မြန်မာ့ပြဿနာအတွက် ကြားဝင်ကူညီရန် ထိုင်း ကမ်းလှမ်း

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

မြန်မာ့ပဋိပက္ခကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ စစ်တပ် ကျောထောက် နောက်ခံပြု ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က လက်ခံထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။

နှစ်ဖက်စလုံးက စစ်ရေးနည်းလမ်းဟာ သူတို့ရဲ့အကျိုးစီးပွားအတွက် အဖြေမဟုတ်ဘူးဆိုတာကို အသိအမှတ်ပြုထားကြတယ်လို့ သူက ပြောပါတယ်။

"နောက်ဆုံးမှာတော့ ဆွေးနွေးပွဲတွေ စတင်နိုင်မယ့် ဘုံသဘောတူညီချက်တစ်ရပ် ရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဆီဟာဆက်က ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် ကြားဝင်ကူညီပေးဖို့နဲ့ ဆွေးနွေးပွဲတွေ ကျင်းပမယ့်နေရာတွေအထိ လက်ခံပေးဖို့ အသင့်ရှိကြောင်းလည်း သူက ပြောပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း တစ်သိန်းခန့် သေဆုံးပြီး သန်းနဲ့ချီ နေရပ်စွန့်ခွာခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ငြိမ်းချမ်းရေးခြေလှမ်း ဖြစ်ပါတယ်။

ဇူလိုင် ၁၅ ရက်က ဘန်ကောက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီး ဆီဟာဆက်က အာဆီယံအထူးကိုယ်စားလှယ်နဲ့ မြန်မာ့အရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတွေအကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဇူလိုင် ၁၂ ရက် က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ၂၀၂၁ ခုနှစ် မြန်မာကစစ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်နိုင်ငံခြားရေးဝန်ကြီးနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြပါတယ်။

နောက်တစ်နေ့မှာတော့ အာဆီယံအထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်တို့ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ရပ်တန့်နေခဲ့တဲ့ မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ပြန်အသက်သွင်းဖို့ကြိုးစားတဲ့ အာဆီယံရဲ့ခြေလှမ်းတစ်ရပ် ဖြစ်လာပါတယ်။

ဆီဟာဆက်ကတော့ အဲဒီအဖွဲ့တွေမှာ အားလုံးတူညီတဲ့ ဘုံရပ်တည်ချက်တစ်ရပ်ကိုတော့ မရရှိသေးဘူးလို့ ပြောပါတယ်။ ဆွေးနွေးပွဲတွေ ရှေ့ဆက်နိုင်ဖို့ အဲဒီဘုံရပ်တည်ချက် ရရှိရေးကို ဆက်လက်လုပ်ဆောင်နေကြတယ်လို့ သူက ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကတော့ SCEF အဖွဲ့ဝင်တွေ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တာဟာ စစ်အာဏာရှင်တွေနဲ့ အကြား တရားဝင်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဒါမှမဟုတ် စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် စတင်တာမဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

SCEF မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပါဝင်ပါတယ်။

SCEF အနေနဲ့ ရည်မှန်းချက်မပါတဲ့ တွေ့ဆုံဆွေးနွေးမှုသက်သက်ကို ယုံကြည်မှုမရှိကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုရဲ့ရည်ရွယ်ချက်မှာ မြန်မာ့ပဋိပက္ခကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကို ဖြေရှင်းနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်တဲ့နိုင်ငံရေးအသွင်ကူးပြောင်းမှုအောင်မြင်စေဖို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်လွှမ်းမိုးမှု၊ ဗဟိုချုပ်ကိုင်မှုအားကြီးတဲ့အာဏာရှင်စနစ်ရဲ့အရင်းခံနိုင်ငံရေးအကျပ် အတည်းတို့ကို ချန်ထားပြီး အကြမ်းဖက်မှုကို လျှော့ချရုံသက်သက်သာ ရည်ရွယ်တဲ့တွေ့ဆုံဆွေးနွေးမှုက ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကို ရနိုင်မှာမဟုတ်ဘူးလို့ လည်းထည့်ပြောထားပါတယ်။

SCEF ရဲ့ နိုင်ငံခြားရေးဌာနအဖွဲ့ဝင် စောနီးမရို့ကတော့ SCEF ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအပေါ် စဉ်းစားချက်ကို အခုလိုပြောပါတယ်။

''မြန်မာ စစ်တပ်ဘက်မှာကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေး ကမ်းလှမ်းလာတယ်။ ဒါပေမဲ့ တစ်ဘက်မှာလည်း ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာတွေရှိတယ်။ ရွာတွေမီးရှို့နေတယ်။ ရဲဘော်တွေလည်း တိုင်းရင်းသားနယ်မြေမှာ ပိုပြီးတော့ တိုးမြှင့်တယ်။ အလားတူပဲ ပြည်သူလူထုတွေလိုအပ်တဲ့ လူသားချင်းစာနာတွေလည်း ထိထိရောက်ရောက် မလုပ်ပေးနိုင်သေးဘူး။ ဒါကြောင့်မို့လို့ ကောင်းတဲ့အခြေအနေတစ်ခုပေါ်လာမှ ပြီးတော့ stakeholder တွေက တကယ်စိတ်ဆန္ဒရှိမှ။ နိုင်ငံရေးဆွေးဖို့ပေါ်လာမှာပေါ့။ ဒါပေမဲ့ အခုမြန်မာပြည်အခြေအနေမှာ ဒီလိုမျိုးအခြေအနေမရောက်သေးဘူးလို့ ကျွန်တော်တို့ SCEF ခေါင်းဆောင်တွေက သုံးသပ်ပါတယ်။''

နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေဟာ ကျယ်ပြန့်တဲ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ရဲ့အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်လို့လည်း SCEF က သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

"လက်ရှိအချိန်မှာတော့ ဆွေးနွေးပွဲကျင်းပရေးအတွက် ဆွေးနွေးရမယ့်အဆင့်ပဲ ရှိပါသေးတယ်။ ဆွေးနွေးပွဲကို ဘယ်လိုကျင်းပမလဲ၊ ဘယ်နေရာမှာ ကျင်းပမလဲဆိုတာတွေကို ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်" လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုနဲ့ ထိုင်းတာဝန်ရှိသူတွေဟာ စစ်တပ်ကျောထောက် နောက်ခံပြု အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့လည်း ပတ္တရားမြို့မှာ သီးခြားတွေ့ဆုံထားပါတယ်။

ဆီဟာဆက်က ဆွေးနွေးမှုမှာ ပါဝင်သူအားလုံးဟာ စစ်ရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ကြိုးပမ်းခြင်းဟာ သူတို့ရဲ့အကျိုးစီးပွားအတွက် အထောက်အကူမဖြစ်ဘူးဆိုတာကို အသိအမှတ်ပြုခဲ့ကြတယ်လို့ ပြောပါတယ်။

"နောက်ဆုံးမှာတော့ ဆွေးနွေးပွဲတွေ စတင်နိုင်မယ့်ဘုံသဘောတူညီချက်တစ်ရပ်ကို ရှာဖွေနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဆီဟာဆက်က ပြောပါတယ်။

"လက်ရှိအချိန်မှာတော့ ဆွေးနွေးပွဲကျင်းပရေးအတွက် ဆွေးနွေးနေတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဆွေးနွေးပွဲကို ဘယ်လိုကျင်းပမလဲ၊ ဘယ်နေရာမှာ ကျင်းပမလဲဆိုတာတွေကို ဆက်ပြီး ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်" လို့ သူကပြောပါတယ်။

တစ်ဖက်မှာတော့ ဒီတွေ့ဆုံမှုကို တက်ရောက်ခဲ့တဲ့တိုင်းရင်းသာလက်နက်ကိုင်တပ်တချို့နဲ့ ဦးဆောင်ဖွဲ့စည်းထားတဲ့ SCEF ကတော့ စစ်တပ်နဲ့ တရားဝင် နိုင်ငံရေးဆွေးနွေးပွဲ ဒါမှမဟုတ် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ် စတင်တာမဟုတ်ကြောင်း ပြောပါတယ်။ ဒါအပြင် တရားဝင်နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုများ စတင်ဖို့ အခြေအနေမရောက်သေးဘူးလို့ SCEF က ဆိုပါတယ်။

SCEF က ရည်ရွယ်ချက်မရှိတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးကို ယုံကြည်မှု မရှိကြောင်းနဲ့ မြန်မာ့ပဋိပက္ခရဲ့ အရင်းခံအကြောင်းရင်းတွေကို ဖြေရှင်းနိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်တဲ့နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်လာဖို့ လိုအပ်ကြောင်း ပြောထားပါတယ်။

ဒါဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း တစ်သိန်းခန့် သေဆုံးပြီး သန်းနဲ့ချီ နေရပ်စွန့်ခွာခဲ့ရတဲ့မြန်မာနိုင်ငံအတွက် အာဆီယံရဲ့ငြိမ်းချမ်းရေးခြေလှမ်း ဖြစ်ပါတယ်။

အာဆီယံနဲ့ ထိုင်းနိုင်ငံဟာ စစ်အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိရေးကိုလည်း မျှော်လင့်နေပါတယ်။

ဆီဟာဆက်က အာဆီယံအထူးကိုယ်စားလှယ် မာရီယာ ထရီဆာ လာဇာရိုရဲ့ လာမယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

"အဓိကကတော့ စိတ်ရင်းစေတနာမှန်ဖို့ပါပဲ" လို့ ဆီဟာဆက်က ပြောခဲ့ပြီး ထိုင်းနိုင်ငံအနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို စေတနာမှန်နဲ့ အဆိုပြုထားတာဖြစ်ကြောင်း ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာခေါင်းဆောင် မင်းအောင်လှိုင်ဟာ လာမယ့်လမှာ ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ်သွားရောက်မယ့်သတင်းကိုလည်း ထိုင်းက အတည်ပြုထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ မင်းအောင်လှိုင်ဟာ အတိုက်အခံယှဉ်ပြိုင်မှု မရှိခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ လက်ရှိ မြန်မာရဲ့သမ္မတအဖြစ် ရာထူးယူထားပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနဲ့ နှစ်နိုင်ငံဆက်ဆံရေးအရရော၊ အာဆီယံမူဘောင်အတွင်းကနေရော ဆက်ဆံရေးပုံမှန်ပြန်ဖြစ်လာစေရေး ကြိုးပမ်းမှုတွေကို ဦးဆောင်နေပေမဲ့ တချိန်တည်းမှာ ဝေဖန်မှုတွေလည်း ကြုံနေရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးချက် (Five-Point Consensus) ကို စွန့်လွှတ်ထားတာ မဟုတ်ဘူးလို့လည်း ဆီဟာဆက်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ ထိုင်းမျှော်လင့်

ထိုင်းနိုင်ငံက အာဆီယံရဲ့ အထူးကိုယ်စားလှယ်ရဲ့လာမယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ နေပြည်တော်ဘက်က ခွင့်ပြုပေးမယ်လို့ မျှော်လင့်နေပါတယ်။

အဲဒီလို မျှော်လင့်နေချိန်မှာပဲ ဘန်ကောက်က မြန်မာရဲ့အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်လည်စတင်နိုင်ဖို့ တွန်းအားပေးနေတာဖြစ်ပါတယ်။

ထိုင်းအနေနဲ့ အာဆီယံနဲ့ နေပြည်တော်ကြား ပြုလုပ်ခဲ့တဲ့ ထိတွေ့ဆက်ဆံမှုတွေကို ကြိုဆိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။ အဲဒီထဲမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ကြား အလွတ်သဘောဆွေးနွေးပွဲလည်း ပါဝင်ပါတယ်။

ဆီဟာဆက်က အဲဒီဆွေးနွေးပွဲတွေဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဆီယံက နေပြည်တော်နဲ့ လူချင်းတွေ့ဆုံပြီး တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီတွေ့ဆုံမှုရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး နေပြည်တော်ဘက်က နောက်ဆုံးအခြေအနေတွေကို မျှဝေပေးဖို့ တိုက်တွန်းတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးအတွက် အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးချက် (Five-Point Consensus) အကောင်အထည်ဖော်မှုမှာ တိုးတက်မှု အကန့်အသတ်သာ ရှိခဲ့တာကို အာဆီယံက အသိအမှတ်ပြုထားပြီး ရှေ့ဆက်တိုးတက်မှုကို တိုင်းတာနိုင်ဖို့ အချက် ၄ ချက်ကိုလည်း သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အဲဒီအချက်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထပ်မံလွှတ်ပေးတာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ပါဝင်ပါတယ်။

အခုနှစ်အစောပိုင်းမှာ အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေပြည်တော်ရှိ နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့ထားတယ်လို့ နေပြည်တော်က ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိသားစုဝင်တွေ၊ သံတမန်တွေ၊ ဥပဒေအကျိုးဆောင်အဖွဲ့ကတော့ အဲဒီပြောဆိုချက်အပေါ် သံသယရှိနေကြပါတယ်။

အာဏာပိုင်တွေက လွတ်လပ်တဲ့အတည်ပြုစစ်ဆေးမှု ဒါမှမဟုတ် တွေ့ဆုံခွင့်တောင်းဆိုမှုအားလုံးကို ငြင်းပယ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၂၀၂၂ ခုနှစ် နှောင်းပိုင်းကတည်းက လူမြင်ကွင်းမှာ မတွေ့ရသလို သူ့ရဲ့ သတင်းစကားလည်း မကြားရတော့တာကြောင့် ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် ကာလအတွင်း မြေပြင်အခြေအနေတွေကို ကိုယ်တိုင်သွားရောက်လေ့လာနိုင်ဖို့ မစ္စ လာဇာရိုက မြန်မာကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ် သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ဒါပေမဲ့ မစ္စလာဇရို ဦးဆောင်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်ဟာ ဘယ်လိုပုံစံဆောင်ရွက်မလဲ ကွဲပြားနေတဲ့ မြန်မာက အဖွဲ့အစည်းအသီးသီးကြား အကူအညီတွေ ဘယ်လိုပေးမလဲဆိုတာတော့ မရှင်းလင်းသေးပါဘူး။

"နေပြည်တော်ဘက်ကလည်း (အာဆီယံ) အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ ဆီဟာဆက်က ပြောပါတယ်။

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေရဲ့တုံ့ပြန်ချက်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဆီဟာဆက်က အဲဒီအဆိုပြုချက်ကို ပယ်ချတာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။ အဲဒီအဆိုပြုချက်ကို မြန်မာခေါင်းဆောင်ပိုင်းနဲ့ ဆွေးနွေးသွားမယ်လို့ ဦးတင်မောင်ဆွေက တုံ့ပြန်ကြောင်း ဆီဟာဆက်က ပြောပါတယ်။

"အဓိကကတော့ စိတ်ရင်းစေတနာမှန်ဖို့ပါပဲ" လို့ ဆီဟာဆက်က ပြောပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို စေတနာမှန်နဲ့ အဆိုပြုထားတာဖြစ်ပြီး အဲဒီထိတွေ့ဆက်ဆံမှုကနေ တိုးတက်မှုတွေ ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်းလည်း သူက ထပ်လောင်းပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ လာမယ့်လမှာ ထိုင်းနိုင်ငံကို တရားဝင်ခရီးစဉ် လာရောက်မယ်ဆိုတဲ့သတင်းတွေကို အတည်ပြုပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာကနေ ဖယ်ရှားပြီး အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ မြန်မာစစ်ခေါင်းဟာ အတိုက်အခံယှဉ်ပြိုင်မှု မရှိခဲ့တဲ့ ရွေးကောက်ပွဲအပြီးမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ အရပ်သားသမ္မတအဖြစ်ရာထူးယူထားပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနဲ့ နှစ်နိုင်ငံချင်းအရရော၊ အာဆီယံမူဘောင်အတွင်းကနေလည်း ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်လာစေဖို့ ကြိုးပမ်းမှုတွေကို ဦးဆောင်နေပါတယ်။

လာမယ့်သီတင်းပတ်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့လို့ ဆွေးနွေးဖက်နိုင်ငံတွေနဲ့ အစည်းအဝေး ပြုလုပ်ဖို့ရှိနေပါတယ်။

အနောက်နိုင်ငံတွေဟာ နေပြည်တော် စစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုကို အားမပေးတာကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နေပြည်တော်နဲ့ အခုထိတွေ့ဆက်ဆံမှုကို အာဆီယံ စားပွဲဝိုင်းဆီကို ဘယ်လို သယ်သွားမှာလဲဆိုတဲ့မေးခွန်းလည်း ထွက်ပေါ်လာပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ထိုင်းက အဆိုပြုတဲ့မြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး အနောက်မိတ်ဖက်နိုင်ငံတွေက ကန့်ကွက်စကားဆိုတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

နောက်ပြီး မြန်မာနဲ့ပြန်ဆက်ဆံမှုမှာလည်း အာဆီယံကို ဗဟိုပြုမှုကိုပဲ အခြေတည်တယ်လို့ ခုခံပြောဆိုပါတယ်။

''ကျွန်တော်နဲ့ ကျွန်တော်တို့ မိတ်ဆွေ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အမြဲပြောကြတာရှိပါတယ်။ ဘုံသဘောတူညီချက်တွေ အထမြောက်အောင် အကောင်အထည် ဘယ်လိုဖော်ကြမလဲ။ ဘယ်လိုဗျူဟာသုံးမလဲ။ အထူးသံကိုပဲ လိုအပ်တာ ဝိုင်းပံ့ပိုးပေးကြမလား။ ဆွေးနွေးကြပါတယ်။ ... တကယ်တော့ ဒါဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ချဉ်းကပ်မှု သက်သက်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ထိပ်သီးဆွေးနွေးပွဲ အာဆီယံနိုင်ငံ့ခေါင်းဆောင်တွေကြား ဆွေးနွေးခဲ့ကြတာရှိပါတယ်။ မြန်မာကို ချန်မထားသင့်တော့ဘူးလို့ အာဆီယံခေါင်းဆောင်တွေ ယေဘုယျ လက်ခံထားကြပါတယ်။''