မုံရွာ မန္တလေးလမ်းပေါ်မှာ လက်နက်ပြ ကားတားပြီး ငွေတောင်းတာ ပိုများလာ

တိုက်ပွဲဖြစ်လို့ လမ်းခေတ္တပိတ်သွားခဲတဲ့   မုံရွာ မန္တလေးလမ်းပိုင်း  (၂၀၂၁ ခုနှစ် ပုံအဟောင်း )

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, တိုက်ပွဲဖြစ်လို့ လမ်းခေတ္တပိတ်သွားခဲတဲ့ မုံရွာ မန္တလေးလမ်းပိုင်း  (၂၀၂၁ ခုနှစ် ပုံအဟောင်း )
ရေးသားခဲ့သည်။

အခုရက်ပိုင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေနဲ့ မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ မန္တလေးလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ကားတွေကိုတားပြီး လက်နက်ပြ ခြိမ်းခြောက် ငွေတောင်း တွေပိုများလာနေတယ်လို့ ကိုယ်တွေကြုံရတဲ့ မုံရွာဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ငွေတောင်း တဲ့အဖွဲ့တွေဟာ မုံရွာ မန္တလေးလမ်းပေါ်က မြင်းမူမြို့အနီးတစ်ဝိုက်မှာ ငွေတောင်းတာတွေ ပြုလုပ်နေတာဖြစ်ပြီး ဒီဇင်ဘာလဆန်းကစလို့ အခုရက်ပိုင်း ငွေတောင်းခံရတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်လို့ လည်း မုံရွာဒေသခံတွေက ဆိုပါတယ်။

လက်နက်ပြ ငွေတောင်းတဲ့ နေရာတွေက မြင်းမူ မြို့ရှောင်လမ်း၊ အလကပ္ပ ကျေးရွာအနီးနဲ့ ထီးဆောင်းကျေးရွာ အနီးတို့ ဖြစ်တယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က မြင်းမူမြို့အနီး ထီးဆောင်း မျက်စိကုဆေးရုံ အနီးမှာ ကားကိုတားပြီး ကားပေါ်ကဆွဲချကာ ကျည်ဆန်ဖိုးမရှိဘူး ငါးသိန်းပေးရမယ်ဆိုပြီး အတင်းတောင်းခဲ့ကြောင်းနဲ့ ပါလာတဲ့ ငွေနှစ်သိန်းခွဲကို လုသွားတာခံခဲ့ရကြောင်းလည်း ကိုယ်တွေ့ကြုံသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် မုံရွာနဲ့ မန္တလေး ပြေးဆွဲနေတဲ့ ကေပါဝါနဲ့ ကံရာမင်း အမြန်ကားနှစ်စီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ခန့်က လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ကတားပြီး ငွေတောင်းကာ ကားပေါ်ပါလာတဲ့ ဖုန်းတွေကိုပါယူသွားခဲ့ကြောင်း မုံရွာမြို့ခံတွေကပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Social media

 မြင်းမူမြို့ရှောင်လမ်းမှာ အိမ်စီးကားကို တားပြီးငွေတောင်းသူတွေကတော့ အနက်ရောင်ဝတ်စုံတွေ ဝတ်ထားပြီးတော့ သူတို့ကိုယ်သူတို့ စစ်ကိုင်းPDFက လို့ပြောကြတယ်လို့  ကိုယ်တွေ့ကြုံသူက ဘီဘီစီကိုပြောပါတယ်။

သူတို့ကိုင်ထားတဲ့ သေနတ်တွေက မောင်းပြန်သေနတ်တွေဖြစ်ပြီး ခန္ဓာကိုယ်ပေါ်မှာလည်း ဗုံးတွေချိတ်ထားကြောင်းနဲ့ မြင်းမူမြို့ရှောင်လမ်းဟာ ပေါ် ငွေတောင်းတာကြုံခဲ့ရသူက ပြောပါတယ်။

"သူတို့က ပုံစံကြည့်ပြီးတောင်းတာ နည်းနည်းပါးပါးမေးစမ်းပြီး ကားပေါ်မှာ ကလေးတွေပါပါတော့ ထောက်ပံ့ငွေလေးထည့်သွားပါလို့ ပြောလို့ ငွေတစ်သောင်းထည့်ခဲ့ရတယ် "လို့ ကိုယ်တွေ့ကြုံသူကပြောပြ ပါတယ်။

မြင်းမူမြို့နယ် အလကပ္ပ ဘုန်းကြီးကျောင်းနားမှာ ကုန်ကားတွေကို တားနေတဲ့ အဖွဲ့ကတော့ "ကားတစ်စီးကို သုံးထောင် မရဘူး ငါးထောင်တော့ပေး ငါတို့ကလူများတယ်ဆိုပြီး "တောင်းနေတာဖြစ်တယ်လို့လည်း ဒီဇင်ဘာလ ၁၂ ရက်နေ့ ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးကပြောပြပါတယ်။

 

no tag

ဓာတ်ပုံ ရင်းမြစ်, Social media

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ငွေတားတောင်းသူတွေဟာ PDFလို့ အချို့ကပြောပြီးတောင်းကြပေမယ့် ငွေပေးခဲ့ရသူတွေကတော့ PDF အယောင်ဆောင်တောင်းတာတွေ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

ဒါအပြင့် မြင်းမူ အလကပ္ပ နားတောင်းတဲ့ အဖွဲ့ဟာလည်း အနီးအနားမှာ စစ်သင်တန်းပေးနေတာရှိတာကြောင့် အဲဒီအဖွဲ့တွေဖြစ်နိုင်တယ်လို့ ယူဆမူတွေရှိပါတယ်။

အခုလို အကြောင်းအမျိုးမျိုးပြ ကားတွေတားပြီး ငွေတောင်းတာတွေကြောင့် မုံရွာ မန္တလေးလမ်းကို  နေ့ဘက်အချိန်ကို စိတ်အေးလက်အေး မသွားရတော့ဘဲ စိုးရိမ်မှုတွေရှိနေတဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

မုံရွာ မန္တလေးလမ်းပေါ်မှာ စစ်ဆေးမူတွေလုပ်ရင် တိုက်ခိုက်မှုလုပ်ရင် PDF တွေက အသိပေးထုတ်ပြန်လေ့ရှိပြီး အခုငွေတောင်းတာတွေနဲ့ ပတ်သက်လို့ ဒေသလက်နက်ကိုင်တွေဘက်က ထုတ်ပြန်တာမတွေ့ရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

 မုံရွာ မန္တလေး ကားလမ်းဟာ အရင်က နေ့စဥ်ကားထောင်ချီဖြတ်သန်းသွားလာတဲ့ ကားလမ်းမကြီးဖြစ်ပြီးတော့ မန္တလေးက လာရင် စစ်ကိုင်းတံတားကျော်ပြီး မြင်းမူ ချောင်ဦး မုံရွာမြို့အဝင် အထိကို စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေတိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတာကြောင့် အသွားအလာ နည်းလာခဲ့တာဖြစ်တယ်လို့ မုံရွာဒေသခံတွေက ပြောပါတယ်။