင်တွေ ဟာ ကမ္ဘာ့လူငယ်ထုအပေါ် ပျက်ကွက်မှု တွေရှိနေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဒီညီလာခံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် မမျှော်လင့်ဘဲ ရောက်လာခဲ့ပေပြီး ခဏပဲနေခဲ့ပေမဲ့ သူ့သဘောထားအမြင်ကိုတော့ ဘာမှ မပြောသွားပါဘူး။