မြေထဲပင်လယ်ကို ဖြတ်ကျော်သူတွေ တစ်ပတ်အတွင်း သောင်းချီရှိ

ဓာတ်ပုံ ရင်းမြစ်, EPA
ဥရောပ ကို ပြောင်းရွှေ့ ဝင်ရောက် ဖို့ မြေထဲပင်လယ် အား အသက်နဲ့ ရင်းပြီး ကျော်ဖြတ် ကြသူ တွေ ကို ကယ်တင် ထားရတဲ့ အရေ အတွက် ဟာ ပြီးခဲ့တဲ့ သီတင်းပတ် ထဲ မှာတင် ၁ သောင်း နီးပါး ရှိ တယ် လို့ အီတလီ ကမ်းစောင့်တပ် က ပြောပါ တယ်။
မနေ့ ကလည်း လူ ၉၀၀ ကို ကယ်ခဲ့ရပါတယ်။
အာဖရိက ကနေ ဥရောပ ဆီကို ပင်လယ် ရေလမ်း ကနေ ဝင်ရောက် ဖို့ ကြိုးစား တဲ့ အခါ လှေမှောက် တာ မျိုး လို အဖြစ်ဆိုး တွေ ကြုံ ရတဲ့ အတွက် လူ့ အသက် တွေ ဆုံးရှုံး ရတာ မှာ၊ အခု နောက်ဆုံး အဖြစ်အပျက် မှာ လူ ၄၀ ရေနစ် သေဆုံး ခဲ့ရပြန် ပါတယ်။
ဒီလို ဝင်ရောက် လာကြသူ တွေ ထဲက အိုင်ဗရီကို့စ်၊ မာလီ နဲ့ ဆီနီဂေါ နိုင်ငံ တွေ က လာတဲ့ မွတ်ဆလင် တချို့ ကိုတော့ အီတလီ ရဲတွေ က ဖမ်းဆီး လိုက် ပါတယ်။
အလာ ခရီးတုန်းက လှေပေါ် မှာ ဘာသာရေး ကိစ္စ နဲ့ အချင်းများ ပြီး ခိုက်ရန် ဖြစ်ပွား ခဲ့ရာ က နိုင်ဂျီးရီးယား နဲ့ ဂါနာ က ခရစ်ယန် တွေ ကို ပင်လယ်ထဲ ပစ်ချ ခဲ့တယ် လို့ စွပ်စွဲ ခံရ လို့ ဖြစ် ပါတယ်။




