ရန်ဟီးလီး မလေးရှားက မြန်မာ့လူ့အခွင့်အရေး ကိစ္စတွေ သွားလေ့လာပြီး ထုတ်ပြန်မယ် အပါအဝင် ဇူလိုင်လ ၁၀ ရက် မနက်ခင်းသတင်းများ

ရိုဟင်ဂျာအရေးနဲ့ ပက်သက်ပြီး မလေးရှားနိုင်ငံက မြန်မာနိုင်ငံအပေါ် အတက်ကြွဆုံးဝေဖန်ပြောဆိုနေတဲ့ နိုင်ငံတခုလည်းဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UN PHOTO/JEAN-MARC FERRE

ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာအရေးနဲ့ ပက်သက်ပြီး မလေးရှားနိုင်ငံက မြန်မာနိုင်ငံအပေါ် အတက်ကြွဆုံးဝေဖန်ပြောဆိုနေတဲ့ နိုင်ငံတခုလည်းဖြစ်ပါတယ်။
ရေးသားခဲ့သည်။

ရန်ဟီးလီး မလေးရှားက မြန်မာ့လူ့အခွင့်အရေး ကိစ္စတွေသွားလေ့လာပြီးထုတ်ပြန်မယ်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စရန်ဟီးလီးက ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာလူမှုအဖွဲ့အစည်းတွေနဲ့ မဲဆောက်မြို့၊ မယ်တော်ဆေးခန်းမှာ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။

နှစ်ရက်တာတွေ့ဆုံဆွေးနွေးမှုတွေ ပြီးရင်တော့ မလေးရှားနိုင်ငံကိုသွားပြီး မြန်မာ့လူ့အခွင့်အရေးကိစ္စတွေကို သွားရောက်လေ့လာမယ်လို့ သိရပါတယ်။

အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံက မြန်မာနိုင်ငံအပေါ် အတက်ကြွဆုံးဝေဖန်ပြောဆိုနေတဲ့ နိုင်ငံတခုလည်းဖြစ်ပါတယ်။

မလေးရှားခရီးမတိုင်မီ မဲဆောက်မှာ ထိုင်းနိုင်ငံရောက်မြန်မာအရေးလှုပ်ရှားနေတဲ့ ကရင်လူ့အခွင့် အရေးအဖွဲ့၊ မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင်အပြင် အခြားလူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေ၊ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP နဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

အဲဒီလိုသွားရောက်ရာမှာတွေ့ရှိခဲ့တဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ဇူလိုင်လ ၁၈ရက်မှာ မလေရှားနိုင်ငံ မှာပဲ သတင်းစာရှင်း လင်းပွဲလုပ်မယ်လို့ သိရပါတယ်။

အချို့နေရာတွေမှာ နေရာကွက်ပြီး မိုးကြီးတာကြောင့် မြစ်ရေတွေတိုးလာတာလည်း ရှိတယ်

ဓာတ်ပုံ ရင်းမြစ်, SAW CHAINT PHAUNG

ဓာတ်ပုံ ပုံစာ, အချို့နေရာတွေမှာ နေရာကွက်ပြီး မိုးကြီးတာကြောင့် မြစ်ရေတွေတိုးလာတာလည်း ရှိတယ်

ဇူလိုင်နဲ့ သြဂုတ် မိုးများမယ်၊ မြစ်ရေစိုးရိမ်ရေမှတ်ရောက်မယ်

ဇူလိုင်လနဲ့ သြဂုတ်လနှစ်လမှာ နိုင်ငံအတွင်း မိုးရေချိန်အများအပြားရွာသွန်းနိုင်လို့ မြစ်ရေတွေ စိုးရိမ်အမှတ် တွေကိုရောက်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေသိရပါတယ်။

အဲဒီလိုမိုးများရာကနေ ဧရာဝတီ၊ ချင်းတွင်းနဲ့ သံလွင်မြစ်တွေက ရေတိုးလာနိုင်ပြီး စိုးရိမ်ရေအမှတ်တွေကို ရောက်ရှိနိုင်တယ်လို့ ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကိုပြောပါတယ်။

သြဂုတ်လအထိ မိုးများနိုင်မယ်လို့ ခန့်မှန်းထားပေမယ့်လည်း ပြီးခဲ့တဲ့ ၁၀ရက်အတွင်းရွာသွန်းတဲ့ မိုးရေချိန်က နှစ်စဉ်ရွာသွန်းမြဲထက်တော့ လျော့နေသေးတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံ အထက်ပိုင်း အချို့နေရာတွေမှာ နေရာကွက်ပြီး မိုးကြီးတာကြောင့် မြစ်ရေတွေတိုးလာတာလည်း ရှိတယ်လို့ သူကဆိုပါ တယ်။

ဦးကျော်မိုးဦးက "မိုးရွာတာက ပုံမှန်မဟုတ်ပဲပြောင်းလာတယ်။ အထက်ပိုင်းမှာမိုးမရွာပဲ ခြောက်လာတာရှိ သလို၊ ရွာရင်လည်း ၃၊ ၄ ရက်အတွင်း တလစာလောက်ရွာတယ်၊ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက် အတွင်းမှာတော့ ပုံမှန်ထက် နည်းတယ်" လို့ဆိုပါတယ်။

ချင်းတွင်းမြစ်ဖြတ်သန်းစီးဆင်းရာ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမှာတော့ မနေ့ကထိ မိုးသည်းထန်စွာရွာနေ လို့ ချင်းတွင်းမြစ်ရေကဆက်တိုက်တက်နေတယ်လို့ ဒေသခံအချို့က လူမှုကွန်ရက်တွေမှာ ရေးသားနေကြ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၈ခုနှစ်တုန်းကတော့ ဧရာဝတီ၊ ချင်းတွင်းနဲ့ သံလွင်မြစ်ရေတွေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ရေကြီးခဲ့လို့ အိမ်ထောင်စုသိန်းချီ ရေလွတ်ရာကိုရွှေ့ပြောင်းရတာအပြင် အသက်ဆုံးရှုံးသည် အထိ ဖြစ်ခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေးဦးစီးချုပ်များဆိုင်ရာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျိုးဆက် ဒန်ဖော့ဒ်ကတော့ အမေရိကန်နဲ့ ချစ်ကြည် ရေးရှိတဲ့နိုင်ငံတွေအနေနဲ့ ဒီလိုလုပ်ငန်းတပ်ဖွဲ့ကို ဖွဲ့စည်းဖို့ နိုင်ငံရေး စိတ်ဆန္ဒရှိနေဖို့လည်း မျှော်လင့်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, US Navy

ဓာတ်ပုံ ပုံစာ, အမေရိကန်ကာကွယ်ရေးဦးစီးချုပ်များဆိုင်ရာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျိုးဆက် ဒန်ဖော့ဒ်ကတော့ အမေရိကန်နဲ့ ချစ်ကြည် ရေးရှိတဲ့နိုင်ငံတွေအနေနဲ့ ဒီလိုလုပ်ငန်းတပ်ဖွဲ့ကို ဖွဲ့စည်းဖို့ နိုင်ငံရေး စိတ်ဆန္ဒရှိနေဖို့လည်း မျှော်လင့်တယ်လို့ ပြောပါတယ်။

အီရန်နဲ့ ယီမင်ကမ်းလွန်းရေပြင်ထိန်းချုပ်နိုင်ရေး ညွှန်ပေါင်းတပ်ဖွဲ့ဖို့ အမေရိကန်စဉ်းစားနေ

အမေရိကန်နိုင်ငံဟာ အီရန်နဲ့ ယီမင်နိုင်ငံတို့ရဲ့ကမ်းလွန် ရေပြင်တွေမှာ လုံခြုံရေးဆိုင်ရာ မဟာဗျူဟာမြောက်ပူးပေါင်း ဖို့ နိုင်ငံတကာညွန့်ပေါင်း စစ်တပ် ဖွဲ့စည်းဖို့ စီစဉ်နေပြီလို့ အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီးက ပြောလိုက်ပါတယ်။

အမေရိကန်ကာကွယ်ရေးဦးစီးချုပ်များဆိုင်ရာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျိုးဆက် ဒန်ဖော့ဒ်ကတော့ အမေရိကန်နဲ့ ချစ်ကြည် ရေးရှိတဲ့နိုင်ငံတွေအနေနဲ့ ဒီလိုလုပ်ငန်းတပ်ဖွဲ့ကို ဖွဲ့စည်းဖို့ နိုင်ငံရေး စိတ်ဆန္ဒရှိနေဖို့လည်း မျှော်လင့်တယ်လို့ ပြောပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန်ကို လာစရင် အီရန် ပျက်သုန်းသွားမယ် - ဒေါ်နယ်ထရမ့်

အဲဒီတပ်ဖွဲ့ဟာ အရေးပါတဲ့ ရေကြောင်းကုန်သွယ်ရေး လမ်းကြောင်းတွေမှာ လွတ်လပ်စွာ သွားလာနိုင်ရေးအတွက် အရေး ပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာလိမ့်မယ်လို့လည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့လတုန်းက အဲဒီဒေသတွေထဲ ဟော့မုဇ် ရေ လက်ကြားမှာ ရေနံတင်သင်္ဘော ၂ စင်း တိုက်ခိုက်ခံ ရမှုဟာ အီရန်လက်ချက်လို့ အမေရိကန်ဘက်က စွပ်စွဲထားတာပါ။

အီရန်တော်လှန်ရေး တပ်ဖွဲ့ ကွပ်ကွဲရေးမှူးကတော့ ပင်လယ်ကွေ့အတွင်းက အမေရိကန်ရဲ့စစ်အခြေစိုက် စခန်းတွေနဲ့ လေယာဉ်တင်သင်္ဘောတွေဟာ အီရန်ဒုံးကျည်တွေ ပစ်လွှတ်နိုင်တဲ့အကွာအဝေးမှာပဲ ရှိနေ တယ်လို့ ဇူလိုင်လ ၉ ရက်တုန်း ကပြောထားပါတယ်။

ဗီဒီယို ပုံစာ, အမေရိကန် အီရန် တင်းမာမှုနဲ့ ဟော်မုဇ်ရေလက်ကြား