ကနေဒါ မိုတယ်မှာ စပါးကြီးမြွေ အကောင် ၄၀ တွေ့ရှိ

ရေးသားခဲ့သည်။
ကနေဒါနိုင်ငံက မိုတယ် အခန်း တခုမှာ ပလက်စတစ် ထည့်တဲ့ ပုံးထဲ ကနေ စပါးကြီးမြွေ အကောင် ၄၀ ကို တွေ့ရှိရပါတယ်။
နိုင်ငံ တခြား ဒေသ ဘက်မှာ စပါးကြီးမြွေ တကောင် ကနေ ကလေး နှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး နောက် ၂ ရက်အကြာမှာ ပဲ အခုလို စပါးကြီးမြွေ အများ အပြားကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အွန်တာရီယို က ဘရန်တ်ဖို့ဒ် မြို့မှာ အခုလို မြွေတွေတွေကို တွေ့ရှိခဲ့တာ ဖြစ်ပြီး အဲဒီအထဲက တချို့အကောင်တွေဟာ တမီတာ ကျော် ရှည်တယ်လို့ ရဲက ပြောပါတယ်။
နောက်ပိုင်းမှာတော့ ဒီမြွေတွေကို တိရိစာန်ငြင်းဆဲမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်း သူတွေ ကနေ ယူသွားကြပါတယ်။
ပြီးခဲ့တဲ့ အပတ်က စပါးကြီး မြွေကြီးတကောင်ဟာ သူ့ကို ထည့်ထားတဲ့ လှောင်အိမ်ထဲ ကနေ လွတ်လာပြီး အိပ်ခန်း ထဲဝင်ကာ အသက် ၆ နှစ်နဲ့ ၄ နှစ်အရွယ် ညီအကို နှစ်ဦးကို ညှစ်သတ်ခဲ့ပါတယ်။




