အာရပ်ခေါင်းဆောင်တချို့ ယူကရိန်းစစ်ပွဲကို မျက်နှာလွှဲနေတယ်လို့ ယူကရိန်းသမ္မတစွပ်စွဲ

G7 ဆွေးနွေးပွဲ မလာမီ အာရပ်အဖွဲ့ချုပ် ညီလာခံကို တက်ခဲ့တဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, G7 ဆွေးနွေးပွဲ မလာမီ အာရပ်အဖွဲ့ချုပ် ညီလာခံကို တက်ခဲ့တဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီး
ရေးသားခဲ့သည်။

ယူကရိန်းသမ္မတ ဇလန်စကီးတစ်ယောက် စက်မှုထိပ်သီး G7 ဆွေးနွေးပွဲတက်ဖို့ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့ကို ပြီးခဲ့တဲ့နာရီပိုင်းကပဲ ရောက်လာပြီဖြစ်ပါတယ်။

သမ္မတ ဇလန်စကီးဟာ ဟီရိုရှီးမားကို မလာခင် ဆော်ဒီအာရေးဗျနိုင်ငံမှာပြုလုပ်တဲ့ အာရပ်နိုင်ငံများအဖွဲ့ချုပ် ညီလာခံကို တက်ရောက်ခဲ့သလို အာရပ်နိုင်ငံ့ခေါင်းဆောင်အချို့ဟာ ယူကရိန်း-ရုရှားစစ်ပွဲကို မျက်နှာလွှဲ၊ မသိကျိုးကျွံပြုနေကြတယ်လို့ စွပ်စွဲပြောဆိုပါတယ်။

ယူကရိန်းအမျိုးသားလုံခြုံရေးအဖွဲ့ အတွင်းဝန်ကတော့ သမ္မတ ဇလန်စကီးရဲ့ ဂျပန်ခရီးစဥ်ဟာ ‘’ နိုင်ငံ့အကျိုးစီးပွားကို ကာကွယ်ဖို့ အရေးအပါဆုံးခရီးစဥ်’’လို့ ဆိုပြီးပြောထားပါတယ်။

အဲဒီလိုပြောကြားပြီးနောက်မှာပဲ သမ္မတ ဇလန်စကီးဟာ ပြင်သစ်အစိုးရလေယာဥ်နဲ့ ဟီရိုရှီးမားမြို့ ကိုရောက်လာတာပါ။

ယူကရိန်းရဲ့ လက်တွဲဖော် မိတ်ဆွေတွေနဲ့ အရေးပါတဲ့ အစည်းအဝေးကို တက်မယ်လို့ မစ္စတာ ဇလန်စကီးက ဂျပန်ကို ရောက်တဲ့ အချိန် တွစ်တာမှာ ရေးပါတယ်။

အောင်ပွဲအတွက် ပိုမို လက်တွဲဆောင်ရွက်ဖို့နဲ့ လုံခြုံရေး ဆွေးနွေးမှုတွေ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

ဟီရိုရှီးမားမြို့ကို ရောက်လာတဲ့ ယူကရိန်းသမ္မတ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟီရိုရှီးမားမြို့ကို ရောက်လာတဲ့ ယူကရိန်းသမ္မတ

ဆွေးနွေးပွဲကို သမ္မတကိုယ်တိုင်တက်ရောက်နေတဲ့ G7 အဖွဲ့ဝင် အမေရိကန်နိုင်ငံကလည်း ယူကရိန်းကို စစ်ရေးအကူအညီတိုးပေးတဲ့အနေနဲ့ F-16 တိုက်ခိုက်ရေးလေယာဥ်တွေအပါအဝင် တိုက်လေယာဥ်တွေကို မဟာမိတ်တွေနဲ့အတူ ပေးအပ်သွားမယ်လို့ ကြေညာထားပါတယ်။

သမ္မတ ဇလန်စကီးရဲ့ ဂျပန်ခရီးစဥ်ဟာ အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်မယ်၊ မတက်ရောက်ဘူးဆိုတဲ့မရေရာတဲ့ အခြေအနေတွေအောက်မှာ ထွက်ပေါ်လာတာဖြစ်လို့ လူအများစိတ်ဝင်စားမှုရှိနေတယ်လို့ ဟီးရိုးရှီးမားမြို့ကိုရောက်နေတဲ့ဘီဘီစီသတင်းထောက်က ပြောပါတယ်။

G7 ကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နိုင်ငံတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပေမဲ့ ဒီနှစ်မှာတော့ သြစတြေးလျ၊ အိန္ဒိယ၊ ဘရာဇီး၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့အပြင် အာဖရိကသမဂ္ဂကိုယ်စားပြု ကိုမိုရော့စ်နဲ့ ပစိဖိတ်ကျွန်းနိုင်ငံများအဖွဲ့ ကိုယ်စားပြု ကွခ် အိုင်လန့်စ် တို့ကိုပါ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

ဇယ်လန်းစကီး

ဓာတ်ပုံ ရင်းမြစ်, Reuters

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန်လုပ် အက်ဖ်-၁၆ တိုက်လေယာဉ်တွေ အသုံးပြုနိုင်ဖို့ ယူကရိန်း လေယာဉ်မှူးတွေကို သင်တန်းပေးဖို့ အမေရိကန်က အတည်ပြုလိုက်ပြီးတဲ့နောက် မစ္စတာ ဇလန်စကီးက ဂျပန်ကို ရောက်လာတာ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန်က မစ္စတာ ဘိုင်ဒန်က သမ္မတ ဇလန်းစကီးနဲ့တွေ့ဆုံပြီး ရုရှားရဲ့ ကျူးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းကို ဆက်လက် ထောက်ပံ့ပေးဖို့ တွေ့ဆုံဖွယ်ရှိတယ်လို့ ဟီရိုရှီးမားမှာ သတင်းထောက်တွေကို ပြောပါတယ်။

"သမ္မတ ဘိုင်ဒန်က သူနဲ့ တွေ့ဖို့ ရှိပေမဲ့ တရားဝင် ကြေညာဖို့ မရှိသေးပါဘူး၊ သမ္မတ ဇလန်စကီးနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံ စကားပြောရမယ့် အခွင့်အရေးကို သမ္မတက စောင့်နေတာ ဖြစ်ပါတယ် " လို့ သူက ပြောပါတယ်။

ဒါဟာ နယ်သာလန်၊ ဘယ်လ်ဂျီယံနဲ့ ဒိန်းမတ်တွေကလည်း ယူကရိန်းကို သူတို့ ပိုင်တဲ့ လေယာဉ်တွေ ယူကရိန်းကို ပေးပို့ဖို့ လမ်းခင်းပေးလိုက်တာ ဖြစ်ပါတယ်။

ဒီ ဂျီ ၇ ခေါင်းဆောင်တွေက ဉာဏ်ရည်တု (အေအိုင်)နဲ့ ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီမိုကရေစီ စံတန်ဖိုးတွေနဲ့ အညီ စိတ်ချယုံကြည်ရတဲ့ အေအိုင်ဖြစ်ဖို့ စံနှုန်းတွေ သတ်မှတ်ဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် ဉာဏဆိုင်ရာ မူပိုင်ခွင့် သတင်းမှားတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့လည်း ဝန်ကြီး အဆင့် ဖိုရမ်တခုကိုလည်း လုပ်ဆေင်ဖို့ ရှိနေပါတယ်။ ဒီအစည်းအဝေးမှာ တက်ရောက်နေတဲ့ ဉရောပ သမဂ္ဂကလည်း ပြီးပြည့်စုံတဲ့ ပထမဆုံး အေအိုင် ဉပဒေကို ပြဌာန်းဖို့ လုပ်ဆောင်နေပါတယ်။