ညောင်တုန်းကျွန်းတာ ကျိုးပေါက်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရ
ညောင်တုန်းကျွန်းတာ ကျိုးပေါက်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရ
ရေးသားခဲ့သည်။
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ထဲက ညောင်တုန်းကျွန်းတာ ရေတိုက်စားခံရပြီး ကျိုးပေါက်တော့မဲ့အခြေအနေနဲ့ ကြုံနေရတာကြောင့် တာပေါင်ထိန်းသိမ်းဆည်ဖို့တဲ့ လုပ်ငန်းတွေကို အရေးပေါ် လုပ်နေကြရပါတယ်။ လက်ရှိ တာပေါင်ရဲ့ အရှည်ပေ ၃၀၀ ခန့်မှာ သုံးပုံနှစ်ပုံခန့်ပြိုပျက်သွားတာကြောင့် အရန်တာဖို့တာတွေ လုပ်နေရပါတယ်။ အဲဒီတာပေါက်သွားရင် ဧရာဝတီတိုင်းထဲက မြို့တချို့နဲ့ကျေးရွာတွေအပြင် ရန်ကုန်တိုင်းထဲက လှိုင်သာယာမြို့နယ်ထိ ရေဝင်ရောက်မှု ရှိလာနိုင်တယ်လို့ ခန်းမှန်းမှုတွေရှိနေပါတယ်။ ဒီလိုခန့်မှန်းမှုတွေက ဖြစ်လာနိုင်ခြေရှိပါသလား။ လက်ရှိတာ အခြေအနေဘယ်လိုရှိပါသလဲ။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပေးပါမယ်။



