မြန်မာ စပါးကြီး မြွေတွေရဲ့ မှတ်ဉာဏ်

burmese python

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, လူနေအိမ်ထဲက ဖမ်းမိတဲ့ စပါးအုံး
ရေးသားခဲ့သည်။

ဖလော်ရီဒါ ပြည်နယ်မှာ ရှင်သန် ပေါက်ဖွား နေတဲ့ မြန်မာ စပါးကြီး ခေါ် စပါးအုံး မြွေကြီး တွေဟာ မွေးရပ်ကို ခင်တွယ် တဲ့ စိတ်ရှိတယ်လို့ သုတေသီတွေက မကြာခင်က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

The Royal Society journal Biology Letters ပါ ဆောင်းပါး တပုဒ် အရ ပင်လယ် လိပ်ကြီးတွေနဲ့ အလားတူ မြန်မာ စပါးကြီး မြွေကြီးတွေဟာလည်း နေရပ်ရင်း ပြန်နိုင်တဲ့ မှတ်ဉာဏ် စွမ်းအား ရှိတယ်လို့ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တောင်စွန်းက ပူနွေးတဲ့ ဖလော်ရီဒါ ပြည်နယ်မှာ ပေါက်ပွား ပေါများ နေတဲ့ မြန်မာ မြွေကြီး တွေကို ဖမ်းမိလို့ တနေရာမှာ သွားလွှတ် ပေးလိုက်ရင်လည်း သူတို့မူလ လာတဲ့အရပ်ကို မိုင်အတော် ဝေးတဲ့ထိ ပြန်သွား နိုင်တယ်လို့ တွေ့ရှိ ခဲ့တာပါ။