ဧပြီလ ၁၀ ရက် ညပိုင်း နိုင်ငံတကာ သတင်း -စစ်ဗိုလ်ချုပ်တွေ အာဏာလုပွဲ ဆူဒန်မှာ ဖြစ်နေ
စစ်ဗိုလ်ချုပ်တွေ အာဏာလုပွဲ ဆူဒန်မှာ ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Maxer Technologies
စင်ပြိုင်စစ်ဗိုလ်ချုပ်တွေ အာဏာလုကြတဲ့အတွက် ဆူဒန် နိုင်ငံ တလွှားမှာ တိုက်ပွဲတွေ ဖြစ်နေတာ ၃ ရက်မြောက် ရှိလာနေပါပြီ။
မြို့တော် ခါတွမ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေပြီး လူနေရပ်ကွက်တွေထဲကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒဏ်ရာရသူတွေကို သယ်ထုတ်နိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခဏရပ်ဖို့ သဘောတူခဲ့ ကြပေမယ့် နှစ်ဖက်လုံးက မလိုက်နာခဲ့ကြတဲ့အပေါ် ကုလသမဂ္ဂက ရှုတ်ချထားပါတယ်။
ဆရာဝန်တွေက အရပ်သားပေါင်း အယောက် ၁၀၀ လောက် သေဆုံးခဲ့ပြီလို့ အတည်ပြု ပြောထားပါတယ်။
တကယ်သေဆုံးတဲ့ အရေအတွက်က အဲဒီထက် မက များနိုင်တယ်လို့လည်း ဆိုကြပါတယ်။
ခါတွမ်မှာရှိတဲ့ ဆေးရုံတွေ မှာ လူနာတွေအတွက် ပေးစရာ သွေးတွေ ပြတ်တောက် နေပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ က ပြောပါတယ်။
သြစတြေးလျမှာ မဲလ်ဘုန်းက လူဦးရေအများဆုံးမြို့ အဖြစ် ဆစ်ဒနီကိုကျော်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
သြစတြေးလျ နိုင်ငံမှာ ဆစ်ဒနီက လူဦးရေ အများဆုံး ဖြစ်ခဲ့ရာကနေ မဲလ်ဘုန်းမြို့က အခုတော့ လူဦးရေ အများဆုံးမြို့ ဖြစ်သွားပါပြီ။
တချို့ကလည်း လူဦးရေအနည်းအများ တိုင်းတာတဲ့ နည်းလမ်းအပေါ် မေးခွန်းထုတ် နေပါတယ်။
မဲလ်ဘုန်းမြို့ ရဲ့ နယ်နမိတ်ကန့်သတ်ချက်ကို ချဲ့လိုက်ပြီး အနောက်ဘက်မှာ မဲလ်တန် ဧရိယာကို ထည့်လိုက်တဲ့အတွက် အခုလို လူဦးရေ အရေအတွက် တိုးသွားတာ လို့ ပြောကြပါတယ်။
ဒီလို မြို့ဧရိယာ သတ်မှတ်မှု ပြောင်းလိုက်တဲ့အတွက် မဲလ်ဘုန်း မြို့ လူဦးရေက ၄, ၈၇၅,၀၀၀ ဆစ်ဒနီထက် လူပေါင်း ၁၉,၀၀၀ များသွားပါတယ်။
ဒီမြို့ ၂ မြို့က လူတွေက သူ့မြို့ ကိုယ့်မြို့ ပြိုင်ကြတဲ့ အလေ့ရှိတာမို့ ဆစ်ဒနီ မြို့သူမြို့သား အများအပြားက ဒီတိုင်းတာတဲ့ နည်းကို လူမှုမီဒီယာတွေမှာ အမေးထုတ်နေကြပါတယ်။
ရုရှားမှာ ပူတင်ဝေဖန်သူထဲက အကျော်ကြားဆုံးသူ ထောင်ဒဏ် ၂၅ နှစ်ကျ

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သမ္မတပူတင်ကို ဝေဖန်ကြသူတွေထဲ လူသိများ အကျော်ကြားဆုံးဖြစ်တဲ့သူကို ရုရှားက တရားရုံးတခုက ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ပါတယ်။
သတင်းသမားနဲ့ အတိုက်အခံတယောက်ဖြစ်တဲ့ ဗလာဒီမီယာ ကာရာ မာဇာဟာ မနှစ်ကတည်းက အဖမ်းခံခဲ့ရတာပါ။
ရုရှား စစ်တပ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ ထုတ်ပြန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတော် ဆန့်ကျင်မှု ပုဒ်မတပ်ပြီး သူ ရုံးတင်ခံခဲ့ရတာပါ။
အများက သူ့အမှုဟာ နိုင်ငံရေးအရ ထိုးနှက်ချင်လို့ လုပ်တဲ့အမှုလို့ ဆိုကြပါတယ်။
ရုရှား အရာရှိတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လာဘ်စားမှု တွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံအစိုးရတွေက ပိတ်ဆို့အရေးယူနိုင်အောင် သူက အများကြီး အထောက်အကူပေးခဲ့ပါတယ်။
ယူကရိန်းကို ရုရှားက တိုက်ခိုက်မှုအပေါ်မှာလည်း သူက လူသိရှင်ကြား ရှုတ်ချခဲ့ပါတယ်။
ဗြိတိန်နိုင်ငံသားလည်းဖြစ်၊ ရုရှားနိုင်ငံသားလည်း ဖြစ်တဲ့ ဗလာဒီမီယာ ကာရာမာဇာကို ထောင်ချတဲ့အပေါ် အကျယ်အပြန့်ဝေဖန်နေကြပါတယ်။
ဒါက လူ့အခွင့်အရေးကိုအကြီးမား ချိုးဖောက်တာလို့ ဗြိတိန်က ကရင်မလင်ကို စွပ်စွဲထားပြီး ရုရှား သံအမတ်ကို ဒီအကြောင်းကို ပြောဖို့ ဆင့်ခေါ်ခဲ့ပါတယ်။
ရုရှားဆိုင်ရာ အမေရိကန် သံအမတ်ကလည်း အာဏာပိုင်ကို ဝေဖန်တဲ့သူကို အပြစ်ပေးတာဟာ အားနည်းမှုကို ဖော်ပြတာပဲလို့ ပြောပါတယ်။
ဥရောပသမဂ္ဂကလည်း မစ္စတာ ကာရာမာဇာဟာ သူ့ရဲ့ လူ့အခွင့်အရေး ကို သူ ကျင့်သုံးတာဖြစ်ပြီး သူ့ကို အမြန်ပြန်လွှတ်ဖို့ တေင်းဆိုလိုက်ပါတယ်။








