ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ တောင်းဆို
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁
လက်ရှိမြန်မာ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဆောင်သွားဖို့လိုအပ်တယ် လို့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်ရောက်နေတဲ့ အပစ်ရပ်လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့က သဘောထားထုတ်ပြန်လာပါတယ်။ လက်ရှိမှာ လူထုခေါင်းဆောင်အပါအဝင် မြန်မာ့နိုင်ငံရေးအတွက် အဓိကျသူတွေ ဖမ်းဆီးခံထားရတဲ့အခြေအနေမှာ ဒီဆွေးနွေးပွဲတွေက ဖြစ်လာနိုင်ခြေရှိပါသလား။ အပြည့်အစုံကို ကိုကျော်ဇေယျက ပြောပြပေးသွားမှာပါ။