ရုရှားအပေါ် အရေးယူဖို့ G7 နိုင်ငံတွေ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, AP
အမေရိကန် သမ္မတ အိုဘားမားဟာ နယ်သာလန် နိုင်ငံကို ရောက်ရှိနေပြီး ခရိုင်မီးယားအရေးနဲ့ ပတ်သက်လို့ ရုရှားအပေါ် ဘယ်လို အရေးယူ ဆောင်ရွက်မှုတွေ လုပ်ရမလဲ ဆိုတာကို ကျန် စက်မှုထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနေပါတယ်။
အခု လက်ရှိ ယူကရိန်း အစိုးရနဲ့ ပြည်သူတွေကို ထောက်ခံတဲ့နေရာမှာ ဥရောပနဲ့ အမေရိကန်ဟာ တစ်သဘောတည်း ဖြစ်တယ်လို့ မစ္စတာ အိုဘားမားက အိမ်ရှင် နယ်သာလန် ဝန်ကြီးချူပ်နဲ့ တွေ့ဆုံအပြီးမှာ ပြောခဲ့ပါတယ်။
အဲ့ဒါအပြင် ရုရှား ကျူးလွန်ခဲ့တဲ့ အပြုအမူတွေကြောင့် ရုရှားရဲ့ စီးပွားရေး ထိခိုက်ရလိမ့်မယ် လို့လည်း ဆိုခဲ့ပါတယ်။
အမေရိကန် အစိုးရက ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့ နောက်ပိုင်း ပထမဦးဆုံး အကြိမ်အဖြစ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် တို့လည်း သီးခြား တွေ့ဆုံခဲ့ကြ ပါသေးတယ်။




