ဆန္ဒပြသူကို ပစ်သတ်ခဲ့တဲ့ အီဂျစ်ရဲကို ထောင်ဒဏ်ချမှတ်

ဓာတ်ပုံ ရင်းမြစ်, epa
အီဂျစ် နိုင်ငံ မှာ လက်နက် မဲ့ အမျိုးသမီး ဆန္ဒပြသူ ကို ပစ်သတ်ခဲ့ တဲ့ ရဲ ဟာ ထောင်ဒဏ် ၁၅ နှစ် ချမှတ် ခံလိုက် ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ လ တုန်းက ကိုင်ရို မြို့ မှာ ငြိမ်းငြိမ်း ချမ်းချမ်း ပြုလုပ် ခဲ့တဲ့ စုရုံး လှည့်လည် ပွဲ တစ်ခု မှာ Shaimaa al-Sabbagh ဆိုတဲ့ အမျိုးသမီး ဟာ အဲဒီ့ ရဲ ရဲ့ အနီးကပ် ပစ်ခတ် တဲ့ ကျ်သင့်ပြီး သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။
ဆန္ဒပြ ချီတက် ဖော် ချီတက်ဖက် တစ်ဦးရဲ့ လက်ထဲ သွေး အလိမ်းလိမ်း နဲ့ ဖြစ်နေတဲ့ Shaimaa al-Sabbagh ရဲ့ ဓာတ်ပုံ တွေ ဟာ အင်တာနက် ကနေ တဆင့် အလွန် ပြန့်နှံ့ ခဲ့ ပြီး နိုင်ငံတကာ ရဲ့ ဒေါသတကြီး ဝေဖန် ပစ်တင် မှု တွေ ဖြစ်ပေါ် လာစေ ခဲ့ ပါတယ်။
Shaimaa al-Sabbagh သေဆုံးမှု ဟာ အီဂျစ် နိုင်ငံ မှာ နိုင်ငံရေး အတိုက်အခံ တွေ အပေါ် အာဏာပိုင် တွေ က ရက်စက် ကြမ်းကြုမ်း စွာ ပြုမူ နေတာ တွေ ကို သင်္ကေတ ပြု ထင်ဟပ် ပေးစေ ခဲ့ ပြီး၊ အခု အဲဒီ့ ပုံရိပ် ကို ပယ်ဖျက် နိုင် အောင် အီဂျစ် အာဏာပိုင် တွေ လုပ် ဆောင် လာတာ ဖြစ် တယ် လို့ သတင်းထောက် တွေ က ဆိုပါတယ်။




