ပြိုင်ဘက်မရှိ ခေါင်းဆောင်တစ်ယောက် ဖြစ် လာအောင် ရှီကျင့်ဖျင် ဘယ်လိုတည်ဆောက်ခဲ့ တာလဲ

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

BBC World Service

ဂ‌ရေ့စ်ဆိုင်၊ဆယ်လ်ဗီယာ ချန်

မော်စီတုန်းနောက်ပိုင်း သြဇာအရှိဆုံးခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်တယ်လို့  ကြိုတင်ခန့်မှန်းခံထားရတဲ့ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံခေါင်းဆောင်ရာထူးကို သုံး ဆက်မြောက် ဆက်ခံရယူဖို့ အဆင်သင့်ဖြစ်နေပါပြီ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တုန်းကဆို ရှီကျင့်ဖျင်အကြောင်းကို လူတွေက သိပ်မသိကြသေး ပါဘူး။သူ့အဖေက တရုတ်နိုင်ငံရဲ့ တော်လှန်ရေးခေါင်းဆောင် တစ်ယောက်လို့ပဲ  အများစုက သိထားကြတာပါ။

 သူ့အဖေက တော်လှန်ရေးခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်က  ရာထူးက အနားယူသွားပြီးတဲ့တိုင် နိုင်ငံရေးသြဇာရှိနေကြတဲ့ တရုတ်ကွန်မြူနစ်ပါတီ (CCP)ခေါင်းဆောင်တွေရဲ့ ထောက်ခံ အားပေးမှု ရှီကျင့်ဖျင် ရခဲ့ပြီး နောက်ဆုံးမှာတော့ ထိပ်ဆုံး ရာထူးရတဲ့အထိရတဲ့အထိအောင် တက်လှမ်းနိုင်ခဲ့ပါတယ်။

 သူ တရုတ်နိုင်ငံခေါင်းဆောင် မဖြစ်ခင်က "ရှီကျင့်ဖျင်ကို လူတိုင်းနဲ့ အပေးအယူ လုပ်နိုင်တဲ့သူတစ်ယောက်လို့ မှတ်ယူထားကြတာ" လို့ ဘော်စတွန်တက္ကသိုလ်  တရုတ်နိုင်ငံရေး ကျွမ်းကျင်သူ ဂျိူးဆက်ဖျူးစမစ်က ပြောပါတယ်။

 ဒါပေမဲ့ သူ အာဏာရပြီး ၁၀နှစ်ကြာပြီးတဲ့ အချိန်မှာတော့ ရှီကျင့်ဖျင်ရဲ့ အနေအထားဟာ ပြိုင်ဘက်မရှိ သူ့အာဏာကို ခြိမ်းခြောက်နိုင်တဲ့သူမရှိတဲ့ အနေအထားမျိုး အထိ ရောက်လာခဲ့ပါတယ်။ အဲဒီအနေအထားထိ ရောက်လာအောင် သူဘာတွေ လုပ် ခဲ့တာလဲ။

သေနတ်ပြောင်းဝက လာတဲ့ အာဏာ  

“နိုင်ငံရေးအာဏာဆိုတာ သေနတ်ပြောင်းဝကလာတာ” ဆိုတဲ့ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သူမော်စီတုံး  ပြောခဲ့တဲ့စကားက နာမည်ကြီး အဆိုအမိန့် တစ်ခု ဖြစ်ခဲ့ပါတယ်။

 ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက်ပိုင်း မော်စီတုံး လုပ်ခဲ့တာက  ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တရုတ်စစ်တပ်ကို အစိုး ရအောက်မှာ မထားဘဲ၊တရုတ်ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ထားခဲ့တာပါ။

 အဲ့အချိန်ကစပြီး တရုတ်ကွန်မြူနစ်ပါတီ CCP ခေါင်းဆောင်ဟာ ဗဟိုစစ်ကော်မရှင် CMC ဥက္ကဋ္ဌရာထူးကိုပါ တွဲကိုင်ရပါတယ်။

 သူ့အရင်လူ ဟူဂျင်တောင်းထက် ရှီကျင့်ဖျင် ပိုကံကောင်းတဲ့အချက်က စစ်ကော်မရှင် ဥက္ကဋ္ဌရာထူး ချက်ချင်းရလာတာပါ။ အဲ့ဒါကြောင့် တရုတ် စစ်တပ် အတွင်းထဲက သူ့  အတိုက်အခံတွေကို ချေမှုန်းဖယ်ရှားဖို့ အခွင့်အာဏာ သူ ရသွားပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူအာဏာရပြီးနောက်ပိုင်း လူတွေ အံ့အားအသင့်ဆုံးဖြစ်ခဲ့ရတဲ့ကိစ္စက ဗဟို စစ်ကော်မရှင် ဒုဥက္ကဋ္ဌဟောင်း  Xu Caihou နဲ့ ပြည်သူ့လွတ် မြောက်ရေး တပ်မတော် PLA ဗိုလ်ချုပ်ဟောင်း Guo Boxiong တို့ကို အကျင့်ပျက်ခြစားမှုနဲ့ ၂၀၁၄နဲ့ ၂၀၁၅ခုနှစ်က စွပ်စွဲအရေးယူခဲ့တာပါ။

 "လာဘ်စားမှုနဲ့ စွပ်စွဲခံရတဲ့အချိန်က သူတို့တွေ အငြိမ်းစားယူပြီးကြပြီ။ ဒါပေမဲ့ ရှီက သူတို့ကို ပစ်မှတ်ထားအရေးယူလိုက်တဲ့အတွက် တရုတ်စစ်တပ်ထဲမှာ ရှိနေတဲ့  တရုတ်ခေါင်းဆောင်ဟောင်း ကျန်ဇီမင်းရဲ့ သြဇာ လွှမ်းမိုးမှုကျသွားတယ်" လို့ ပင်တဂွန်က ရန်ပုံငွေနဲ့ လည်ပတ်နေတဲ့ အမျိုးသားကာကွယ်ရေးတက္ကသိုလ်  အကြီး တန်းအရာရှိ ဂျိုလ်ဝှစ်နိုးက Joel Wuthnow ပြောပါတယ်။

 အဲဒီလူတွေကို သူအရေးယူလိုက်တာက သူ့ အုပ်ချုပ်မှုကို ဘယ်သူမှတွန်းလှန်လို့ မရဘူးဆိုတာကို  တရုတ်စစ်တပ်ထဲက အရာရှိတွေသိအောင်  သတင်းစကား ပါးလိုက်သလိုလည်း ဖြစ်သွားတယ်လို့  သူက ထပ်ဖြည့်ပြောပါတယ်။  

 ၂၀၁၅ခုနှစ်မှာ ရှီကျင့်ဖျင်က တရုတ်စစ်တပ်ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ တရုတ်စစ်တပ်ရဲ့ ဝန်ထမ်းရေးရာဌာန၊ နိုင်ငံရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့  လက်နက် တပ်ဆင်ရေး ဌာနချုပ်လေးခုကို ဖျက်သိမ်းလိုက်ပြီး၊ အဲ့ဒီနေရာတွေကို ဌာနအသေး  ၁၅ ခုနဲ့  အစားထိုး ဖွဲ့စည်းခဲ့ပါတယ်။

 ဖွဲ့စည်းပုံအသစ်အရ ဗဟိုစစ်ကော်မရှင်CMC ကနေ  စစ်တပ်ရဲ့ နယ်ပယ်အသီးသီးကို တိုက်ရိုက် အမိန့်စာထုတ်တာတွေ လုပ်လာနိုင်ပါတယ်။ အခုဆို  CMCကို  တိုက်ရိုက် အစီရင်ခံရမယ့် ဘဏ္ဍာရေးစာရင်းစစ်တွေ ခန့်ထားတာအထိ တိုးချဲ့လာနိုင်ပြီလို့ မစ္စတာ ဝှစ်နိုးက ထပ်ဖြည့်ပြောပါတယ်။

 အထက်ပါအချက်တွေက ရှီကျင့်ဖျင်အပေါ် အကြွင်းမဲ့သစ္စာစောင့်သိမှုတွေ အခိုင်အမာရှိနေတယ်ဆိုတာ သေချာနေတဲ့အချက်တွေဖြစ်ပါတယ်။  

 တရုတ်နိုင်ငံရဲ့ တရားဝင် စစ်ဘက် သတင်းစာတစ်ခုဖြစ်တဲ့  ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်နေ့စဉ်သတင်းစာမှာ ဗဟိုစစ်ကော်မရှင် CMCက တရုတ်နိုင်ငံရဲ့ ကိစ္စအလုံးစုံကို ကွပ်ကဲနေကြောင်း အလေးပေးဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြီးခဲ့တဲ့လ က ‌ဖော်ပြခဲ့ပါတယ်။

"ဒီဆောင်းပါးထဲက သတင်းစကားက တနေ့ကျရင် ရှီကို ဆန့်ကျင်လာနိုင်တဲ့ ဝါရင့် PLA ခေါင်းဆောင်တွေကို  သူ့ကို သစ္စာစောင့်သိကြဖို့နဲ့၊ စစ်တပ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ သဘောထားကို တားဆီးနိုင်ဖို့ အတွက်  အထောက်အကူဖြစ်တယ် " လို့  US think tank အဖွဲ့ RAND ကော်ပိုရေးရှင်းရဲ့ အကြီးတန်း နိုင်ငံတကာ ကာကွယ်ရေးသုတေသီ Timothy Heathတင်မသီဟိသ် က ပြောပါတယ်။

"ပါတီအပေါ် သစ္စာစောင့်သိမှုဆိုတဲ့ အဓိပ္ပာယ်က တရုတ်စ်တပ် PLA က တရုတ် ကွန်မြူနစ်ပါတီရဲ့ အမိန့်ပေးမှုကို လေးစားလိုက်နာဖို့နဲ့ အထူးသဖြင့် ရှီကျင့်ဖျင်အပေါ်  သစ္စာစောင့်သိကြဖို့ ပြောချင်တာပါ”

 သစ္စာစောင့်သိမှုက ပထမ

အာဏာကို သေနတ်နဲ့ ထိန်းချုပ်ထားပြီးတဲ့နောက် မဖြစ်မနေ အရေးတကြီးလုပ်ရမယ့်ကိစ္စက အတွင်းစည်းလုံခြုံရေးကို ဓားမိုးအုပ်ချုပ်မှုအောက်ထဲ  ထည့်ထားနိုင်ဖို့ပါ။

 ရှီကျင့်ဖျင် အာဏာရလာပြီး နှစ်နှစ်အကြာမှာ အကျင့်ပျက်ခြစားမှုနဲ့  ပြည်တွင်း လုံခြုံရေးအကြီးအကဲဟောင်း Zhou Yongkang ကိုဖမ်းဆီးလိုက်ပြီး၊ ကျားတစ် ကောင်ကို ဖမ်းမိထားပြီလို့ တရုတ် အာဏာပိုင်တွေက အတည်ပြု ပြောကြား ခဲ့ ပါတယ်။ သူဟာ မစ္စတာရှီရဲ့ ပြိုင်ဘက်တစ်ဦး ဖြစ်ခဲ့တဲ့ ဘိုရှီလိုင်နှင့် နီးနီး ကပ်ကပ် ဆက်ဆံရေးရှိခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

 အဲဒီဖမ်းဆီး စစ်ဆေးမှုက တရုတ်နိုင်ငံရဲ့  သြဇာအာဏာအရှိဆုံး ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်ထဲကလူတွေကို  ရာဇ၀တ်ပြစ်မှုနဲ့ အရေးယူမှာ မဟုတ်ဘူးဆိုတဲ့ တရားဝင်ထုတ်မပြောထားတဲ့ စည်းမျဉ်းကို ချိုးဖျက်လိုက်သလို ဖြစ်သွားတဲ့အတွက်  တရုတ်နိုင်ငံအတွင်း နိုင်ငံရေးတုန်လှုပ်ချောက်ချားမှု တစ်ခု  ဖြစ်ခဲ့ပါတယ်။

 " သူ့လက်ထဲ လုပ်ပိုင်ခွင့်အာဏာမရမီက စိတ်ရှည်လက်ရှည်စောင့်တတ်တဲ့ ရှီကျင့်ဖျင်ဟာ အာဏာရတဲ့အချိန်မှာတော့ ရက်စက်ကြမ်းကြုတ် ထက်မြက်တဲ့ နိုင်ငံရေးသမားအဖြစ် ပုံစံပြောင်းသွားတယ်" လို့ Eurasia Groupရဲ့ အကြီးတန်း တရုတ်နိုင်ငံရေးရာ လေ့လာသုံးသပ်သူ နေးလ်သောမက်စ်က ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, သရုပ်ဖော်ပန်းချီ ‌ဒေးဗစ်ဆာရာ

ရှီကျင့်ဖျင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို  အသုံးချပြီး သူ့ရဲ့  နိုင်ငံရေး ပြိုင်ဘက်တွေနဲ့  ကွန်မြူနစ်ပါတီတွင်းက အခြားအဖွဲ့ခွဲတွေကို ဖယ်ရှား ပစ်ခဲ့တာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

 ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ  လူပေါင်း၄.၇ သန်းကျော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးခဲ့ပါတယ်။

 “ပြီးခဲ့တဲ့နှစ်နှစ်အတွင်းကလည်း  သူရဲ့  အာဏာလွှမ်းမိုးမှုကို  ပထမနေရာကနေ ပံ့ပိုးပေးခဲ့တဲ့ အသက်မွေးဝမ်းကြောင်းလုံခြုံရေးအရာရှိတွေကို ရာထူးက ဖယ်ရှား ခဲ့တယ်”လို့  ဆန်ဒီယေဂို ကယ်လီဖိုးနီးယားတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် ဗစ်တာရှိက်Victor Shih က ပြောပါတယ်။

"အခု အဲ့ဒီ  လုံခြုံရေးအေဂျင်စီတွေမှာ ရှီကိုထောက်ခံခဲ့တဲ့ အရာရှိတွေနဲ့ သူ ယုံကြည်ရတယ်လို့ ယူဆရတဲ့ အရာရှိတွေပဲ သီးသန့်ခန့်ထား တယ်  "

 ဘေကျင်း၊ ရှန်ဟိုင်းနဲ့ ချုံကင်းတို့လို အဓိကမြို့ကြီးတွေကပါတီ အတွင်းရေးမှူး နေရာတွေလို အ‌ရေးကြီးတဲ့ ဒေသဆိုင်ရာ ရာထူးတွေမှာလည်း သူ့ကို သစ္စာခံတဲ့သူတွေကိုပဲ မစ္စတာရှီက စုစည်းခန့်အပ်ထားပါတယ်။

 “လူသန်းပေါင်းများစွာရှိတဲ့ ဒေသတွေမှာ ဗဟိုက ညွှန်ကြားချက်တွေကို ပြန်ချပြပြီး အကောင်အထည်ဖော်ရမယ့် တာဝန်ပေးထားရတဲ့အတွက် အဲ့ဒီရာထူးတွေက အရေးကြီးတယ်”လို့ မစ္စတာသောမက်စ်က ရှင်းပြပါတယ်။

 ပြည်နယ်အဆင့် ပါတီအတွင်းရေးမှူး ၃၁ ဦးအနက် အနည်းဆုံး ၂၄ ဦးက ရှီကျင့်ဖျင်ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ကြပြီး၊အဲ့ဒီသူတွေဟာ အရင်က မိသားစုနဲ့ ရင်းနှီး သိကျွမ်းခဲ့တဲ့သူ ၊ သူနဲ့ အတူ ပညာသင်ကြားခဲ့ဖူးတဲ့သူ ၊သူ့လက်အောက်မှာ အလုပ် လုပ်ခဲ့ဖူးတဲ့သူ သို့မဟုတ် သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးဦးအတွက် အလုပ် လုပ်ခဲ့ဘူးတဲ့ သူတွေဖြစ်တယ်လို့ မစ္စတာသောမတ်စ်က ထပ်ဖြည့်ပြောပါတယ်။

 အလားတူ ပြည်နယ်အဆင့် ကော်မတီဝင် ၂၈၁ ဦးစလုံးကို မစ္စတာရှီက ရာထူးတိုးပေးခဲ့ကြောင်း ကနေဒါနိုင်ငံ ဝိတိုရိယတက္ကသိုလ်မှ နိုင်ငံရေးပါမောက္ခ Wu Guoguang ပြုစုတဲ့ အချက်အလက်တွေထဲမှာ လည်းတွေ့ရပါတယ်။  

 

ကိုယ်ပိုင်အမှတ်တံဆိပ် တစ်ခု ဖန်တီး တည်ဆောက်ခြင်း

"ခေတ်သစ်တစ်ခု အတွက် တရုတ်လူမျိုးတွေရဲ့ ဝိသေသ လက္ခဏာတွေနဲ့ ဆိုရှယ်လစ်ဝါဒကို ပေါင်းစပ်ထားတဲ့  ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ် " ကို တရုတ်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ၂၀၁၈ခုနှစ်က ထည့်သွင်းခဲ့ပါတယ်။

ရှီကျင့်ဖျင် ပြောလိုက်တဲ့စကားက  နှုတ်ထွက်စကားတစ်ခု သဘောမျိုးဖြစ်ပေမယ့် အဲ့ဒီစကားတွေက သူ့ရဲ့ကိုယ်ပိုင် မူဝါဒလိုဖြစ်လာပြီး၊ နောက်ပိုင်းမှာ သူ့ချန်ခဲ့တဲ့ အမွေအနှစ် သဘောမျိုးထိတောင် ဖြစ်လာနိုင်ပါတယ်။

 ဒါမျိုးကို ရှီကျင့်ဖျင် မတိုင်ခင်က ဥက္ကဋ္ဌဟောင်း မော်စီတုံး တစ်ဦးတည်းသာ လုပ်နိုင်ခဲ့တာပါ။ တရုတ်နိုင်ငံကို ခေတ်မီတိုးတက်အောင်လုပ်ခဲ့တဲ့ ဗိသုကာပညာရှင် အဖြစ် လူသိများတဲ့ တိန့်ရှောင်ဖိန် လိုလူတောင် သူနဲ့ပတ်သက်တဲ့  အတွေးအခေါ်တစ်ခုပဲ ချန်ထားရစ်နိုင်ခဲ့ပါတယ်။

ရှီကျင့်ဖျင် မတိုင်ခင်က တရုတ်ခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ကျန်ဇီမင်းနဲ့ ဟူဂျင်းတောင်တို့တောင် သူတို့နဲ့ ဆက်စပ်တဲ့ အတွေးအခေါ် သီအိုရီတွေ ချန်မထား ခဲ့နိုင်ပါဘူး။

  ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ်က ဘာကိုဆိုလိုလဲဆိုတာ ငြင်းခုံရနိုင်ပေမယ့် အဲ့ဒီထဲမှာ ပါဝါအရွှေ့အပြောင်း စွမ်းအား တစ်ခုရှိတယ်လို့  လေ့လာသူတွေက ဆိုကြပါတယ်။

“ရှီရဲ့ အတွေးအခေါ်က သူ့ရဲ့  ကိုယ်ပိုင်တရားဝင်မှုနဲ့ သူ့ အာဏာဟာ  ကွန်မြူနစ် ပါတီဗဟိုကော်မတီရဲ့အထက်၊ တစ်နိုင်ငံလုံးရဲ့ အထက်မှာရှိနေဖို့  အဓိက ရည်ရွယ်ပါတယ်။

 ရှီဟာ မော်စီတုံးနဲ့ ဆက်စပ်ရုံတင်မက ခေတ်ဟောင်းက အကျော်ကြားဆုံး နဲ့အအောင်မြင်ဆုံး တရုတ်ဧကရာဇ်တွေနဲ့  ချိတ်ဆက်နေတဲ့ အစိတ်အပိုင်း ဖြစ်တယ်”လို့ ဟောင်ကောင်နှစ်ခြင်း တက္ကသိုလ် နိုင်ငံရေး သိပ္ပံဆိုင်ရာ ဂုဏ်ထူးဆောင် ပါမောက္ခ Jean-Pierre Cabestan က ပြောပါတယ်။

 နာမည်ကြီး ပီကင်းတက္ကသိုလ်နဲ့ စင်ဟွာတက္ကသိုလ်အပါအဝင် ဒါဇင်နဲ့ချီတဲ့ တက္ကသိုလ်တွေနဲ့  အဖွဲ့အစည်းတွေက ရှီကျင့်ဖျင်ရဲ့ နာမည်နဲ့ သုတေသနစင်တာတွေ ထူထောင်ခဲ့ကြောင်း ဟောင်ကောင်သတင်းစာ Ming Pao က ဖော်ပြခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, သရုပ်ဖော်ပန်းချီ ‌ဒေးဗစ်ဆာရာ

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း တရုတ်ပညာရေးဝန်ကြီးဌာနရဲ့ သင်ရိုး ညွှန်း တမ်းမှာ ရှီကျင့်ဖျင်ရဲ့ အတွေးအခါ်ကို ထည့်ဖို့ အစီအစဥ်ရှိတယ်လို့ ထုတ် ပြန်ခဲ့ပါတယ်။  

 "ရှီ့ဆီကသင်ယူပြီး နိုင်ငံကိုအားကောင်းအောင်လုပ်ပါ”လို့ ရှီကျင့်ဖျင်ရဲ့ အတွေးအခေါ်ကို ဘာသာပြန်ထားပြီး၊   ဉာဏ်စမ်းပဟေဠိတွေပါတဲ့ Xuexi Qiangguo မိုဘိုင်းအက်ပလီကေးရှင်းကို ၂၀၁၉ခုနှစ်က ထုတ်ပြန်ခဲ့ပါတယ်။

 "သူ့မှာ မှန်ကန်တဲ့ အတွေးအခေါ်ရှိပြီး လူတိုင်းက လက်ခံရမယ်" လို့ ရှီကျင့်ဖျင်က ယုံကြည်နေတဲ့အကြောင်း ကိုလံဘီယာတက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ အင်ဒရူးနာသန်က အခုလိုပြောပါတယ်။

 "မော်စီတုန်းက မူဝါဒတစ်ခုချရင် လူတိုင်းက လိုက်နာကြရသလိုမျိုး ရှီကျင့်ဖျင် ကလည်း အဲ့ဒါမျိုးလုပ်ချင်တာ”

 

သရုပ်ဖော်ပန်းချီ ‌ဒေးဗစ်ဆာရာ