တရုတ်ကို စပါး တရားမဝင်တင်ပို့နေမှု တားဆီးပေးဖို့ ဆန်စက်လုပ်ငန်းရှင်တွေတင်ပြ

ဓာတ်ပုံ ရင်းမြစ်, Unknown
မြန်မာနိုင်ငံကထွက်ရှိတဲ့စပါးကို တရုတ်နိုင်ငံကိုတရားမဝင်တင်ပို ့နေမှုကို တားဆီးပေးဖို့မန္တလေး နဲ ့ရန်ကုန်က ဆန်စက်လုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာဝန်ကြီးဌာနကိုတင်ပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံကထွက်ရှိတဲ့စပါးကို တရုတ်နိုင်ငံကိုတရားဝင်တင်ပို့ခွင့်ပြုမထားသလို တရုတ်နိုင်ငံကလည်း တရားဝင်တင်သွင်းခွင့်ပြု မထားပါဘူး ။ ဒါပေမဲလည်း ပြီးခဲ့တဲ့နှစ်ကစလို ့မြန်မာနိုင်ငံကထွက်ရှိတဲ့ စပါးကို တရုတ်နိုင်ငံကိုမှောင်ခိုလမ်းကတဆင့်တင်ပိုနေကြတာပါ။မန္တလေးနဲ ့ရန်ကုန်က ဆန်စက်လုပ်ငန်းရှင်တွေဟာ သက်ဆိုင်ရာဝန်ကြီးဌာနကိုတင်ပြခဲ့တယ်လို႔မန္တလေးက ဆန်ကုန်သည် ကိုစိုင်းကျော်ကဘီဘီစီကို ပြောပါတယ်။
တရားဝင်ခွင့်ပြုချက်မရှိပဲ ခိုးပြီး နိုင်ငံတကာကိုသွားနေတယ်ဆိုတာ တင်ပြတာပါ။ အခွန်လည်းမရဘူး။ ပြည်တွင်းစားသုံးသူတွေပါ ဒုက္ခရောက်နိုင်ပြီး မွေးမြူရေးအစာ သမားတွေပါ ဒုက္ခရောက်နိုင်တယ်။ လို့ မန္တလေးမြို့က ဆန်ကုန်သည် စိုင်းကျော်က ပြောပါတယ်။
စပါးတင်ပိုတဲ့လူတွေကတော့မျိုးစပါးကိုသာတင်ပို ့တာဖြစ်တယ်လို ့အကြောင်းပြ ပြောဆိုနေပါတယ်။ တကယ်လက်တွေ ့မှာတော့ မျိုးစပါးကိုတင်ပို ့တာမဟုတ်ပဲ ထွက်သမျှစပါးတွေကို တင်ပို ့နေတာဖြစ်တယ်လို လဲကုန်သည်တွေကပြောပါတယ်။
ယမန်နှစ်တုန်းကတော့ မန္တလေးတိုင်း မတ္တရာလောက်အထိသာ လာဝယ်ပြီး မန္တလေးတတိုင်းလုံး ထွက်တဲ့နှုန်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်ရှိပေမဲ့ ဒီနှစ်မှာတော့ ပဲခူးတိုင်းအနောက်ခြမ်းက စပါးတွေပါ တရုတ်ဘက်သွားနေတာတွေ ရှိလာတယ်လို့ စိုင်းကျော်က ပြောပါတယ်။
အဲဒီလိုစပါးကိုတင်ပို ့နေတဲ့အတွက်မန္တလေးတိုင်းဒေသကြီးက စပါးထွက်တဲ့ဒေသအချို ့မှာ ဆန်ကို ပြည်လည် ဝယ်စားနေရပါတယ်လို့ ဆန်ကုန်သည်တွေက ဆိုပါတယ်။
သက်ဆိုင်ရာဝန်ထမ်းအကြီးအကဲတွေအနေနဲ ့တော့ဒီကိစ္စကို ဆက်လက်တင်ပြသွားမယ်လို့ဝန်ထမ်း အကြီးအကဲတစ်ဦးကပြောပါတယ်။
စပါးကနေ ဆန်အဖြစ်ကြိတ်ခွဲတဲ့အခါထွက်ရှိလာတဲ့ ဖွဲ ဇကွဲတိုကို တိရိ စ္ဆာအစာအဖြစ် ပြည်တွင်း က မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကဝယ်ယူကြပါတယ်။ တကယ်လို့ စပါးကိုဆန်အဖြစ်ကြိတ်ခွဲ ပြီးမှာ မပို ့ပဲ စပါးအဖြစ်သာပိုမယ်ဆိုပါက ဆန်စက်လုပ်ငန်းရှင်တွေထိခိုက်လာမှာဖြစ်လို ရေရှည်မှာတိရိစ္ဆာန်အစာအတွက်အခက်အခဲရှိလာနိုင်တယ်လို ့ဆန်ကုန် သည်တွေကပြောဆိုပါတယ်။








