ထိုင်းမှာ တရားမဝင်ရောက်နေတဲ့ မြန်မာတွေ ဆက်တိုက်အဖမ်းခံနေရ
ထိုင်းမှာ တရားမဝင်ရောက်နေတဲ့ မြန်မာတွေ ဆက်တိုက်အဖမ်းခံနေရ
ရေးသားခဲ့သည်။
ဒီရက်ပိုင်း ထိုင်းကိုတရားမဝင်သွားရောက်တဲ့ မြန်မာနိုင်ငံသားရာနဲ့ချီ ဆက်တိုက် အဖမ်းခံနေရပါတယ်။ အများစုဟာ ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်၊ အလုပ်ခွင့်ရမယ့် ဘတ်ရိုက်တယ်လို့ခေါ်တဲ့ ပန်းရောင်ကတ် လုပ်လို့ ရမယ်ဆိုပြီး ပွဲစားတွေရဲ့မက်လုံးပေးမှုကြောင့် တရားမဝင် ဝင်လာရောက်ကြရင်း အဖမ်းခံနေရတာပါ။ ထိုင်းဘက်က ဘတ်ရိုက်တာကို ပြန်ပိတ်သွားတဲ့အကြောင်း နောက်ဆုံးသတင်းအချက်အလက်တွေကို မသိကြတာလား။ အလုပ်သမားအရေး ကူညီနေသူတွေရော ဒီအပေါ် ဘာတွေအကြံပြုထားပါသလဲ။ ဒီကြောင်း မသင်းသင်းနွယ် စုစည်းတင်ပြပါမယ်။



