ထိုင်း မူကြိုကျောင်း တိုက်ခိုက်ခံရမှု သေဆုံးသူ ၃၇ ဦးအထိ မြင့်တက်လာ

အခင်းဖြစ်တဲ့နေရာမှာရောက်နေတဲ့ထိုင်းရဲတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အခင်းဖြစ်တဲ့နေရာမှာရောက်နေတဲ့ထိုင်းရဲတပ်ဖွဲ့ဝင်တွေ
ရေးသားခဲ့သည်။

ထိုင်းနိုင်ငံထဲက မူကြိုကျောင်း နေ့ကလေးထိန်းစင်တာတစ်ခုအတွင်း ရဲအရာရှိဟောင်းတစ်ဦး ပစ်ခတ်မှုကြောင့် ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၃၇ ဦး အထိမြင့်တက်လာတယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း နွန်ဘူရာလမ်ဖူ ဒေသအတွင်း ဖြစ်ပွားတဲ့ဒီတိုက်ခိုက်မှာ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေထဲ အနည်းဆုံး ကလေးငယ် ၂၂ ဦးလည်း ပါဝင်တယ်လို့ ရဲကပြောပါတယ်။ သေနတ်သမားလည်း သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ ဆိုပါတယ်။

သေနတ်သမားဟာ အိမ်ကို ပြန်ပြီး သူ့ကိုယ်သူ မသတ်သေခင် သူ့ဇနီးနဲ့ ကလေးကို သတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

(နောက်ဆက်တွဲထပ်မံသိရတဲ့အချက်အလက်တွေကို ဒီသတင်းမှာ ထပ်မံ ဖြည့်စွက်တင်ပြပေးသွားပါမယ်။)

ဖြစ်စဥ််မြေပုံ

သေနတ်သမားဟာ မူးယစ်ဆေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဇွန်လတုန်းက အလုပ်က အထုတ်ခံခဲ့ရပြီး မနက်ဖြန်မှာ အဲဒီအမှုအတွက် တရားရုံးလာရောက်ရဖို့ရှိတာကြောင့် စိတ်ဖိစီးနေနိုင်တယ်လို့ ရဲက ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ ဒဏ်ရာရသူ ၁၇ ဦးအထိရှိတယ်လို့ မြေပြင်ရောက်သတင်းထောက်တွေက ပြောပါတယ်။

ဒဏ်ရာရသူတွေအားလုံးကိုတော့ ဆေးရုံမှာ ကုသမှုပေးနေပြီး ဆေးရုံဘက်ကလည်း ဒဏ်ရာရသူတွေကို သွင်းပေးဖို့ လိုအပ်တဲ့သွေးတွေကို အလှူခံနေပါတယ်။

သေနတ်သမားဟာ ပစ်ခတ်ပြီးတဲ့နောက် ကလေးတချို့နဲ့ ကျောင်းဝင်းအတွင်းရှိနေသူတွေကို ဓားနဲ့ပါလိုက်ထိုးခဲ့ပြီး အခုအခါ ထွက်ပြေးသွားပြီလို့ ဆိုပါတယ်။

ဘာကြောင့်အခုလိုတိုက်ခိုက်ရတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အလိုရှိ သေနတ်သမားပုံ

ဓာတ်ပုံ ရင်းမြစ်, ထိုင်းဗဟိုစုံစမ်းရေးဗျူရို

ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုမှာ အလိုရှိသူဆိုပြီး ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လာတဲ့သေနတ်သမားပုံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သေနတ်သမားဟာ အသက် ၃၄ နှစ်အရွယ် ပန်ညာခါရပ်ဆိုသူအမျိုးသားဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြောလာပြီး သူဟာ အဖြူရောင် တိုယိုတာပစ်ကပ်ကားနဲ့ အခင်းဖြစ်တဲ့နေရာကနေ မောင်းနှင် ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကတော့ အစိုးရအေဂျင်စီတွေအားလုံးအနေနဲ့ ကျူးလွန်သူကို ဖမ်းမိရေး အမြန်ဆုံးဆောင်ရွက် လမ်းညွှန်ထားတယ်ဆိုပြီး အစိုးရပြောခွင့်ရသူကပြောပါတယ်။

နောက်ဆုံးရရှိတဲ့သတင်းတွေအရ သေဆုံးသူတွေထဲမှာ အသက် အငယ်ဆုံးဆိုရင် ၂ နှစ်အရွယ် ကလေးငယ်အထိပါဝင်တယ်လို့ ရဲတပ်ဖွဲ့ကပြောသလို သေနတ်သမားဟာ သူ့ကိုယ်သူသတ်သေသွားပြီဆိုတဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်တွေကိုလည်း အတည်ပြုထားပါတယ်။

ထိုင်းနိုင်ငံမှာ အရပ်သားတွေ သေနတ်ပိုင်ဆိုင်မှုဟာ ဒေသတွင်းတခြားနိုင်ငံတွေထက်ယှဥ်ရင် ပိုများပေမဲ့ ဒီထဲမှာ တရားမဝင်လက်နက်ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်တဲ့ အချက်အလက် မပါဝင်ပါဘူး။

ထိုင်းနိုင်ငံမှာ အခုလို လူအစုလိုက်အပြုံလိုက် ပစ်ခတ်မှုဟာ ဖြစ်ခဲပေမဲ့ ၂၀၂၀ ခုနှစ်တုန်းကတော့ အိမ်ခြံမြေအငြင်းပွားမှုဖြစ်တဲ့ စစ်သားတစ်ယောက်က နေရာလေးခုမှာ ပစ်ခတ်မှုတွေလုပ်ခဲ့လို့ လူပေါင်း ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။