ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ် ပါတီကြီးရဲ့ ခေါင်းဆောင် သေဒဏ်အယူခံရှုံး

ဓာတ်ပုံ ရင်းမြစ်, BBC Bangla
ရေးသားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အကြီးဆုံး အစ္စလမ်မစ် ပါတီခေါင်းဆောင်ကို သေဒဏ်ချမှတ်ထားတဲ့ အမိန့်အတွက် နောက်ဆုံးအယူခံတင်သွင်းရာမှာ ရှုံးနိမ့်သွားပါတယ်။ J
Jamaat-e-Islamiပါတီခေါင်းဆောင် Motiur Rahman Nizami အပေါ်သေဒဏ်ချမှတ်ထားတာကို တရားရုံးချုပ်က ဆက်အတည်ပြုခဲ့ပါတယ်။
သူ့ကိုလွန်ခဲ့တဲ့ ၄၅နှစ်က ပါကစ္စတန်နိုင်ငံ လက်အောက်က လွတ်လပ်ရေးတိုက်ပွဲတွေအတွင်း အပစ်ကျူးလွန်မှုတွေအတွက် အပစ်ပေးခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ တနင်္ဂနွေနေ့ကျရင် တနိုင်ငံလုံး သပိတ်မှောက်ကြဖို့Jamaat-e-Islami ပါတီက ဆော်သြလိုက်ပါတယ်။




