ယူဂန်ဒါမှာ လိင်တူနှစ်သက်သူ ဆန့်ကျင်တဲ့ဥပဒေ ထုတ်

ဓာတ်ပုံ ရင်းမြစ်, AP
ရေးသားခဲ့သည်။
ယူဂန်ဒါနိုင်ငံမှာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ လိင်တူစုံမက် နှစ်သက်သူတွေကို ဆန့်ကျင်တဲ့ ဥပဒေသစ် တခုကို သမ္မတ ယိုဝယ်ရီ မူဆဗနီက အတည်ပြု လိုက်ပါတယ်။
သမ္မတက သတင်းထောက်တွေနဲ့ အစိုးရ ဝန်ကြီးတွေ ရှေ့မှောက်မှာ ဒီဥပေဒသစ်ကို လက်မှတ် ရေးထိုးရာမှာ ဝန်ကြီးတွေက သြဘာပေးခဲ့ကြပါတယ်။
လိင်တူချင်း ချစ်ခင်စုံမက်တဲ့ ကိစ္စတွေဟာ စိတ်ကြီးဝင်နေတဲ့ အနောက်နိုင်ငံတွေက မြောက်ပေးနေတဲ့ ကိစ္စတွေ ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။
သမ္မတ အိုဘားမာကတော့ အခုလို လိင်တူ ချစ်သူတွေကို ဆန့်ကျင်တဲ့ ဥပဒေကြောင့် အမေရိကန်နဲ့ ယူဂန်ဒါ ဆက်ဆံရေးကို ရှုပ်ထွေးစေလိမ့်မယ်လို့ ပြောပါတယ်။
ယူဂန်ဒါရဲ့ ဒီ ဥပေဒသစ် အရ လိင်တူ ဆက်ဆံမှုအတွက် ပထမအကြိမ် အပြစ် ပေးခံရသူဟာ ထောင်ဒဏ် ၁၄ နှစ် ကျခံရမှာ ဖြစ်ပါတယ်။ ဒီထက် ပိုမို ဆိုးရွားလာရင်တော့ ထောင်ဒဏ် တစ်သက် ကျခံရမှာ ဖြစ်ပါတယ်။




