ကားမီးလောင်ခံရပြီးနောက်ဖမ်းခံခဲ့ရတဲ့ မြန်မာ၆၀ကျော်ကို ထိုင်းအာဏာပိုင်တွေပြန်လွှတ်ပေး၊H1N1 ကြောင့် သေဆုံးသူ ၆၃ဦးထိရှိလာအပါအဝင်မနက်ခင်းသတင်းများ

၂၀၁၇ ခုနှစ်တုံးက ထိုင်းဘက်ခြမ်းကနေ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ မြန်မာအလုပ်သမားတွေကို တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP/Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ်တုံးက ထိုင်းဘက်ခြမ်းကနေ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ မြန်မာအလုပ်သမားတွေကို တွေ့ရစဉ်
ရေးသားခဲ့သည်။

ကားမီးလောင်ခံရပြီးနောက် ထိမ်းသိမ်းခံခဲ့ရတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းအာဏာပိုင် တွေပြန် လွှတ်ပေး

ကားမီးလောင်ခံရပြီးထိုင်းနိုင်ငံမှာ ထိမ်းသိမ်းခံနေရတဲ့မြန်မာအလုပ်သမားတွေကိုထိုင်းအာဏာပိုင်တွေမြန်မာဘက်ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။

မဲဆောက်မြို့နယ်တလာဒ်မူဆိုးလို့ခေါ်တဲ့ဈေးအနားမှာကားမီးလောင်ပြီး၊ထိုင်းနိုင်ငံမှာအထိန်း သိမ်းခံနေရ တဲ့မြန်မာနိုင်ငံသားကလေးတယောက်အပါအဝင် ၆၄ ယောက်ကိုမဲဆောက်လူ ဝင်မှု ကြီးကြပ် ရေးဌာနက မြန်မာလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေကို ဇူလိုင် ၁၉ရက်ညနေပိုင်းက လွှဲပေးလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့တုံးကမြန်မာအလုပ်သမားတွေကိုတင်လာတဲ့ဘတ်စ်ကားတစ်စီးနဲ့ မှန်လုံကား တစ်စီးတို့ဟာဘန်ကောက်ကနေမဲဆောက်ကိုအလာ တလာဒ်မူဆိုးဈေး အနားမှာဘတ်စ်ကားမီးလောင် သွားပေမဲ့ ကားပေါ်ပါတဲ့သူအားလုံးလွတ် မြောက်သွားခဲ့ကြတာပါ။

ဒါပေမယ့် အဲဒီကား ၂ စီးပေါ်ပါလာသူတွေအများစုဟာမလေးရှားကနေနယ်စပ်ကိုဖြတ်ပြီးထိုင်း ဘက်ကို တရား မဝင်၊ဝင်ရောက်လာသူတွေဖြစ်တာကြောင့်ထိုင်းနဲ့မြန်မာတာဝန်ရှိသူတွေကစိစစ် နေရတာလို့နှစ် ဘက် တာဝန်ရှိသူတွေကဆိုပါတယ်။

မြန်မာအလုပ်သမားတွေဟာရန်ကုန်ကနေမလေးရှားကိုတရားဝင်သွားကြတာဖြစ်ပြီး၊တချိုကအလုပ်သွားလုပ်ကြတာဖြစ်သလို၊တချို့ကခင်ပွန်းသည်ဆီကို အလည်သွားတာ၊အချို့ကတော့ ဟိုမှာရှိတဲ့အစ်မတွေဆီကိုအလည်သွားရင်း ဗီဇာသက်တမ်းကုန်သွားတာ ကြောင့်နယ်စပ်လမ်းကြောင်းကနေကယ်ရီသမားကိုငွေပေးပြီးမြန်မာနိုင်ငံကိုပြန်ခဲ့ကြတာလို့ ကားပေါ်ပါသူတချို့က ပြောပါတယ်။

ကားပေါ်မှာလိုက်ပါလာသူတွေထဲက ရန်ကုန်က ၃၅ ယောက်၊မော်လမြိုင်က ၁၈ ယောက်၊မြဝတီက ၇ ယောက်နဲ့ ပဲခူးက ၄ ယောက်ကို သူတို့ရဲ့ လိပ်စာတွေအရ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်းစိစစ်အပြီးမှာ နှစ်ဘက်လွှဲပြောင်းပေးတာတွေလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းက သေဆုံးသူဦးရေအများဆုံးဖြစ်

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN AFP/GETTY

ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်းက သေဆုံးသူဦးရေအများဆုံးဖြစ်

H1N1 ကြောင့် သေဆုံးသူ ၆၃ဦးထိရှိလာ

ရာသီတုပ်ကွေးရောဂါဖြစ်တဲ့ H1N1 ကြောင့် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၆၃ ဦးရှိလာပြီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ က ထုတ်ပြန်ထားပါတယ်။

ဒီရောဂါကြောင့် နိုင်ငံတဝန်းလုံးမှာ သေဆုံးသူ ၆၃ဦးရှိပြီး ရန်ကုန်တိုင်းမှာ သေဆုံးသူ ၅၀ ဦးရှိပါတယ်။ ဒါ့အပြင် ရောဂါပိုးတွေ့ရှိသူတွေလည်း နဂိုထက် ပိုများလာပါတယ်။

ရာသီတုပ်ကွေးကြောင့် မနှစ်က ဆေးရုံ ၈ ခုမှာ သာဆောင်ရွက်ခဲ့ရာကနေ ဒီနှစ်မှာတော့ ဆေးရုံ ၇ ခု ထပ်တိုး ပြီး စုစုပေါင်း ဆေးရုံ ၁၅ ခု ရှိလာသလို ရန်ကုန်ကလေးဆေးရုံ မှာလည်း ဇွန်လ၂၆ ရက်နေ့က ရာသီတုပ်ကွေးရောဂါ H1N1 Ward (သီးသန့်လူနာဆောင်) ကို စတင်ဖွင့်လှစ်ခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

အခုတရားဝင် စာရင်းတွေအရ ရှမ်းအရှေ့နဲ ချင်းက လွဲပြီး ကျန်တဲ့ပြည်နယ် တိုင်းတွေမှာ ေH1N1 ရောဂါပိုးရှိသူတွေ တွေ့နေရတာဖြစ်ပါတယ်။

၂၀၁၇ ကတော့ H1N1 ဖြစ်ပွားသူ လေးရာကျော် ရှိခဲ့ကာ သုံးဆယ်ကျော် သေဆုံးခဲ့ပါတယ်။

၂၀၁၈ခုနှစ် မှာတော့ရောဂါ သံသယရှိသူ သုံးရာကျော်ရှိပြီး သေဆုံးမှု မရှိခဲ့ပါဘူး။

လက်ရှိအစိုးရသက်တမ်းနောက်ဆုံးဘတ်ဂျက်မှာ ကြီးမားတဲ့ပြောင်းလဲမှုအချို့ပါဝင်

လက်ရှိအစိုးရရဲ့နောက်ဆုံးဘဏ္ဍာနှစ် ၂၀၁၉-၂၀၂၀ ရဲ့အသုံးစရိတ်တင်ပြမှုမှာ ကြီးကြီးမားမား ပြောင်းလဲမှု အချို့ကိုလုပ် ဆောင်ထားတာတွေရှိတယ်လို့လွှတ်တော်ကိုယ်စားလှယ်တွေကဘီဘီစီကို ပြောပါတယ် ။

အစိုးရအဖွဲ့အနေနဲ့၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ သုံးစွဲမဲ့ အသုံးစရိတ်ဘတ်ဂျက်စာရင်းကို လက်ရှိကျင်းပနေတဲ့ လွှတ်တော်မှာတင်ပြထားပါပြီ ။

အစိုးရအဖွဲ့ကတင်ပြထားတဲ့အထဲမှာတော့ 0ther account လို လူသိများတဲ့ နိုင်ငံတော်ပိုင်စီးပွား ရေး အဖွဲ့ အစည်း ၂၀ ရဲ့သီးခြားငွေစာရင်းတွေကို ပိတ်သိမ်းတော့မှာဖြစ်တယ်လို့စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း က ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပတဲ့လွှတ်တော် အစည်းအဝေးမှာတင်ပြသွား ပါတယ်။

အဲဒီအဖွဲ့အစည်း ၂၀ မှာရှိတဲ့ငွေစာရင်းနဲ့လက်ကျန်ငွေတွေကိုနိုင်ငံတော်ဘဏ္ဍာထဲကို ထည့်သွင်းဖို့ဆောင် ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း ဦးမောင်မောင်ဝင်းက ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းတွေရဲ့သီးခြားငွေစာရင်းဖွင့်လှစ်ဆောင်ရွက်တာကိုကြံ့ခိုင်ရေးပါတီဦးဆောင်တဲ့အစိုးရလက်ထက်က စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်ရဲ့ငွေစာရင်းအရ သီးခြားအကောင့်တွေထဲမှာရှိတဲ့ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၈ ဘီလီယံနီးပါးရှိတယ်လို့လဲ လွှတ်တော်ကိုယ်စားလှယ်အချို့ကဆိုပါတယ် ။

အဲဒီလောက်ရှိတဲ့ငွေပမာဏတွေသာ နိုင်ငံဘဏ္ဍာထဲပြန်ဝင်လာမယ်ဆိုရင် နှစ်စဉ်ဖြစ်နေကျ ဘဏ္ဍာလိုေ ငွပြမှု ကိုဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။

ဒါအပြင် ၂၀၁၉- ၂၀ဘဏ္ဍာနှစ်ကစလို့အစိုးရအဖွဲ့တွေရဲ့အသုံးစရိတ်တွေမှာ ဖြည့်စွပ်ဘတ်ဂျက်ကိုထပ်ပေး တော့မှာ မဟုတ်ဘူးလို့လဲ လွှတ်တော်ကိုယ်စားလှယ်တွေကဆိုပါတယ်။

လက်ရှိအစိုးရရဲ့နောက်ဆုံးဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာလွှတ်တော်ကိုတင်ပြတောင်းခံထားတဲ့ အသုံးစရိတ်တွေထဲမှာ ဖွံဖြိုးရေးလုပ်ငန်းတွေအတွက်ပိုများနေပြီး ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကို အခွန်ေ၀ စုအချိုးအစား ပိုမိုပေးလာတာကိုလဲ လက်ရှိဘတ် ဂျက်မှာထူးခြားမှုတစ်ခုအနေနဲ့တွေ့ရတယ်လို့လဲ လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောပြပါတယ်။

လက်ရှိအစိုးရက တင်ပြတောင်းခံထားတဲ့အသုံးစရိတ်တွေကို လွှတ်တော်မှာ ဆွေးနွေးစိစစ်ဖြတ်တောက်ပြီး အတည်ပြုချက်ရယူရအုံးမှာဖြစ်ပါတယ်။